ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, January 5, 2013

လှောင်ချိုင့်စံ နှလုံးသား

 
 
"လှောင်ချိုင့်စံနှလုံးသားအချစ်မှ
         လွတ်ကင်းခဲ့သူ"

ခြင်လုံဇကာအခန်းထဲ
ပိတ်မိနေတဲ့ခြင်တစ်ကောင်
ခြင်ထောင်အပြင်ကခြင်ထက်တော့
အနေရခက်မယ်
မလိုချင်တဲ့ခေါင်းစဉ်တစ်ခုနဲ့
ရှင်သန်နေရတဲ့ လူတစ်ယောက်
ဘ၀ထဲက ဘ၀ထက် တစ်မနက်တော့
နေရခက်တယ်
လူသားချင်းစာနာစွာတွေးလို့
အားနည်းသူကိုဖေးကူပြီး
ရပ်တည်ခဲ့တဲ့အမှန်တရား
ငါ့ရင်ဝကိုမျှားလိုစူးတယ်
မျက်ရည်တွေသာ မှင် ဆိုရင်
ငါ့မှာရေးစရာမကုန်ချင်ဘူး
ရင်ဘတ်ကြီးနဲ့ခံစားပြီး
ဦးနှောက်ကိုတံခါးမခေါက်တော့
တစ်ခါတစ်ရံ ဘွားတေးခတ်ပြီး
ပြန်လှည်းပြေးခဲ့ရတာပေါ့
ပုံစံခွက်တွေအတိုင်း ပျော်ဝင်ရတဲ့
ဂျယ်လီကျောက်ကြော ငါမဟုတ်ဘူး
မေတ္တာရေစီးအတိုင်းမျောပါစီးဆင်းတယ်
ကမ်းမကပ်ဘူး    အလွမ်းမရပ်ဘူး
ငါ့နှလုံးသားကကဗျာတွေမွေးဖွားနေသရွေ့
အပူပင်တွေအားလုံး    ငါမေ့သွားတယ်
ဒါကြောင့်.........................
နင့်အခန်းထဲက  ခြင်တစ်ကောင်အဖြစ် 
ငါဆက်  မရှင်သန်ချင်တော့ဘူး
စကားလုံးလှလှလေးတွေနဲ့  လာချုပ်မနေပါနဲ့တော့
ငါကိုယ်တိုင်ကဗျာတွေကိုမွေးထုတ်နေတာပါ
အချစ်လား?   လွန်ခဲ့တဲ့  ၂နှစ်က  သေသွားပြီ
နိုးပါ  !   မချစ်တတ် မမုန်းတတ်တော့တာ...

အချစ်အမုန်းကင်းတဲ့(အကြင်နာနှင်းဆီ)


No comments:

Post a Comment