ဖြစ်ရပ်မှန်---
ပေါက်တတ်ကရပုံပြင်
(၁၇)
တစ်ခါက တစ်ရွာဝင်တစ်ရွာထွက် ကုန်စိမ်းလိုက်ရောင်းတဲ့ မိန်းမတစ်ယောက်ရှိတယ်။ အဲဒီမိန်းမ ရောင်းတဲ့ကုန်စိမ်းထဲမှာ ခရမ်းချဉ်သီး ငရုတ်သီး ကြက်သွန် ပဲသီး ရုံးပနီသီး ခရမ်းသီး စုံနေအောင်ကို
များတယ်။ သူ့ရွာမှာ အခုမှ တာဝန်နဲ့ပြောင်းလာတဲ့ စာရေးကြီး (မြေတိုင်းစာရေးကြီး) ကို
အဲဒီအပျိုကြီး ကြိတ်ပြီးကြိုက်နေတယ်။
တစ်နေ့ ကျတော့ သူဟာ ဈေးရောင်းထွက်ဖို့ သူ့ရွာကနေ
ထွက်လာတယ်။ လမ်းရောက်တော့ မန်ကျီးပင် တစ်ပင်ရဲ့အောက်မှ ဈေးတောင်းကို ချပြီးနားတယ် ။ ပတ်ဝန်းကျင်ကို လျှောက်ကြည့်တော့ ဘယ်သူမှ မရှိဘူး။
ဒါနဲ့လူလစ်ပြီဆိုပြီးတော့ ဈေးတောင်းထဲက ခပ်ရွယ်ရွယ် ခရမ်းသီးတစ်လုံးကို ရွေးလိုက်တယ်။
ပြီးတော့ ---------------(ဆင်ဆာဖြတ်သည်)
ပါးစပ်ကလည်း အဆက်ပြတ် ပြောနေတာက --
စာရေးကြီး------
စာရေးကြီး--------
စာရေးကြီး -------တဲ့။ ။
သူဟာ သူ့ရွာမှာ ကုန်းစိမ်းရောင်းတာမဟုတ်ဘူး။
ရွာနဲ့နှစ်မိုင်လောက် ဝေးတဲ့ တစ်ခြားရွာတစ်ရွာကို ဈေးရောင်းထွက်ရင်း လမ်းမှာ။ကိစ္စပြီးတော့
ပါလာတဲ့ ခေါင်းဖု(ဈေးတောင်းရွက်ရာတွင်သုံးသော အဝတ်)နဲ့ ခရမ်းသီးကိုသုတ်လိုက်တယ် ။ ပြီးတော့ဈေးတောင်းထဲ
ဘတ်ကနဲ ပစ်ထည့်လိုက်တယ် ။ကောင်းေ၇ာ ရွံဖို့။ ပြီးတော့မှ သူသွားရောင်းမယ့် ရွာဘက်ကို
ဆက်သွားတယ်။
သူကတော့ လူမသိ သူမသိမှတ်နေတာပေါ့။ တကယ်တော့
သူနားခဲ့တဲ့ မန်ကျီးပင်ပေါ်မှာ မန်ကျီးရွက် ခူးနေတဲ့ သူတစ်ယောက်က သူလုပ်သမျှကို ငြိမ်ပြီးကြည့်နေတယ်။
သူသွားရောင်းမယ့်ရွာက ။နာမည်က ကိုဖိုးသောင်းတဲ့။ ကိုဖိုးသောင်းတစ်ယောက် အဲဒီအပျိုကြီးရဲ့လုပ်ရပ်တွေကို
အစအဆုံးမြင်တယ်။
ကိုဖိုးသောင်းဟာ ညနေဘက် အိမ်ပြန်ရောက်တော့ မိန်းမလုပ်တဲ့သူကို ထမင်းဆာတာနဲ့ ထမင်းစားဖို့ ခူးခိုင်းလိုက်တယ်။ ပြီးတော့ သူကထုံးစံအတိုင်း
``မိန်းမရေ ဒီနေ့ဘာဟင်းချက်လဲကွ``
``ရှင်သိတ်ကြိုက်တဲ့ ခရမ်းသီးကို
ဆီပြန်နှပ်ထားတယ်``
`` ဘာ -``
ကိုဖိုးသောင်းဟာ အလန့်တကြား
ဟင်းအိုးကို သွားယူပြီး အပြင်ကို လွှတ်ပြစ်လိုက်တယ်။ ပြီးတော့ ပါးစပ်ကလဲ စိတ်ဆိုးမာန်ဆိုးနဲ့
``ဟေ့ ဒီနေ့က စပြီး
ဘယ်တော့မှ စာရေးကြီးဟင်းကို အိမ်မှာမချက်နဲ့တော့တဲ့``
။ဖြစ်ရပ်မှန်ပါ--
ယနေ့ထိ ကျွန်တော်တို့ရွာတွင် ဘာဟင်းချက်လဲ မေးတိုင်း ခ၇မ်းသီးချက်ပါက စာရေးကြီးဟင်းဗျ ဟုပြောတုန်းဖြစ်သည်။
No comments:
Post a Comment