ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, March 31, 2012

ဝန်ခံချက်(ကဗျာ)



ဝန်ခံချက်

ကဗျာတစ်ပုဒ် ဟာ
စက်ရုံက ထုတ်တာမဟုတ်ဘူး
ဖောမြူလာတွေနဲ့ ပေါင်းစပ်
ကော်ဖီတစ်ခွက်လည်း မဟုတ်ဘူး
ကဗျာ ဆရာရဲ့ နှလုံးသားက
ခံစားပြီး စီးထွက်
သံစဉ်လှိုင်း ကွန်ယက်နဲ့
ခံစားချက် တူသူတွေရဲ့ နှလုံးသား
ဖောက်ထွက်ပြီး သွားတတ်တာ
သူ့ပါဝါ ပါဘဲ။
ခံစားမှု ကဗျာ တစ်ပုဒ်ဟာ
သီးသန့် မှတ်ပုံတင်စရာမလိုဘူး
အနုပညာ သမားဆိုတာ
လောဘ-  ဒေါသ  -  မောဟ
နည်းနိုင်သမျှ နည်းမှ
သူဖန်တီးတဲ့  အနုပညာ
အသက်ဝင်မှာပေါ့။

ဒီယုံကြည်ချက်ကြောင့်လည်း
အနုပညာ ရပ်ဝန်းရဲ့ ဘေးဘက်
ငါ   ထွက်ထွက်ပြီး ထိုင်နေတာ
ငါ့ကိုယ်ငါ  သိတယ်။။

No comments:

Post a Comment