ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Thursday, March 29, 2012

ဂုဏ်ရည်မတူ(ကဗျာ)


 


ဂုဏ်ရည်မတူ
 
မင်းဟာ
လန်းစွင့်တဲ့  ပန်းတစ်ပွင့်ဆိုပါတော့
ငါ  မနမ်းရှိုက်ပါရစေနဲ့
မင်းကြွေသွားမှာ စိုးလို့ပါ။

မင်းဟာ

တောက်ပတဲ့ ကြယ်ကလေးတစ်ပွင့်ဆိုရင်
ငါ မဆွတ်လှမ်းပါရစေနဲ့
မင်းညစ်နွမ်းသွားမှာ စိုးလို့ပါ။

မင်းဟာ

အသံသာပြီး လှပတဲ့ ငှက်ကလေးတစ်ကောင်ဖြစ်ရင်
ငါ့ရဲ့ ပင်အိုပေါ်မှာ မနားပါနဲ့
မလိုက်ဖက်လို့ စိတ်ပင်ပန်း
မင်းသိက္ခာတွေ နွမ်းမှာ စိုးလို့ပါ။

ချစ်သူရေ--

ကမ္ဘာလောကကြီး တစ်ခုလုံး
မီးဟုန်းဟုန်းတောက်ခဲ့ရင်တော့
မင်းဘဝကို လွှမ်းခြုံ ကာကွယ်ဖို့
ငါ ပြေးလို့လာခဲ့မယ်

ခုတော့

ဂုဏ်ပကာသန မတူတဲ့
ငါ့လိုလူကို
ဥပေက္ခာမေ့ဆေး
ခဏလောက် ပေးထားပါကွယ်။




written  by  ko soe naing

No comments:

Post a Comment