ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Thursday, March 29, 2012

ပေါက်ကရပုံပြင်(၉)


၂။အအို အအို အပျို

အဆောင်အတူနေတဲ့ အမျိုးသမီး သူငယ်ချင်းသုံးယောက် ဟာကုမဏီ တခုမှာ အလုပ်အတူတူလုပ်ကြတယ်။

သူတို့အလုပ်နဲ့ ကပ်လျှက် မှ ကြက်တူရွေး ရောင်းတဲ့ဆိုင်တစ်ဆိုင်မှာ တစ်ကောင်ဟာ လူစကားတော်တော်ပြောတတ်တယ်..  အမျိုသမီး ၃ ယောက် ဖြတ်လျှောက်သွားတိုင်း ကြက်တူရွေးက တခုခု လှမ်းလှမ်းအော်တတ်တယ်...

ကြက်တူရွေး။    ။""အဖြူ - အပြာ- အ၀ါ ......."" လို့လှမ်းအော်တယ် အမျိုးသမီး၃ ယောက် သိပ်ပြီးသတိမထားမိခဲ့ဘူး..
နောက်တရက်

ကြက်တူရွေး။    ။""အနီ အနက် အပြာ"" လို့ လှမ်းအော်တယ်..

အမျိုးသမီး ၃ ယောက် နဲနဲသတိထားမိသွားတယ်...နင်ရဲ့အောက်ခံဘောင်းဘီ ဘာရောင်လဲပေါ့..တယောက်က
ငါက အနီ...ငါက အနက်..ငါက အပြာ........

ဟယ် ..ကြက်တူရွေးက ငါတို့ဝတ်ထားတာကို လှမ်းမြင်ရလို့လား ...

သူတို့ မယုံနိုင်ဘူးဖြစ်နေတယ်...ဒါနဲ့တိုင်ပင်လိုက်တယ်..ငါတို့ တစ်ရောင်ထဲ ၀တ်ကြည့်ရအောင်..ပေါ့...
နောက်တစ်ရက်

ကြက်တူရွေး ။    ။ ""အနက် အနက် အနက်"" လို့လှမ်းအော်တယ်..

အမျိုးသမီး ၃ ယောက်တော်တော်လေး အံသြသွားတယ်...သူတကယ်သိတာလားပေါ့....

ဒါနဲ့ တစ်ယောက်က တိုင်ပင်တယ် ငါတို့ မနက်ဖြန် ဘာမှမ၀တ်ဘဲ လာကြမယ်..ကြည့်ကြသေးတာပေါ့
ကြက်တူရွေးရယ်လို့ ကြိမ်းဝါးလိုက်တယ်...နောက်တစ်ရက် အမျိုးသမီး ၃ယောက် ဖြတ်လျှောက်လာရင်း
ဆိုင်ရှေ့ရောက်တော့ ကြက်တူရွေးကိုတောင် ပြုံးပြုံးလေး လှမ်းကြည့်လိုက်ကြတယ်...

ကြက်တူရွေး။    ။အမျိုးသမီး၃ ယောက်ကိုကြည့်ပြီး ခေါင်းခါလိုက်တယ်..စဉ်းစားရကြပ်တဲ့ပုံစံနဲ့...

နောက်ဆုံးတော့.............""အအို"" ""အအို"" ""အပျို"" လို့လှမ်းအော်လိုက်တယ်.............




No comments:

Post a Comment