ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Sunday, January 6, 2013

နေညိုချိန်အလွမ်း

"နေညိုချိန်အလွမ်း"


အလွမ်းဆိုတာ   ငါ့အတွက်တော့ပင်ပန်းပါတယ်
နေတွေကလည်းညိုနိုင်လွန်းတယ်
အပြင်ကမ္ဘာမှာရင်နာတာဟာ  ဒီကဗျာထက်သာပါတယ်
သရုပ်မှန်တွေနဲ့ ခံစားချက်ကိုထုတ်ပြန်ဖွဲ့ဆိုနေလို့လည်း
ရင်တစ်ခုလုံးပေါ့မသွားဘူးဟာ !
မင်းအကြောင်းတွေးတဲ့ နေ့ရက်တွေတိုင်း
ထွက်သွားစဉ်က မိုးဖွဲတွေနဲ့အတူ
အထီးကျန်အလွမ်းည   နှင်းစက်တွေနဲ့အတူ
ဥသြလုပ်တဲ့ နွေသရုပ်  ရွက်ကြွေတွေနဲ့အတူ
ကြယ်တွေ ကြွေကြွေ  လမင်းလင်းလင်း
နင်ထားခဲ့တဲ့  ခံစားချက်ကို   ငါ့ရင်ကနေရှင်းထုတ်မပစ်ဘူး
သစ္စာဆိုတာ  စောင့်မျှော်ခြင်းပါ
အချစ်နဲ့စပြီး   အလွမ်းနဲ့ ဆုံးခဲ့တဲ့  နှလုံးသားနှစ်ခုအတွက်
မန္တလာရဲ့ နေညိုချိန်မှာ  ငါ လူတစ်ယောက်ကို
 သေသည့်အထိ ရိုးသားစွာ ဆက်လက်စောင့်မျှော်နေဦးမှာ......

ရိုးသားသူတို့အဖြစ်  အလွမ်းကိုတောင်ချစ်ကြပါသတဲ့
ရိုးသားစွာချစ်ခဲ့မိတဲ့  (အကြင်နာနှင်းဆီ)


No comments:

Post a Comment