တစ်ခါက ရွာတစ်ရွာမှာ ကဗျာစပ်ဝါသနာပါတဲ့ ဘုန်းကြီးတစ်ပါးရှိတယ်-- အဲဒီကျောင်းမှာဘဲ ဝါသနာတူ ကပ္ပိယကြီးလဲရှိတယ်-- နှစ်ဦးသား ပုလင်းတူဗူးစို့မို့ တစ်ဦးက အဆိုစပ်ရင် နောက်တစ်ဦးက အအုပ်စပ်လေ့ရှိကြတယ်--
တစ်နေ့တော့ ဘုန်းကြီးတူမ မိရွှေသော်ဟာ ဆွမ်းလာပို့ရင် ကျောင်းထဲကမန်ကျီးပင်ပေါ် မန်ကျီးရွက်တတ်ခူးတာ သစ်ပင်ပေါ်မှာ ချော်လဲသတဲ့---
ဒါကို ဘုန်းတော်ကြီးက မြင်ပြီး စာ စချိုးတယ်---
ဘုန်းကြီးတူမ မိရွှေသော်
သစ်ပင်ပေါ်ချော်လဲ------
အဲဒီလိုစာစချိုးပြီး ကပ္ပိယကြီးကို ဆက်ပြီး အအုပ်ပိုင်းဆက်ဘို့ မျက်ရိပ်ပြတယ်-- ကပ္ပိယကြီး ဆက်ပြီးစပ်တဲ့ကဗျာ အအုပ်ပိုင်းကြောင့် ဘုန်းကြီးကတောင်မွှေးဆွဲပြီးလိုက် ရိုက်ပါလေရော---
ဘုန်းကြီးတူမ မိရွှေသော်
သစ်ပင်ပေါ် ချော်လဲ-----
အလိုတော်အပေါက်ဟောင်း
ကံကောင်းလို့လွဲ ။ ။တဲ့
ပျော်ရွှင်ကြပါစေ-------
No comments:
Post a Comment