ဒါန
ရဟန်းသံဃာ - များသူငါများ
လိုလားကွက်လပ် - ရှာဖွေမှတ်ရု်
ဖြည့်စွက်သဒ္ဒါ - ကြည်ဖြူစွာဖြင့်
လှုကာပီတိ - ဂွမ်းဆီထိသို့
ကြည်နူးရွှင်စွာ - ပေးလှုပါလျှင်
သံသရာခရီး - လမ်းကြမ်းကြီးဝယ်
သယ်ယူကာသွား - ဥစ္စာများသို့
လားရာဘဝ - စုံစီလှလည်း
ဆင်းရဲလွတ်ကင်း - ပြည့်စုံခြင်းတို့
မယွင်းမှန်စွာ - တည်မြဲပါသည်
ဗုဒ္ဒဟောကြားတရားတည်း။။
သီလ
စိတ်တွင်ပျော်လို - အ-ကုသိုလ်တို့
တည်ဘို့နေရာ - မပေးပါဘဲ
ငါးပါးသီလ - အခြေခံစကာ
မေတ္တာ - ဂရုဏာ - မုဒိတာ နှင့်
ဥပက္ခောတရား - ဥာဏ်ယှဉ်ပွားပြီး
တရားသဖြင့် - သက်မွေးကျင့်ကာ
သီလစင်ကြယ် - ပြုကျင့်ဖွယ်လျှင်
သံသရာခရီး - လမ်းကြမ်းကြီးဝယ်
သယ်ယူကာသွား - အစောင့်ရှောက်များသို့
လားရာဘဝ - စုံစီကြလည်း
ဘေးရန်ဥပါဒ် - လွတ်ငြိမ်းလျှက်ဖြင့်
အေးချမ်းသာယာ - နေရပါမည်
ဗုဒ္ဒဟောကြား တရားတည်း။
ဘာဝနာ
ဒါန သီလ - စုံညီကြရု်
ရောက်ရာဘဝ - ပြည့်စုံကြကာ
ဘယာကင်းဝေး - လွန်ငြိမ်းအေးလည်း
ဘာဝနာတရား - မရှိငြားက
အပါယ်တံခါး - ပိတ်မထားရု်
လောကီဘာဝ - ရှုတ်ထွေးလှလို့
အမှားတစ်ချက် - ဝင်စွက်ဖက်လျှင်
အမှန်မြင်သည့် - ဝိပသ၁နာ
မရှိတာကြောင့်--
တစ်ထစ်ချစိတ်ဝမ်း - လွတ်ငြိမ်းလမ်းကို
ဝေးကာသွေဖယ် - ရင်လေးဖွယ်တည်း--
အဆုံးဌ်ရည်သန် ၊ မြတ်နိဗ္ဖာန်ကို
မှန်စွာရလို ၊ ထိုပုဂွိုလ်သည်
ဒါန လည်းပြု
သီလ ဖြူစင်
ဘာဝနာ ယှဉ်တွဲ-- ပုံမှန်မြဲလျှင်
နိဗ္ဖာန်သောင်ကမ်း ကူးနိုင်စွမ်းမည်
ဗုဒ္ဒဟောကြား မြတ်တရားတည်း။ ။
ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ--
မိတ်ဆွေအားလုံးကို အစဉ်လေးစားလျှက်--
No comments:
Post a Comment