ကှုမြေကမ္ဘာ စုံနေရာဝယ်
သိပ္ပံအတတ် တိုးတတ်အံ့မခန်း
အစွမ်းကြီးမား ဖွံ့ဖြိုးထွားကာ
အနားမသတ် တရစပ်နှင့်
မပြတ်တိုးပွားနေပါသည်။
ကှုနေရာမှ ကမ္ဘာတစ်ခြမ်း
စကားလှမ်းပြော ပြောချင်တိုင်းရ --ထိုသိပ္ပ
ကှုနေရာမှ မြင်ကွင်းအစုံစုံ အဖုံဖုံကို
ဟိုး--တစ်နေရာမှ ကြည့်လိုလှလျှင်
ကြညှ်ုစေမြင်ရ --ထိုသိပ္ပ
လူ့နှလုံးသား စက်ယန္တယားသဖွယ်
ဖြုတ်ဟယ်ပြင်ဟ --ထိုသိပ္ပ
ယောင်္ကျားစင်စစ် မိန်းမဖြစ်စေ
မိန်းမစင်စစ် ယောင်္ကျား ဖြစ်စေ
ဖြစ်စေတိုင်းရ --ထိုသိပ္ပ
ရာသီသစ်သီး အချိန်တိုင်းသီးစေ
အလုံးသေးက ဥုံဖွကြီးစေ
အရောင်မလှ လိုတိုင်းလှစေ
ထိုသိပ္ပံဖြင့် ကောင်းကင်ပျံတတ်
ရေထက်ရေအောက် မြေအောက်မကျန်
လိုရာမှန်စွာ သွားနိုင်ပါသည်
တန်ခိုးကြီးစွ --ထိုသိပ္ပ
တစ်ချက်တည်းနှင့် အသက်ပေါင်းများစွာ
ချွေနိုင်ပါသည် အံ့ဖွယ်ကြီးစွ -- ထိုသိပ္ပ
အာကာတစ်ခွင်
သိပ္ပံရှင်တို့ ( တန်ခိုးရှင်အလား )
လိုချင်တိုင်းရ တီထွင်ကြလည်း ---------------------
လောဘစစ်ပွဲ မဆင်နွဲအောင် မစွမ်းဆောင်နိုင်
ဒေါသအမိုက်မဲ ငြိမ်းအေးနည်းအောင် မစွမ်းဆောင်နိုင်
မောဟအမှောင်ထဲ မြူမှုံကွဲအောင် မစွမ်းဆောင်နိုင်
ဗုဒ္ဒရှင်ကား
သိပ္ပံပညာ အရာရာနှင့်
နှိုင်းရာမအပ် ကောင်းမြတ်သန့်စင်
မောတ္တာရှင်မို့ နှစ်ပေါင်းထောင်ကျော်
ကြာခဲ့သော်လည်း
ဘုရားရှင်ဟောကြား မြတ်တရားသည်
အမှားစင်လျှက် ဆန်တစ်စက်မျှ
ထောက်ပြစရာ ပြစ်နာမတည်
သန့်စင်ကြည်ရု
ကောင်းကြိုးရည်မျှော် သာဓုခေါ်စရာ
မြတ်ရတနာမို့
ဗုဒ္ဒဟောကြားမြတ်တရားကို
စိတ်ထားသန့်စင်နာစေမင်း
ကောင်းရာညွှန်ကြား မြတ်တရားကို
ကောင်းစွာလိုက်နာ ဆောင်စေမင်း။ ။
`` ဗုဒ္ဒမြတ်ဘုရားဟောကြားတော်မူသော တရားတော်များသည်
သဘာဝတရားနှင့် ကိုက်ညီသော တရားတော်များသာဖြစ်သည်။
နောင်တွင်သဘာဝတရားနှင့်ကိုက်ညီေ
လူ့လောကတွင်တည်ရှိလာရမည် ``
ဒေါက်တာအိုင်းစတိုင်း
`` သိပ္ပံပညာ၏ ချီတတ်မှုသည် ဗုဒ္ဒဝါဒ၏ အောင်ပွဲရမှုပင်ဖြစ်သည်။
သိပ္ပံပညာ၏ အသစ်တွေ့ ရှိချက်များသည် ဗုဒ္ဒဝါဒအားအကောင်းဆုံး
သက်သေပြချက်များသာဖြစ်သည် ``
ဒေါက်တာဆာမရီဆင်ဂိုး
No comments:
Post a Comment