ပေါက်တတ်ကရ
ပုံပြင် (၁၄)
တစ်ခါတုန်းက ရွာတစ်ရွာရဲ့ ရွာဦးကျောင်းမှာ ဖြစ်ပါတယ်။ ရွာဦးကျောင်းဆရာတော်ဟာ
ငယ်ဖြူဖြစ်ပြီး လောကီ ကိစ္စနဲ့ပါတ်သတ်ရင် အင်မတန် ရိုးလွန်းပါတယ်။ ရိုးလွန်းတော့ အ -တာပေါ့။
ဘုန်းကြီးက ရွာခံဖြစ်တယ်။ ကျောင်းမှာ ကျောင်းသားငယ်လေးတွေနဲ့ အရွယ်ရောက်ပြီးဖြစ်တဲ့ ကပ္ပိယ တစ်ယောက်လည်းရှိတယ်။
ကျောင်းကို ဘုန်းကြီးရဲ့ တူမဟာ ဆွမ်းအမြဲလာပို့တယ်။ ကောင်မလေးကလည်း အရွယ်ရောက် လုံးကြီးပေါက်လှ ဆိုတော့ နေ့တိုင်းမြင်ရတဲ့အခါ ကပ္ပိယလေးက ကြိုက်နေတယ်။ ဒါကြောင့် ကောင်မလေး ပြန်သွားတိုင်း အားမလို အားမရ လေသံနဲ့ ``တောက် --- ဘုန်းကြီးတူမ
ကွာ ငါနဲ့ရလို့ကတော့ မီးပွင့်သွားမယ်`` လို့ အမြဲကြုံးဝါးတတ်တယ်။
အဲဒီလို ကြုံးဝါးတာကို တစ်နေ့တော့ ဘုန်းကြီးက ကြားသွားတယ်။
ဘုန်းကြီးက ဘာကွ မင်းက မီးပွင့်သွားမယ် ဟုတ်လား။. အေး မင်းစကားနဲ့
မင်း မီးမပွင့်လို့ကတော့ ငါ့ကြိမ်လုံးစာတွေ့မယ်ဆိုပြီး နောက်နေ့
ဆွမ်းလာပို့တော့ ကောင်မလေးကို ဇရပ်ပေါ်
မှာ သူ့ကပ္ပိယနဲ့ လွှတ်ပေးလိုက်တယ်။
ခဏကြာတော့ ကျောင်းသားငယ်လေးတစ်ယောက်ကို မီးပွင့် မပွင့် သွားချောင်းကြည့်စမ်း လို့ ကြိမ်လုံးကို
လက်က တစ်ဆဆ လုပ်ရင်း ထောက်လှန်းရေးလွှတ်လိုက်တယ်။ ကောင်လေးလည်းသွားကြည့် ပြီး အမြန်ဘုန်းကြီးဆီကို
အလန့်တကြားနဲ့ လျှောက်တယ်။
``ဘုန်းကြီးဘုရား ဘုန်းကြီးဘုရား မီးပွင့်မပွင့်တော့မသိဘူး တပည့်တော်ကြည့်တာ ရဲကနဲ ရဲကနဲ မြင်ရတယ်ဘုရား`` တဲ့။(ဘာမြင်ခဲ့တာလဲ မသိဘူး)
ဒီတော့မှ ဘုန်းကြီးလဲ လက်ထဲက ကြိမ်လုံးကိုလွှတ်ချပြီး--စိုးရိ မ်တကြီးနဲ့
``ဟဲ့
ဟဲ့ ဒီလိုဆိုမြန်မြန်ဆွဲချ မြန်မြန်ဆွဲချ
တော်ကြာ ငါ့ကျောင်းကို မီးလောင်ပါ့မယ်ဟဲ့။ ``
တိန်-------------
No comments:
Post a Comment