ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Thursday, March 22, 2012

နွံ(ကဗျာ)


နွံ

နှစ်ပေါင်း ၆၀ ကျော်ကြာအောင်

စွဲကပ်လာတဲ့ နာတာရှည်ရောဂါ

နေ့ချင်း ညချင်း ပျောက်ကင်းပြီး နလန်ထဖို့ဆိုတာ--

စိတ်ကူးယဉ်လို့ပဲ  ရမယ်။


ဟုတ်တယ်--

လွတ်လပ်ရေး ရပြီးကတည်းက

သန့်ရှင်းတဲ့အစိုးရ

ဘယ်တုန်းက ရှိလို့လဲ--


လွတ်လပ်ရေးရပြီးကတည်းက

အရည်အချင်းရှိတဲ့အစိုးရ

ဘယ်တုန်းကရှိလို့လဲ--


အတ္တကို ရှေ့တန်းတင်

ငါ့ဆွေ ၊ ငါ့မျိုး

ငါ့ကို ကိုးကွယ်တဲ့သူတွေကိုယ်ပဲ

စားပေါက်တွေ ဖန်တီးပေးကြ။

ပုလင်းတူ ဗူးဆို့အထာနဲ့

ဆွေစဉ်မျိုးဆက်တောင်

လက်တို့ပြီး  နေရာပေးနေတော့

တိုင်းပြည် ဘယ်လိုလုပ်တိုးတတ်မှာလဲ။


လွမ်းမိတယ်ဗျာ--

ကျုပ်တို့ ဗိုလ်ချုပ်သာ အသေမစောခဲ့ရင်ပေါ့။


ဘယ်လိုလုပ်မှာလဲ

ဒီပုံ  ဒီစခန်း

ဒီလိုသာ မြန်းနေရင်

နောက်ထပ် နှစ်ပေါင်းတစ်ရာ

(အသက်ရှင်ခွင့်ရရင်)

စောင့်ကြည့်ချင်သေးရဲ့။


ငါတို့တိုင်းပြည်မှာ

အရည်အချင်းရှိတဲ့ လူတွေ အများကြီးပါပဲ။

ဒါပေမယ့်

လူမှန် နေရာမှန် မဖြစ်သေးသမျှ

ဆင်းရဲမွဲတေမှုနဲ့

နပန်းလုံးနေရ ဦးမှာပဲ။        ။


Written  by  ko  soe  naing

No comments:

Post a Comment