ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, January 12, 2013

ညှိနှိုင်းတိုင်ပင်ခြင်း

 
ညိုနိုင်းတိုင်ပင်ခြင်း

မိသားစုတစ်စုမှာ (၈)နှစ်အရွယ် သားငယ်လေးတစ်ယောက် ၇ှိပါတယ်။ တစ်နေ့ကျတော့ ဒီသားငယ်လေးဟာ ကျောင်းစာမေးပွဲမှာဆုရတယ်။ သူဆုယူရမယ့်အကြောင်းကို သူ့ရဲ့အမေ ရယ် အဒေါ်ရယ် အဖွားရယ်ကို ပြောပြလိုက်တယ်။ ဒါကြောင့် ဆုယူရမယ့် နေ့မတိုင်ခင်မှာ သားငယ်လေးအတွက် သူ့အမေဟာ ဆုယူဝတ်စုံတစ်စုံကို ၀ယ်လာခဲ့တယ်။ အိမ်ရောက်တော့ ၀ယ်လာတဲ့ ၀တ်စုံကို သားငယ်လေးအား ၀တ်ခိုင်းကြည့်လိုက်တော့ ဘောင်းဘီဟာ ကြီးနေ တောကို တွေ့ရတယ်။ ဈေးကိုပြန်ဝယ်ဖို့ အချိန်ကလဲမရတော့ဘူး။ မနက်ဖြန်ဆိုရင်လဲ ဆုယူရ တော့မှာဖြစ်တယ်။ အဲဒီအတွက် အဖွားနဲ့ အဒေါ်ကလဲ စိတ်ပူသွားတယ်။ ဒီလိုနဲ့ ညအိပ်အချိန် ရောက်လာခဲ့တယ်။ အားလုံးအိပ်ပျော်နေတဲ့ အချိန်မှာ သားငယ်လေးရဲ့အမေက ဘောင်းဘီ ကို ထားရာ နေနရာကယူပြီး လက်တစ်လုံးလောက် ကတ်ကျေးနဲ့ဖြတ်ကာ နှုတ်ခမ်းသားတွေ ကို သပ်သပ်ရပ်ရပ်ပြန်လည် ချုပ်ပေးလိုက်တယ်။ ပြီးတာနဲ့ သေချာစနစ်တကျခေါက်ပြီး ဘီရိုထဲကို ပြန်ထည့်ထားလိုက်တယ်။ ပြီးတာနဲ့ အိပ်ရာထဲဝင်ပြီး ပြန်အိပ်လိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ သားငယ်လေးရဲ့အဒေါ်က တရေးနိုးလာပြီး သားငယ်လေးရဲ့ ဘောင်းဘီ ရှည်နေမှန်းသိတဲ့အတွက်ကြောင့် သူကလဲဘီရိုထဲက အသာထုတ်ပြီး လက်နှစ်လုံးခန့် ကတ်ကျေးနဲ့ ဖြတ်ကာ စန်စ်တကျ ပြန်လည် ချုပ်လိုက်ပါတယ်။ ပြီးတာနဲ့ ဘောင်းဘီကို သပ် သပ်ရပ်ရပ် ခေါက်ပြီးဘီရိုထဲကို ပြန်လည်ထည့် လိုက်ပါတယ်။ ပြီးတာနဲ့ အိပ်ရာထဲအသာအရာ ၀င်အိပ်လိုက်ပါတယ်။
အဲဒီလိုနဲ့ ညသန်ခေါင်ရောက်တော့ အဖွားက အိပ်ရာကနိုးလာ ပြန်ပါတယ်။ အိပ်ယာကနိုးနိုး ခြင်း သူ့မြေးရဲ့ ဘောင်းဘီရှည်နေတာကို သတိရတယ်။ ဒါကြောင့် သူကလဲဘောင်းဘီကို ထုတ်ပြီး ကတ်ကျေးနဲပလက်နှစ်လုံးလောက် ညှပ်ကာ စနစ်တကျပြန်လည်ချုပ်ပြီး ဘီရိုထဲကို ထည့်သိမ်း ထားလိုက်ပြန်ပါတယ်။ ဒီလိုနဲ့နောက်နေ့ ဆုသွားယူမယ့် အချိန်ကို ရောက်လာခဲ့ တယ်။ အမေရယ် အဖွားရယ် အဒေါ်ရယ် သုံးယောက်ဟာ သားငယ်လေးကို ဘောင်းဘီဝတ် ပေးလိုက်ပါတယ်။ သူတို့ သုံးယောက်စလုံး မျက်လုံးအပြူးသား အံ့သြသွားကြတယ်။ ဘာ ကြောင့်လည်းဆိုတော့ သူတို့ဖြတ်ထားတာထက်ကို အရမ်းတိုနေတဲ့အတွက်ကြောင့်ပဲ ဖြစ် တယ်။ အမေရယ် အဖွားရယ် အဒေါ်ရယ် သုံးယောက်စလုံးဟာ ဘယ်သူ့ကိုမှမပြောဘဲ ညှိနှိုင်းတိုင်ပင်ခြင်း မပြုပဲပြန်လည် ပြင်ချုပ်ခဲ့တဲ့အတွက်ကြောင့် ဘောင်းဘီအရမ်းတိုသွားရ ခြင်းဖြစ်တယ်။ သူတို့ သုံးယောက်ဟာ သားငယ်လေးအတွက် အဆင်မပြေမှာကိုပဲ စိတ်ပူတဲ့ အတွက်ကြောင့် စေတနာကောင်းနဲ့ ပြင်ဆင်ပေးခဲ့တာဟာ အခြေအနေကို ပိုမိုဆိုးရွား လာစေခဲ့တယ်လို့ ပြောချင်တာပါပဲ။ အကယ်၍ တစ်ဦးနှင့်တစ်ဦးလှိနှိုင်းတိုင်ပင်ပြီးတော့ သာလုပ်မယ်ဆိုလျှင် ဒီ့ထက်ကောင်းတဲ့ စနစ်တကျရှိတဲ့ ဘောင်းဘီကောင်းတစ်ထည်ကို လုပ်ဆောင်ပေးနိုင်မှာပဲ ဖြစ်တယ်။ အထက်ပါ ဥပမာရဲ့ဆိုလိုရင်း အဓိပ္ပာယ်ကတော့ အဖွဲ့အစည်းနဲ့ လုပ်ရမယ့်ကိစ္စတွေကို ဆွေးနွေးတိုင်ပင်ခြင်းမပြုပဲ ကိုယ်စီအသိတရားဖြင့် ကိုယ့်ရူထောင့်ကနေ ကိုယ်လုပ်မယ်ဆိုလျှင် (ညိုနှိုင်းတိုင်ပင်မှု မရှိဘူးဆိုလျှင်) ကောင်းကျိုးမှ သည် ဆိုးကျိုးအသွင်ပြောင်းလဲသွားနိုင် ပါတယ်။
 
ကိုလူစိမ်းဆီမှ----

No comments:

Post a Comment