ဘဝမှာ လွတ်လပ်ခြင်း၊ ပျော်မွေ့ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း နဲ့ ပြည့်စုံချင်ရင် ဘာကိုမှ သွားပြီး မငြိတွယ်နဲ့။ အားလုံးရဲ့ အနှောင်အဖွဲ့က လွတ်အောင်နေ။
ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း
Friday, July 27, 2012
စိတ်နှင့်သံသရာ
ဤ ခန္ဒာ၏ - ကိုးပေါက်ဒွါရ
စီးယိုကျသည့် - ညှီဟောက်ရွံဖွယ်
အသွယ်သွယ်ကို - စဉ်ဆက်သုတ်သင်
သန့်ရှင်းစင်၍ - အမွှေးနံ့သာ
သုတ်လိမ်းကာဖြင့် - ခန္ဒာအပုတ်ကောင်
တင့်တယ်အောင်လို့ - ကြိုးထုတ်မပြတ်
ပြုသတတ်သို့ - ----
စိတ်ခန္ဒာဝယ် - ကပ်ညိတွယ်သည့်
အ-ကုသိုလ်တရား - ဆိုးညစ်များကို
ဝိပသ၁နာ - ဥာဏ်ပညာဖြင့်
နေ့စဉ်မပြတ် - ပယ်သတ်သုတ်သင်
သတိယှဉ်လော့ -----
ရုပ်ခန္ဒာကို -
ဖြစ်သလိုပြစ်ထား မသန့်ငြားက
ကှုတစ်ဘဝသာ - သူရှုးသဖွယ် အများပယ်သည်
စိတ်ခန္ဒာကို -
ဖြစ်သလိုပြစ်ထား - မသန့်ငြားက
ဘဝများစွာ - ဒုက္ခပင်လယ် ၊ သံသရာလည်မည်
ဗုဒ္ဒမြတ်စွာတရားတည်း ။
Labels:
ကဗျာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment