ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, October 27, 2012

အမေးရှိလို့--

 
 
"အမေးရှိလို့"


ငါးမရရေချိုးပြန်တဲ့
ဝါသနာအရင်းခံမရှိသူတွေက
ကျွန်မကို   ကဗျာရေးတာ ထမင်း ၀ သလားတဲ့
ပြောပြပါ့မယ်
ကျင်းထဲရောက်မယ့်အရာကို တန်ဆာဆင်သူတွေထဲမှာ
ကျွန်မ မပါဝင်ချင်ဘူး
ထမင်း ၀၀ မ၀၀  ဇီဇာတွေ ချဲ့ပြီး
သူများအဆိုးသာမြင်မယ့်
အမေးရှိတဲ့ လူတွေထက်တော့
ကျွန်မစိတ်ကူးက ထူးပါတယ်

နှင်းဆီဆိုတာသဘာဝပါ
ဟန်ပြတဲ့ လုပ်ကွက်တွေ ဘာတစ်ခုမှ မပါဘူး
ရူးခဲ့တာက ကဗျာအတွေး
လေးစားရတဲ့ ဆရာတွေကလည်း
အခုထိသင်ကြားပေးနေတယ်
မျက်လုံးတစ်ထောင်နဲ့ စောင့်ကြည့်တောင်
နှင်းဆီဘောင်က ကျဉ်းမသွားဘူး

စေတနာလေးရှေ့ ထားပြီး
လေးစားရတဲ့အတွေးနဲ့
ပြန်မေးကြည့်ပါဦးမယ်
သင်ရော   ထမင်းဝရဲ့လား?
ရှိတ်စပီးယားရဲ့ ဂျုးလီးယက်ဆီဇာ ပြဇာတ်ထဲက
ဘရူးတပ်စ် လိုလူတွေ ငါ့ဝန်းကျင်မှာများနေတယ်

(ရိုးသားမှုတွေ ထဲမှာ   ရိုင်းစိုင်းမှုတွေ
လာမစွက်အောင် ရှောင်ထွက်လို့နေတဲ့
ဆူးနှင်းဆီ)
အမေးရှိတဲ့ လူတစ်ယောက်အတွက်ပါ
ကျန်တာ အားလုံး အလေးစားဆုံးနော်  p:)

No comments:

Post a Comment