ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Friday, March 30, 2012

ကမ္ဘာကြီးနဲ့ လူသားများ


ကမ္ဘာကြီးနဲ့လူသားများ
ဒီကမ္ဘာကြီးပေါ်မှာ
ရှင်သန်နေတဲ့ သက်ရှိအားလုံးထဲမှာ
``လူသား`` ဟာ အသိဥာဏ်အရှိဆုံးဘဲ

ဒါပေမယ့်
ဒီကမ္ဘာကြီးအတွက်
အန္တရာယ်အရှိဆုံးသက်ရှိဟာလဲ
အဲဒီ``လူသား``ပဲ

``လူသား``တွေဟာ
တန်ဘိုးရှိတဲ့ အသိဥာဏ်ကို တလွဲအသုံးချ
လောဘ ၊ ဒေါသ ၊မာန်မာန တွေနဲ့
မျှတ တဲ့သူတော်ကောင်းတရားတွေ ပျက်ပြီး
ညှာတာမှုတွေ ကင်း
``ဘယ်သူသေသေ ငတေမာရင်ပြီးရော``စိတ်တွေထား
``ဘ နှဖူး  သိုက်တူး``ကြတာမို့
ချမ်းသာတဲ့ လူတွေကလည်း အရမ်းကိုလျှံပယ်
ငတ်နေတဲ့ သူတွေကိုလည်း ပြန်မငဲ့ကွက်
ဒီလိုသာ ဆက်ဖြစ်နေရင်
သဘာဝရဲ့ နိယာမကို သွေဖယ်
ဒုက္ခတွေ ပင်လယ်ဝေမယ့်တစ်နေ့
ဒို့လူသားတွေ တွေ့ကြရဦးမှာ
တွေးမိရင်းတောင်  လန့်မိပါကြောင်း။







။။။။။။။။။။။။ကိုစိုးနိုင်။။။။။။
။။။။။

No comments:

Post a Comment