ဘဝမှာ လွတ်လပ်ခြင်း၊ ပျော်မွေ့ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း နဲ့ ပြည့်စုံချင်ရင် ဘာကိုမှ သွားပြီး မငြိတွယ်နဲ့။ အားလုံးရဲ့ အနှောင်အဖွဲ့က လွတ်အောင်နေ။
ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း
Friday, July 27, 2012
ကိုကြီးမြင့်လွင်သို့----
ကိုယ်ပိုင်တဲ့ဥစ္စာကို
တွယ်တာပြီး မပေးရက်--
အရမ်းကပ်စေးနဲ
မွဲ မှာလည်းအရမ်းကြောက်
သဒ္ဒါတရားက ခြောက်ပေမယ့်
အဲဒီအထိ
ဘာမှ အပြစ်မရှိဘူး
ကိုယ်ပိုင်တဲ့ဥစ္စာ
လှုကြပါ တန်းကြပါ--
မြတ်ဗုဒ္ဒ ဒီတရား
အဓိကထားပြီး ဘယ်မှာမှမဟောကြား
အားလုံးသိထားတယ် ---
ဒါပေမယ့် --
သူတစ်ပါးရဲ့ဥစ္စာ
သူ့ဘာသာ သဒ္ဒါပေါက်
သဒ္ဒါပေါက်ပြီး အလှုလှု
သွားပြီးမငြူစူနဲ့ -----
တကယ်တော့--
ကုသိုလ် ၊ အ-ကုသိုလ်ဆိုတာ
စိတ်ကိုအရောင်ဆိုးတာပါဘဲ--
ငြူစူတဲ့စိတ်ထား ဘယ်လိုကောင်းစားမှာလဲ--
ဒီနေ့ကမ္ဘာမှာ
သိပ္ပံပညာတွေထွန်းကား
ဘာသာတရား တွေမှေးမှိန်
(ဒီကြားထဲမှာမှ)
မသေးသိမ်ဘဲ ထွန်းတောက်
သိပ္ပံပညာရှင်တွေတောင် - လက်မြှောက်ပြီးအံ့သြ
ဗုဒ္ဒရဲ့ --
နက်ရှိုင် - သိမ်မွေ့ - မှန်ကန်တဲ့သဘောတရား
လက်ဖျားခါထောက်ခံ
အပေါ်ယံ တင်မကြည့်နဲ့
ဒီ အနန္တ စကြာဝဠာမှာ
လူ့ဘုံထက်သာတဲ့
အခြားသော သက်ရှိများ
ရှိနိုင်သေးပါလား --- လို့
မနေ့ တစ်နေ့ကမှ ထောက်ခံ
နောက်ကျန်တဲ့ အသိပညာ
ရှက်စရာတောင်ကောင်းတယ်--
လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်ကတည်းက
သိပ္ပံပစ္စည်း လုံးဎမရှိဘဲ
ဥာဏ်တော်နဲ့ကြည့်
သိလို့ဟောကြား
ဟောဒီ အနန္တစကြာဝဠာကြီးထဲမှာ
၃၁ - ဘုံသော သက်ရှိဋ္ဌာနများ
ကျင်လည်ပြီး ကျက်စား
သံသရာ ရထားကြီးလားတဲ့----
ဗုဒ္ဒဟာ--
ဒါနတရား ကိုအဓိကထား
လုံးဝ မဟောကြားခဲ့ဘူး
သီလ တရားနဲ့လည်း
ကျေနပ်နှစ်သိမ့်မနေဘူး --
အဓိက က
သဘာဝရဲ့ လုံးဝတိကျမှန်ကန်တဲ့တရား
ဟောသွားခဲ့တာဘဲ--
အဲဒီတရားက
ဒီသံသရာက လွတ်မြောက်နိုင်တာ
ဝိပသ၁နာပေါ့---
(အသေးစိတ်တော့ တော်တော်လေး
နားလည်ဘို့ဝေးလို့)
ရှည်ရှည်ဝေးဝေး လေမပေးတော့ဘူး။
ကိုကြီးမြင့်လွင် မကြာမကြာပြောနေတဲ့
``ဘာသာရေး မှိုင်းမိတယ် `` ဆိုတဲ့စကား
လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ လောက်က
သခင်သန်းထွန်းရဲ့
ကွန်မြူနစ်ဆိုတဲ့ ဘာသာမဲ့ဝါဒ
အဲဒီကစခဲ့တာ-----
အဲဒီဝါဒဆိုးကြောင့်
အဖေ အမေ ဆိုတာမရှိ
ကာမရဲ့ အစွမ်းသတ္တိအရ
လူဖြစ်ရတာ လို့
ကျွေးမွေး သုတ်သင်လာတဲ့
မိဘကျေးဇူးကိုမှ မထောက်
ပဲခူးခရိုင်ထဲမှာ
ရဲဘော်ဖေထူး ဆိုတဲ့ ကွန်မြူနစ် ဘာသာမဲ့ ဘုရားမဲ့တစ်ယောက်ဟာ
နိုင်ငံရေးမှိုင်း မိ
မိဘနှစ်ပါးကို
ကယကံမြောင်သတ်ဖြတ်
ကြောက်တတ်ရင်ပေါ့လေ---
သီလမရှိဘဲအလှုခံစားတဲ့သံဃာ
သူ့ဘာသာ ခံပါလိမ့်မယ်
ကြားဝင်မပါမိပါစေနဲ့
အကြောင်းတရားတွေကြောင့် အကျိုးတရားရ
ဗုဒ္ဒရဲ့ မွန်မြတ်တဲ့တရားဒသ၁န ကို
ဘာမှ မသိဘဲ ပုတ်ခတ်
သွေးပွက်ပွက်အံလိမ္မယ်
ဗုဒ္ဒလက်ထက်က
`` ၆ - ပါးသောဒွါရက
လောဘမီး ဒေါသမီး မောဟမီးများ
တဟုန်းဟုန်းတောက်နေတယ် `` လို့
အဲဒီဒေသနာကိုနာရတဲ့
ရဟန်း ၈၀ လောက်ဟာ
သွေးပွက်ပွက်အံ ဒုက္ခခံဘဝတစ်ပါး
ငရဲလား ကြကုန်သတဲ့
(ဘာဖြစ်လို့လဲဆိုတော့)
သံသရာ အဆက်ဆက်က
မွန်မြတ်တဲ့ဒီတရား ကဲ့ရဲ့ထားလို့---
( ကိုယ်ပြုသမျှကံ ကိုယ်ပြန်ခံရမယ် ဗုဒ္ဒလည်းမကယ်နိုင်ဘူး)
Written by Ko Soe Naing
ရွှင်လန်းချမ်းမြေ့ကြပါစေ---
Labels:
ကဗျာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment