ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Tuesday, January 15, 2013

သဘာဝရဲ့ကောင်မလေး

 
"သဘာဝရဲ့ကောင်မလေး"



တကယ်တော့ ငါဟာ...
အစွန်းရောက်လောက်အောင်လဲ မကြီးကျယ်ဘူး
အစွမ်းထက်လှတဲ့ စူပါဟီးရိုးကြီးလဲမဟုတ်ဘူး
မတူညီတဲ့စရိုက်တွေနဲ့ တစ်ခါတစ်ရံ များစွာ
ပေါင်းစပ်ထားတဲ့ ကဗျာဖွဲ့တဲ့ကောင်မလေးပါ
အားလပ်ရက်နေ့လည်တွေဆို
ကောင်းကင်ကြီးကိုနေ့ဝက်နီးပါးထိုင်ကြည့်ဖြစ်တယ်
ရွေ့လျားတိမ်နဲ့ အမြင့်ပျံငှက်  ငါ့ရဲ့မိတ်ဖက်တွေဘဲပေါ့
သဘာဝကိုနှစ်သက်တဲ့ငါ.......
ဲခြံထဲမှာကြွေကျတဲ့  ရွက်ကြွေအချို့ နဲ့  စကားပြောတယ်
သူတို့ခေါင်းပေါ် ဒုတ်နဲ့ခြစ်လို့ ငါစာရေးတောင်  စိတ်မဆိုးဘူး
ခြံထဲက ဖြတ်စီးပြီးစပါးခင်းဆီသွားတဲ့  စမ်းချောင်းလေး
ငါမေးတိုင်းစကားတွေ ပြန်ဖြေပေးတယ်
နှင်းစ ဆိုတဲ့ မြက်ခင်းပေါ်မှာ  ဖိနပ်မပါဘဲ ဖြတ်နင်းလို့
ငါ့ရဲ့သူငယ်ချင်းတွေ အဖြစ် သူတို့ အနစ်နာ ခံယူတယ်
လသာ ပြီး နှင်းကျတဲ့ ည  မြင်ရတဲ့ သဘာဝအတွေ့ကို
 ငါစွဲလမ်းတယ်
ခြံထဲမှာ ထိုင်ငေးနေပေမယ့်
ငါ့  စိတ်က  အဝေးရောက်သွားတယ်
လူတွေစိတ်ကြောင့်ဖြစ်တဲ့
 ပျော်ရွှင်    ဆင်းရဲ
ဝမ်းနည်း    ချမ်းသာ
နောက်တော့
သဘာဝရဲ့ ရှုခင်းအောက်မှာ
ပျောက်ကွယ်သွားကြတာပါဘဲ
ဟော !  ခြံစည်းရိုးဆီက ညမွှေးပန်း ရနံ့လေးရပြီ
အိမ် ပေါ်ပြန်တက်ဖို့အချက်ပေးနေပြီပေါ
ဘယ်လောက်ဘဲဟောင်းဟောင်း
သဘာဝတွေနဲ့  ထာဝရကောင်းတဲ့
အေးမြနှင်း   ရိပ်ငြိမ်လေးကနေ
မနှင်းဆီ တစ်သက် ဘယ်ရင်ခွင်မှ
ခရီးမထွက် ချင်ဘူး   တကယ်!!!

( သဘာဝကိုချစ်တဲ့ မနှင်းဆီ)




No comments:

Post a Comment