လေ -ရေ နဲ့ အစားအစာ
လူတစ်ယောက် အသက်ရှင်ရပ်တည်ဘို့
ပကတိ တန်ဘိုးတွေဆိုတာ
အားလုံးဘဲ သိကြပါတယ် ----
စိန် - ရွှေ - ငွေ ရတနာ
ရှုလို့လဲမရ - သောက်လို့လဲအဆင်မပြေ
စားဘို့ဆိုဝေးရော
ပကတိတန်ဘိုးသဘောမရှိပေမယ့်
လူတွေက ညီညွတ်စွာသတ်မှတ်
သိပ်ထက်မြက်တယ် ။
---- ပညာတတ်တယ်
----ငွေကြေးချမ်းသာတယ်
----ရုပ်ရည်ချောမောတယ်
----ထင်ပေါ်ကျော်ကြားတယ်
----အဲဒါ - အဲဒါတွေဟာ
ပကတိ တန်ဘိုးမဟုတ်ပါဘူး
----မေတ္တာတရားပြည့်ဝမှ
-----သီလတရားလုံခြုံမှ
-----သစ္စာတရားကြီးမှ
-----ဂရုဏာတရားထားမှ
-----ကိုယ်ချင်းစာစိတ်ရှိမှ
-----သနားကြင်နာတတ်မှ
----- မစ္ဈိယစိတ်ကင်းမှ ----
လူဆိုတဲ့ပကတိတန်ဘိုးဟာ
တတ်လာမှာဘဲ --
ရွှေ ငွေ ဥစ္စာတွေဟာ
လူ့ဘဝမှာဘဲ အသုံးကျပြီးတော့
သူတော်ကောင်းစိတ်ဆိုတာကတော့
ဒီဘဝကကွယ်လွန်ပြီး
နောင်တမလွန်ထိ
အကျိုးသက်ရောက်စေနိုင်တာ
ဘာသာအားလုံးက လက်ခံမှာဘဲ ။။ ။။
No comments:
Post a Comment