ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, July 28, 2012

သတင်းထောက်(ဟာသ)



တစ်ခါတုန်းက
မြစ်ကူးတံတားပေါ်တွင် အမျိုးသမီးတစ်ယောက်ရပ်နေတယ်။
သူမရဲ့ဂနာမငြိမ်တဲ့အမူအရာအရ သူမဟာမြစ်ထဲခုန်ဆင်းကာ
ကိုယ့်ကိုယ်ကိုယ် သတ်သေရန်ကြံရွယ်နေတာထင်ရှားနေတယ်။
သူမရဲ့အနီးကို သတင်းထောက်တစ်ဦးရောက်လာတယ်။
ပြီးတော့ သတင်းထောက်က
သူမရဲ့အနီးအနားမှာခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ပြီး
လက်မှာပတ်ထားတဲ့နာရီကိုခဏခဏကြည့်နေတယ်။
အဲဒီအမျိုးသမီးကိုဘာအကူအညီမှမပေးပါ။
ဘာမှလည်းဖြောင့်ဖြစကားမပြောပါ။
နောက်ဆုံးသတင်းထောက်ဟာ စိတ်မရှည်တဲ့လေသံနဲ့
ကိုယ့်ကိုယ်ကိုယ်သတ်သေရန်ကြံရွယ်နေတဲ့အမျိုးသမီးကို
စကားပြောလာပါတယ်။
သတင်းထောက်ပြောလိုက်တာက...
" ခင်ဗျား အခု ခုန်ချရင်ခုန်ချ၊
ခုန်မချဘူးဆိုရင် ဒီနေ့ညနေထုတ်သတင်းစာမှာ
ခင်ဗျားအကြောင်းပါလာမှာမဟုတ်ဘူးနော်"တဲ့


--
အားလုံးပျော်ရွင်ပါစေ

--

No comments:

Post a Comment