နည်းနည်း စကားကြီးစကားကျယ် ပြောခွင့်ပြုပါ။ ဗိုလ်ချုပ်အောင်ဆန်း အပါဝင် ရဲဘော်သုံးကျိပ်
ဂျပန်မှာစစ်ပညာသင်သွားတုန်းက ဂျပန်ရဲ့ ပါးရိုက်တာကို ခံပြီး သူတို့ဆီက စစ်ပညာကို ရအောင် သင်ခဲ့ကြရတယ်။ ဘာဖြစ်လို့လဲဆိုတော့
တိုင်းပြည်ကို ချစ်လို့ပဲ။ ပါးရိုက်တာကို ဘယ်သူခံချင်မှာလဲ ဒါပေမယ့် အခြေအနေအရ မကျေနပ်တာတွေကို
မြိုသိတ်ပြီး သူတို့ဆီက စစ်ပညာကို ရအောင်သင်ခဲ့ပါတယ်။
ဒီနေ့ လွတ်လပ်ရေးရပြီးပါပြီ။ ဗိုလ်ချုပ်နဲ့
မျိုးချစ်တပ်မတော်ကြီးက အသက်ပေါင်းများစွာ ချွေးတွေ သွေးတွေ ပေးဆပ်ပြီး တိုင်းပြည်ကို
သူတို့ ဒီနေ့ ကျွန်တော်တို့မျိုးဆက်သစ်လက်ထဲ ပေးဆပ်ခဲ့ပါပြီ။
ဒါပေမယ့် စီးပွားရေးမှာ လွတ်လပ်ကြပြီလား။ စီးပွားရေးရဲ့ အဓိကအသက်ဖြစ်တဲ့
နည်းပညာတွေ အတတ်ပညာတွေ ကျွန်တော်တို့လက်ထဲရောက်ပြီလား။ အဲဒီအတတ်ပညာတွေကို ဖြန့်ဖြူးသင်ကြားပေးတဲ့
ကျောင်းတွေရှိနေပြီလား။ စက်မှုဇုံမှာ မြန်မာပိုင် ဆိုပြီး အစိုးရထံမှာ မှတ်ပုံတင်ကြပေမယ့်
၉၀ ရာခိုင်နှုံးသော အလုပ်တွေက နိုင်ငံခြားသားပိုင်တွေကြည့်ပါ ပဲ။ အထည်ချုပ်ဆိုပါတော့
ဂျပန် ကိုးရီးယား တရုတ် လက်ထဲမှာပါ။ သူတို့ဆီက လုပ်ငန်းကို အာဏာနဲ့လုယူလို့မရပါဘူး။
သူတို့ဆီက နည်းပညာကို အမိန့်နဲ့ သင်ခိုင်းလို့မရပါဘူး။ သူတို့ပိုင်တဲ့ဈေးကွက်ကို မြန်မာတွေ
မပေါက်ရောက်သေးဘူး။ ဒါကြောင့် ကျွန်တော်တို့ သူတို့နဲ့ မပတ်သတ်ချင်လို့မ၇သေးဘူး။
ကျွန်တော်တို့စက်ရုံက စက်ချုပ်တဲ့ပညာကို
သင်ပေးလိုက်တာ လူ တစ်သောင်းပြည့်ကာနီးပြီ။ သူတို့က အတန်းပညာအနေနဲ့ လေးတန်းနဲ့ ၈ တန်းကြားအများစုဖြစ်မယ်။
ကောင်းကောင်းကျွမ်းကျွမ်းကျင် ကျင်တတ်ဖို့ ၅ နှစ်လောက်တော့အချိန်ပေးရမယ်။ လုံးဝမတတ်တဲ့လူ
ကိုပြောတာ။အလုပ်စဝင်ခါစ ကို ၁၈ နှစ်ပဲထားပါစို့။ ၁၅နှစ်ထိ ကျမ္မာရေးနဲ့ပြည့်စုံရင် ဆရာဝန်ထောက်ခံချက်နဲ့
အလုပ်လုပ်လို့ရတယ်။ ၅နှစ်ပေါင်းကြည့် အသက် ၂၀ နဲ့ ၂၃ ကြား အသက်မွေးဝမ်းကြောင်းပညာ ကောင်းကောင်းတတ်ပြီ။
ကိုယ့်သိက္ခာ နဲ့ကိုယ် ဘယ်စက်ရုံသွားလုပ်လုပ်
လခ တစ်သိန်းကျော်တော့ရတယ်။ BE ဘွဲ့ အော်တိုကဒ် ကျွမ်းကျင် လစာ တစ်သိန်းခွဲနဲ့ယှဉ်ကြည့်ပေါ့။
စက်ရုံမှာ ဝန်ထမ်းတွေ လကုန်ရင်တစ်တစ်၇ာကျော်
လတိုင်း အလုပ်ထွက်ကြတယ်။ အဲဒီအခါ နိုင်ငံခြားသားက
လူမငြိမ်လို့ ခေါ်ဆူရင် မျက်နှာငယ်လေးလုပ်ပြပြီး ငြိမ်နေရတယ်။ စိတ်ထဲမှာတော့ ဒီလကျောင်းဆင်းတဲ့
သူ တစ်ရာကျော်တယ်လို့ တွက်နေမိတယ်။ ဒါမှ နောက်ထပ် အလုပ်သင် တစ်၇ာကျော် ခေါ်သင်လို့ရမှာကိုး။
ခင်ဗျားတို့ကလည်း အလုပ်ရှင်ဘက်ကို
တစ်ခါတစ်လေ ကိုယ်စားဝင်ပြီးစဉ်းစားကြည့်ပါ။ စက်ရုံတစ်ရုံဟာ ရုံကြီးရင် လူက နှစ်ထောင်ဝန်းကျင်
ရှိတယ် ။ တွက်လို့လွယ်အောင် နှစ်ထောင်နဲ့တွက်ကြည့် ဝင်ဝင်ချင်း အလုပ်သင်ဘဝ အလုပ်နဲ့ပတ်သတ်ပြီး
ဘာမှမသိသေးသူကို လခ တစ်သိန်းတောင်းရင် ပေးနိုင်ပါ့မလား။ကိုယ်ချင်းစြာ ပီးမှ ပြောနော်။
ကဲ ပျှမ်းမျှ တစ်သိန်းပဲထား လူနှစ်ထောင် ဆို တစ်လ သိန်းနှစ်ထောင်။ မီတာခ အခွန် နဲ့
အခြားဘာရီယ ကိစ္စတွေ ဘာမှမပါသေးဘူး။ ဒီတော့ အကြမ်းမျဉ်း သိန်းသုံးထောင် အထက် ဝင်ငွေရှာနိုင်မှ
ရမယ်။ ခင်ဗျားကပြောမယ် စီးပွားရေးသမား ဘယ်တော့မှ သူတို့မမြတ်ပဲ အလုပ်မလုပ်ဘူး လို့။
မှန်တာပေါ့ဗျာ စီးပွားရေးသမား သူ့အတွက် မကိုက်ပဲ လုပ်မလား ။ သူ့အတွက်အဆင်ပြေမှလုပ်တာပေါ့။
ဒါပေမယ့် စီးပွားရေးသမားလဲ လူပဲဗျ။
စိတ်ဓါတ်ညံ့တဲ့လူ ရှိသလို စိတ်သဘောထား နူးညံ့သူလဲရှိတာပဲ။ စီးပွားရေးသမားတိုင်း ဘီလူးလို့
သတ်မှတ်ရင် အဆိုးမြင်ဝါဒ သမားပဲဖြစ်မယ်။ ကျွန်တော်တို့သူဋ္ဌေးက အသက် ၆၀ ကျော်ပြီ။ ကိုးရီးယား
ချမ်းသာတယ်။ သူကပြောတယ်။ ငါ့အသက်အရွယ်နဲ့ ဒီအလုပ်ကို ငါဆက်ပြီးတော့ မလုပ်ချင်တော့ဘူး။
ဒါပေမယ့် ငါအလုပ်ရပ်လိုက်ရင် ငါ့ကို မှီခိုပြီး လုပ်နေတဲ့ အလုပ်သမားတွေရဲ့ ဝမ်းရေးကို
ထည့်တွက်မိတိုင်းစိတ်မကောင်းလို့  ငါအသက်ရှင်သရု်တော့
ကြိုးစားပြီး ရပ်တည်နိုင်အောင် လုပ်မယ်တဲ့။
၇ွှီးတာ မဟုတ်ဘူး။ တကယ်စိတ်ရင်းနဲ့ပြောနေတာ သိသာတယ်။
နောက်တစ်ခုက စက်ရုံအလုပ်အများစုဟာ TEAM WORK သဘောမျိုးလုပ်ရတယ်။ အထည်ချုပ်ဆိုပါတော့ဗျာ
။ အကျီတစ်ထည်ကို ဖြစ်လာဖို့ ပစ္စည်းထိမ်း/ဖြန့်၊
ပိတ်ဖျက်၊ စက်ချုပ် ၊ ကြယ်သီးဖောက်/တပ် ၊အထည်စစ် ၊ပါကင်ထုတ် စတဲ့ အဖွဲ့လိုက် လုပ်ရသလို
စက်လိုင်းထဲမှာလည်း သူ့ပွိုင့်နဲ့သူ ချုပ်ရတယ်။
ဒီတော့ လူတစ်ယောက် ရက်ပျက်တယ်ဆိုပါတော့ သူ့ပွိုင့်ကို
ချုပ်ဖို့ အစားထိုးဖို့ လိုအပ်လာပြီ အဲဒီအခါ
အသစ်သင်ရတယ် လက်သားမကျတော့ နှေးတာရယ် နောက်ပြီး အထည်ပျက်နှုံး များလာတာရယ် အစားထိုးဘို့
လူမရှိတာ၊ အထည်ထွက်နှုံးကျသွားတာ စတဲ့ ဆိုးကျိုးတွေ ရလာတယ်။ ဒီတော့ အလုပ်ရှင် ရော လုပ်ဖော်ကိုင်ဘက်တွေရော
ရက်ပျက်များမှာကို စိုးတယ်။ ကသိကအောက်နိုင်လွန်းလို့။
ဒါနဲ့ အလုပ်ရှင်က ရက်မပျက်ဆု ဆိုပြီးပေးတယ်။
ရက်မပျက်မှပေးမှာ ရက်ပျက်ရင်တော့ မပေးဘူး လို့ကြိုတင်ပြီးပြောတယ်။ အဲဒီဆုဟာ အလုပ်သမားက
တောင်းဆိုတာမဟုတ်ဘူး ။အလုပ်ရှင်က အလုပ်အဆင်ပြေအောင် ဆုပေးဒဏ်ပေးစနစ်ဆိုပြီး လုပ်တာ။
ကျွန်တော်တို့ စက်ရုံမှာတော့ ရက်မပျက်ဆုကို ၆၀၀၀ ပေးတယ်။ တစ်ရက်ပျက်ရင် ၃၀၀၀ ပဲပေးတယ်။
နှစ်ရက် နဲ့အထက်ပျက်ရင် လုံးဝမပေးတော့ဘူး။
အလုပ်ရှင်ဘက်က အဲဒီခေါင်းစဉ်ကိုပဲ ဆုပေး ဒဏ်ပေး လုပ်လို့ရတယ်။ အခြား ထောက်ပံ့ကြေးတွေကိုတော့
လုံးဝမဖြတ်၇ဘူး။ တိုင်ရီတော့မသိဘူးနော် ကျွန်တော်လုပ်နေတဲ့စက်ရုံမှြာေ ပာ တာ။ ဒါပေမယ့်
အများစုက အဲဒီလိုဆိုတော့ အဲဒီလိုပဲဖြစ်မှာပါ။ ဒီကြားထဲ တကယ်နေမကောင်းရင် ဖူလုံရေးဆေးခန်းကိုသွားပြ အဲဒီမှာ အလုပ်သမားကို အခမဲ့ဆေးကုသခွင့်ပြုတယ်။ ဆေးဖိုးေ၇ာ
ဝါးခရော တစ်ပြားမှပေးစရာမလိုဘူး။ ရောဂါက ဆေးရုံတတ်ပြီးမှ ကုသရမယ်ဆိုရင် အလုပ်သမားဆေးရုံကြီးကို
လွှဲကုစေတယ်။ အဲဒီမှာလဲ ခွဲစိပ်ကုသရရင်တောင် တစ်ပြားတစ်ချပ်မှ မကုန်ဘူး။ အဟာရတောင်ကြွေးသေး။
နောက်ပြီး အခြားဆေးရုံမှာကုမှရမယ်ဆိုရင် လိုတဲ့ငွေကို
အလုပ်သမားဆေးရုံကြီးက ထုတ်ပေးတယ်။ အဲဒီလိုမဟုတ်ပဲ သာမန် ဆေးထိုး ဆေးစား နားလိုက်တာနဲ့ပျောက်၇င် ဆေးခန်းမှာပဲ ဆေးထိုးစားဆေးပေးပြီး ခွင့်စာရေးပေးတယ်။ အဲဒီခွင့်စာနဲ့ဆိုရင် သူ့ရဲ့ အလုပ်ခကို ပုံမှန်ပေးရတယ် ။ မဖြတ်ရဘူး။ လစာထွက်ရင်
ဆေးခွင့် ပျက်ရက်ပါ သူ့ဒေးကြေးအတိုင်းထည့်တွက်တယ်။ စက်ရုံက စိုက်ပေးထားပြီး နောက်မှ
ဖူလုံရေးက ပြန်ထုတ်ပေးတယ်။ အဲဒါကို Benefit ထုတ်တယ်လို့ခေါ်တယ်။
ဗဟုသုတအနေနဲ့ပြောတာပါ ဘာရည်၇ွယ်ချက်မှ
မရှိဘူး။ အထက်ဖား အောက်ဖိတဲ့စိတ်ဓါတ် သိတ်မုန်းတာပါ။ ခုချိန်ထိ ကျွန်တော်နဲ့ ရန်မဖြစ်ဘူးတဲ့
နိုင်ငံခြားသားဆိုရင် သူဋ္ဌေးတစ်ယောက်တည်းရှိတယ်။ သူဋ္ဌေးက လဲသူဋ္ဌေးနေ၇ာနေတော့ ရန်ဖြစ်စ၇ာလား။
ကိုယ့်အထက်က အရာရှိကိုးရီးယားတွေဆို ကျွန်တော့ကို ရွံမုန်းကြီး ။အောက်ကလူတွေကိုရော
ပါ့စားပေးမယ်ထင်လား ။မှားရင်တော့ လုံးဝပဲ။
အဲဒါကြောင့် အလုပ်မှာ လူ့ဂွစာ။ အခုလည်း ဂရုမှာ လူ့ဂွစာဖြစ်နေပြီလားမသိ။ကိုယ်ေ ရးကိုယ်တာတွေဖြစ်ကုန်ပြီ။
နိဂုံးချုပ်ပြောမယ်။ ဗိုလ်ချုပ်တို့က လွတ်လပ်ေ၇းရဖို့ ဂျပန်ပါးရိုက်တာကိုခံပြီး စစ်ပညာသင်တယ်။ ကျွန်တော်တို့က
စီးပွားရေး လွတ်လပ်ဘို့ အတတ်ပညာတွေကို ရဖို့ ဖိနှိပ်မှုမျိုးစုံကို သီးခံနေကြပါတယ်။
ကြီးကြီးကျယ်ကျယ်ကွာ -- လို့ပြောရင်လဲ ဟုတ်ကဲ့ ကြီးမှတော့ ကျယ်ပြီပေါ့ဗျာ လို့သာ။။။။။။။။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါေ စ။ အလုပ်သမားတွေအပေါ်စေတနာထားသူအား လုံးကို လေးစားပါတယ်။ ၁၉၉၇ ခုနှစ်ကတဲက တစ်နေ့ ဒေးကြေး ၅၀ နဲ့ စလုပ်လာတဲ့အလုပ်သမားပါ။။။
။။။။။။။။။။။။။ကိုစိုးနိုင်။။။။။ ။။။။။။။။
No comments:
Post a Comment