တစ်ခါက မျက်စေ့ တစ်ဖက်လပ်နေတဲ့ လူငယ်တစ်ယောက်ဟာ ရွာတစ်ရွာကို ခရီးသွားသတဲ့
အဲဒီရွာမရောက်ခင် ရွာရဲ့အပြင်အဝေးတစ်နေရာမှာ
တဲအိမ်လေးတစ်လုံးတွေ့ရလို့ဝင်ပြီး အမောဖြေရင်း
ရေနွေးကြမ်းသောက်ကာ တဲရှင် အဒေါ်ကြီးနဲ့စကားစမြည်ပြောကြသတဲ့ --
အဒေါ်ကြီး ရွာထဲမှာ မနေဘဲ ဘာဖြစ်လို့ ရွာပြင်မှာနေရတာလဲ
ရွာထဲနေချင်တာပေါ့ ငါ့တူရယ် သူတို့က အဒေါ့်ကိုရွာပြင်ထုတ်ထားတာကွဲ့
ဘာဖြစ်လို့လဲဗျ
အဒေါ်က ဘယ်တော့မဆို အမှန်တွေဘဲပြောလို့တဲ့ကွယ်
ဟုတ်လား ဒါတော့ ဘယ်တရားမလဲဗျာ ကျွန်တော်မခံနိုင်ဘူး အဒေါ့်အတွက်
ကျွန်တော်ရွာသားတွေကို ပြောပေးမယ်
အဲသလို ဒေါ နဲ့မောနဲ့ ပြောပြီး ရွာဘက်ကိုဆက်သွားသတဲ့ ခဏအကြာနောက်က အဒေါ်ကြီးက
အော်ပြီးလှမ်းပြောတယ်--
ဟေ့ -- ဟေ့ မျက်စိတစ်ဖက်ကမ်းနေတဲ့ကောင်လေး
မင်းမျက်မှန်ဒီမှာမေ့ကျန်နေတယ်
လူငယ်လည်း ပြန်လှည့်လာပြီး အဒေါ်ကြီးကိုပြောလိုက်တာကတော့--
တောက် --- ခင်ဗျားကရွာပြင်ထုတ်ထားရမှာ မဟုတ်ဘူး သချိ င်္ုင်းကုန်း
ထုတ်ထားသင့်တယ် တဲ့
(သူငယ်ချင်းတို့ရေ မှန်တိုင်းလည်းမပြောနဲ့ ကြည့်ပြော ရွာပြင်ထုတ်ခံရဦးမယ် )
No comments:
Post a Comment