ဘဝမှာ လွတ်လပ်ခြင်း၊ ပျော်မွေ့ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း နဲ့ ပြည့်စုံချင်ရင် ဘာကိုမှ သွားပြီး မငြိတွယ်နဲ့။ အားလုံးရဲ့ အနှောင်အဖွဲ့က လွတ်အောင်နေ။
ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း
Monday, July 9, 2012
နိဗ္ဗာန်ဆိုတာ
သူငယ်ချင်း----
နိဗ္ဖာန်ဆိုတာ
ဘယ်လိုဟာလဲ------တဲ့ ( ငါလည်းမသိဘူး---)
ရေခဲမုန့်တစ်ခါမှ မစားဘူးတဲ့ --တောသားကြီးတွေကို
ရေခဲမုန့်ရဲ့ အရသာဟာ ဒီလို--ဒီလိုပါလို့
အာပေါက်အောင်ရှင်းပြ
လုံးဝသိကြမှာ မဟုတ်ဘူး ----
အဲ--
ရေခဲမုန့်အရသာ
သိပ်သိချင်ပါတယ်ဆိုရင်
သိချင်တဲ့သူကိုယ်တိုင်စား
ရှင်းပြဘို့ စကား မလိုဘူး။ ။
ဒီလိုပါဘဲ
နိဗ္ဖာန်ဆိုတာ--
စကားလုံးတွေနဲ့စာတမ်းဖွဲ့
အကျယ်ချဲ့ပြီး ငြင်းခုံကြ
ဒုက္ခ ပဲရမယ်--
ကဲ---သူငယ်ချင်း
အလှမ်းကျယ် အလယ်မလပ်ရအောင်
ကိုယ်နီးစပ်တဲ့ ပါတ်ဝန်းကျင်မှာ
လောဘဆိုတဲ့ လှောင်ချိုင့် တံခါးကိုကြည့်
ဒေါသဆိုတဲ့ လောင်မြိုက် တရားကိုရှောင်
မောဟဆိုတဲ့ မှောင်မိုက် သမားမဖြစ်အောင်
ကြိုးစားရင်း--------
မေတ္တာ ဆိုတဲ့ အေးချမ်းခြင်းတရားနဲ့
ဂရုဏာ ဆိုတဲ့ စိမ်းလမ်းခြင်းတရား တွေကို
မုဒိတာ ဆိုတဲ့ ကိန်းခမ်း ခြင်းမခြားဘဲ
ဥပေက္ခာ ဆိုတဲ့ ငြိမ်းချမ်းခြင်းတရားတွေနဲ့ ----(ဘဝအဆက်ဆက်)
အစဉ် ပွားကာကြိုးစားကြရင်
နိဗ္ဖာန်ဆိုတာ
တချိန်ချိန်တော့
( မင်းရော--ငါရော) မြင်နိုင်မှာပဲ လို့ ငါထင်တယ်။ ။
အားလုံးရွှင်လန်းချမ်းမြေ့ ကြပါစေ----
Labels:
ကဗျာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment