ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, March 24, 2012

ဂေဟ(ကဗျာ)


ဂေဟ ပျက်မယ့်နေ့


ပန်းကလေးတွေ မွှေးပျံ့တာ
လိပ်ပြာလေးတွေကို မြူဆွယ်ဖို့ပါတဲ့။

ရောင်စုံပွင့်ဖတ်ကလေးတွေရဲ့
ညို့ယူဆွဲဆောင်မှုကြောင့်လား
ဝတ်မှုံတွေစားသုံးရင်း
ပျား ၊ ပိတုန်း ၊ လိပ်ပြာအလေးတွေ ကျေးဇူးပြန်ဆပ်ကြတာက
သူတို့တွေ အောင်သွယ်ကောင်းကြလို့
ပန်ခင်းကြီးတောင် ပိုလှလို့နေပေါ့။

အသိဥာဏ်နည်းတဲ့
ပျား ၊ ပိတုန်း လေးတွေတောင်
ဝတ်မှုံတွေစားသုံးရင်း
ပါတ်ဝန်းကျင် သဘာဝလောကကြီးကို
တဖက်တလမ်းက
သူတို့ တတ်စွမ်းသလို ကူညီကြ  တယ်။

အသိဥာဏ် ရှိတဲ့
ငါတို့လူသားတွေကြတော့
လောဘရဲ့ကျေးကျွန်
ပတ်ဝန်းကျင်ကို လျစ်လျှူရှု့
ကိုယ့်တစ်ခုတည်းစဉ်းစား
သဘာဝ ပတ်ဝန်းကျင် ပျက်ပြားနေလည်း
အစားမပျက် အပြုံးဆင်
လိုဘတွေ မဆင်ခြင်ဘဲ
ဂေဟ ပျက်တဲ့တစ်နေ့
နောင်တတွေ ပွေ့လျှက်ရှိမှာ
မြင်မိပါရဲ့။

။။။။။။။။။။။။။။။ကိုစိုးနိုင်။။။။။။။။။။။။။။

No comments:

Post a Comment