ယိုင်နဲ့နွမ်းကာ
ခန္ဓာဝန်ကို
မထမ်းလိုလည်း
သားမြေးချွေးမ
အဝဝကို
စိတ်ကတွေ့ချင်
နှုတ်ဆက်ချင်ရု်
တွင်တွင်ဘယ်ခါ
လာခဲ့မှာလဲ--
အမြဲတွေးကာ
မေးရရှာသည် --
အမေ --ရင်မှာနွမ်းလျှက်ကို ------
အမေ့ထံပါး
ပြေးလွှားလျှက်သာ
ရောက်လိုပါလည်း
ငယ်ငယ်တုန်းက
သင်ခဲ့ရသည့်
နောက်ဆုံးတစ်ရွက်ထိ --the last leaf ကို
စိတ်ထဲသို့ဝင် ဆင်ခြင်လာမိ
နေမထိခဲ့
ခွင့်ပြုတဲ့အလား ခွဲသွားမှာကို
စိုးရိမ်ပိုခဲ့ ------
အမေ -----
မတွေ့ရဘဲ ခွဲများခွဲလျှင်
ဘယ်ဘဝင်နဲ့ --
တွေ့ပြီးမှဘဲ ခွဲများခွဲလျှင်
ဘယ်ဘဝင်နဲ့ --
ကှုလမ်းဟောင်းသည် မပြောင်းဘယ်ခါ
ရှိနေပါလည်း --
တရားတစ်ဖက် ဓါးတစ်ဖက်သဖွယ်
တလည် --လည် နှင့် ။ ။
ဇရာ၏ ဖိစီးမှုဖြင့် -- ပင်ပန်းနေရှာသောမိခင်အိုသို့ --
written by ko soe naing
No comments:
Post a Comment