ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, July 28, 2012

ဟာသများ




ပန်ကာလုပ်ဖို့ ယူသွားလို့ပါ 

လူတစ်ယောက်ဟာ သေပြီး နတ်ပြည်ရောက်သွားခဲ့တယ်။ နတ်သားတစ်ဦးက သူ့ကိုဦးဆောင်ပြီး နတ်ပြည်အနှံ့ လိုက်ပြခဲ့တယ်။ နောက်ဆုံးမှာ နာရီအပြည့်ချိတ်ထားတဲ့ အခန်းတစ်ခုကို ရောက်သွားခဲ့တယ်။ အခန်းထဲမှာရှိတဲ့ နာရီတစ်ချို့က အလုပ်လုပ်နေပြီး၊ တစ်ချို့က ရပ်နေတယ်။ နတ်သားက "ဒီနာရီတွေက လူ့ပြည်မှာရှိတဲ့ လူတွေရဲ့ ကိုယ်စားပြု နာရီတွေဖြစ်တယ်။ ခင်ဗျားနာရီလည်း ဒီထဲမှာရှိတယ်" လို့ ရှင်းပြတယ်။ နာရီတစ်ချို့က မြန်လိုက်၊ နှေးလိုက် ဖြစ်နေတာကို တွေ့တော့ နတ်သားက " လူတစ်ချို့ မုသားစကားပြောနေတဲ့ အချိန်မှာ သူ့ကိုယ်စားပြု နာရီက အရမ်းမြန်နေတတ်တယ်" လို့ ထပ်ရှင်းပြတယ်။

နတ်သားရှင်းပြတာကို ကြားတော့ သူက စိတ်ဝင်တစား "ဒါဆို ကျွန်တော်တို့ နိုင်ငံတော်အကြီးအကဲရဲ့ နာရီမရှိဘူးလား ကျွန်တော့်ကို ခဏပြလို့ရမလား" လို့ တောင်းဆိုလိုက်တယ်။

နတ်သားပြန်ဖြေလိုက်တာက "ရှိတယ်။ ဒါပေမဲ့ ခဏနေမှကြည့်လို့ရမယ်။ နတ်မင်းကြီးက ပူလို့ဆိုပြီး အဲဒီနာရီကို ပန်ကာလုပ်ဖို့ ယူသွားလို့ပါ။
 




 
ဟာသ

အလုပ်များနေသော ခင်ပွန်းသည်အား အလိုက်မသိသော ဇနီးက စကားတွေ တတွတ်တွတ်ပြောနေသည်။ ခင်ပွန်းဖြစ်သူက သူမစကားတွင် စိတ်မပါမှန်းလည်း မရိပ်မိချေ။
"မောင် … ခင့်ကို ဘာလို့လက်ထပ်ခဲ့တာလဲဟင်။ ခင့်ရဲ့ မျက်နှာလေး လှလွန်းလို့လား။ ဒါမှမဟုတ် ခင့်ကိုယ်လုံးကိုယ်ပေါက်လေးကို သဘောကျလို့လား။ အင်း … မဟုတ်ဘူးဆိုရင် ခင်ရဲ့ စိတ်ထားလေး ဖြူတာကို မြတ်နိုးလို့လား။ အဲ … ဒါမှမဟုတ် …"
စိတ်မရှည်တော့သော ခင်ပွန်းက သူမဘက်လှည့်ပြီး တစ်ခွန်းတည်း ပြန်ဖြေသည်။
မင်း ခုလို ဟာသပြောတတ်တာကို ကြိုက်လွန်းလို့ဟေ့



ကျောင်းမသွားချင်သူ


အမေ           သားရေအိပ်ရာထတော့ကွယ်၊ ကျောင်းချိန်နောက်ကျနေဦးမယ်။ ထ ....ထ
သား            ဟာ...အမေကလည်း သားကျောင်းမသွားချင်ဖူး၊သားကိုကျောင်းကဆရာတွေ ဆရာမတွေအားလုံးကလည်းမုန်းတယ်၊ ကျောင်းသားတွေကလည်းမုန်းတယ်၊ မသွားချင်ဖူးအမေရာ
အမေ          သြော် .....သားရယ် ၊ ဒါပေမယ်. သားကျောင်းသွားရမယ်လေ၊ ထတော့
သား              ဒါဆိုသားကိုဘာကြောင်.ကျောင်းသွားရမယ်ဆိုတာပြော။မေမေပြောတဲ.အကြောင်းပြချက်ခိုင်လုံမှ သားသွားမယ်
အမေ           ခက်တဲ.ကလေးပဲ။ သားကျောင်းတက်မှဖြစ်မှာပေါ.။ဘာကြောင့်လဲဆိုတော.သားကကျောင်းအုပ်ဆရာကြီးမဟုတ်လား။


--
အားလုံးပျော်ရွင်ပါစေ

No comments:

Post a Comment