ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, July 28, 2012

ငါ့ဟာကွ(ဟာသ)



ဟိုတယ်တစ်ခုမှာ နှစ်ယောက်အိပ်ခန်းကို ငှားပြီးခါမှ တစ်ယောက်ခန်းသို့ ပြောင်းရွှေ့ပေးပါရန် ဟိုတယ်မန်နေဂျာက မေတ္တာရပ်ခံလာသဖြင့် ကိုမြသည် တစ်ယောက်ခန်းသို့ ပြောင်းရွှေ့ပေးလိုက်ပါ၏။
မန်နေဂျာက ထိုအခန်းသို့ သမီးရည်းစားစုံတွဲတစ်တွဲအတွက် နေရာပေးလိုက်၏။ မိမိနေရမည့်အခန်းသို့ ရောက်ခါမှ ယခင်အခန်းတွင် ခုတင်ခြေရင်း၌ မိမိ၏ ထီးကောက်မေ့ကျန်နေခဲ့ကြောင်း ကိုမြငွေ သတိရ၏။

ထို့ကြောင့် ထီးပြန်ယူရန် ထိုအခန်းသို့ သွားလေ၏။ အခန်းအပြင်ဖက် တရားသို့အရောက်တွင် အတွင်းမှ သမီးရည်စားစုံစွဲ၏ စကားပြောသံကို ကြားရသဖြင့် ခေတ္တနားစွင့်နေမိ၏။

``ခင်ရယ်၊ ဟောဒီရွှေရောင်ဆံပင်လှလှလေးတွေက ဘယ်သူ့ဟာလဲဟင်´´

``အိုး၊ မောင့်ဟာပေါ့၊ မောင်ကလည်း´´

``ဟောဒီသမင်မျက်လုံးလေးကရော´´

``မောင့်ဟာပဲပေါ့´´

``ဒီနှင်းဆီဖူးလေးလို နှုတ်ခမ်းလေးကရောဟင်´´

``မောင့်ဟာ၊ မောင့်ဟာ´´

``ဒီဆင်ဆွယ်လို လက်မောင်းလေးတွေကရော´´

``အိုး… မောင့်ဟာပဲပေါ့´´

ထိုကဲ့သို့ မေးလာရော ပဉ္စငါးပါးကုန်ခါနီးလာ၏။ အပြင်ကနားထောင်နေသော ကိုမြ အတော်ကို စိုးရိမ်စတ် ၀င်လာ၏။ ထို့ကြောင့် အပြင်မှနေ၍ လှမ်းအော်ပြောလိုက်လေ၏။

``အထဲက ကျေးဇူးရှင်လေး……… ကုတင်ခြေရင်းမှာ ချိတ်ထားတဲ့ ထီးကောက်ကြီးကတော့ မင်းဟာဟုတ်ဖူးနော်…. အဲဒါငါ့ဟာကွ´´ တဲ့…

--
အားလုံးပျော်ရွင်ပါစေ

No comments:

Post a Comment