ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Tuesday, October 30, 2012

အရက်သမားဟာသများ



ဖရက်သည် အရက်နှင့် ပတ်သက်ပြီး အတော်စိတ်မကောင်းဖြစ်နေ၏။ ထို့ကြောင့်
စိတ်ကို အတတ်နိုင်ဆုံး ကြိုးစား
ထိန်းချုပ်ပြီး အရက်မသောက်မိအောင် ဆင်ခြင်ပြုပြင်တော့မည်ဟု
ဆုံးဖြတ်ချက်ချ၏။ အရက်ဆိုင်ရှေ့ရောက်သည့်
အခါ ဆိုင်ထဲ မ၀င်ပဲ တန်းတန်းမတ်မတ် ဆက်လျှောက်သွားဖို့ ပြင်ဆင်ထား၏။
အရက်ဆိုင်နှင့် နီးလာသောအခါ သူသည် သူ့ကိုယ်သူ သတိပေးနေ၏။
'မင်း ရပါတယ်ကွာ၊ ချုပ်တည်းနိုင်ပါတယ်'
အရက်ဆိုင်ထဲ ၀င်ချင်စိတ်၊ တစ်ခွက် တစ်ဖလားမော့လိုက်ချင်စိတ်ကို
ဖိနှိပ်ထားရသည်မှာ တကယ်တော့ မလွယ်ကူပေ။
သို့သော် ဖရက် အောင်မြင်စွာ ချုပ်တည်းနိုင်လိုက်၏။ အရက်ဆိုင်ထဲ မ၀င်ပဲ
ကျော်လာနိုင်ခဲ့၏။
ထို့ကြောင့် ဖရက် က သူ့ကိုယ်သူ ချီးကျူးစကားဆိုလိုက်၏။
'မင်းထိန်းနိုင်မှန်း ငါ စောစောကတည်းက သိတယ်လေ၊ မင်း သိပ်ကိုတော်ပါပေတယ်ကွာ၊
ကဲ... ငါတို့ ပြန်လှည့်ကြရအောင်၊ မင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ငါ မင်းကို
အရက် ၀ယ်တိုက်မယ်'

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
 

တခါက အရမ်းကြောက်တတ်တဲ့ အရက်ဆိုင်ပိုင်ရှင်တစ်ယောက်ရှိပါတယ် ။
သူ့ ဆိုင်မှာလာသောက်တဲ့ အရက်သမားတွေက ပိုက်ဆံရှင်ခါနီးရင်
အမြဲတမ်းစားပွဲခုံကို လက်နဲ့ ထုပြီး ဟေ့
ရှင်းပြီးပြီနော် လို့ အော်လိုက်ရင် သူက ကြောက်ပြီး ဟုတ်ကဲ့
ရှင်းပြီးပါပြီ ..ရှင်းပြီးပါပြီ လို့ ပဲပြန်ပြောလိုက်တယ်
အဲဒီလိုနဲ့ တစ်နေ့ ကြတော့ သူ့ဆိုင်မှာ စားပွဲဝိုင်း ၃ ၀ိုင်းပဲ လူရှိတယ်
။ အဲဒါ ပထမ ၀ိုင်းက စပြီး ဟေ လူ
ရှင်းပြီးပြီနော်လို့ ပြောတော့ ထုံးစံအတိုင်း သူကကြောက်ပြီး ဟုတ်ကဲ့လို့
ပြန်ပြောလိုက်တယ် ဒုတိယ ၀ိုင်းလဲ
အဲဒီလိုပဲပြောသွားတယ် ..ဒီလိုနဲ့ သူကတွေးတယ် ``
အင်း...ငါဒီနေ့လည်းပိုက်ဆံမှရပါဦးမလား ၊
မဖြစ်ဘူး နောက်ဆုံးကျန်တဲ့ဝိုင်းကို တော့ပိုက်ဆံရအောင်လုပ်မယ်´´ ဆိုပြီး
တတိယ၀ိုင်းနားသွားတယ်
ပြီးတော့ အရက်သောက်နေသူတွေကို အချိုသာဆုံးသော မျက်နှာလေးနဲ့

``ခုနက ဟိုလူတွေဗျာ ပိုက်ဆံ မရှင်းပဲ ရှင်းပြီးပြီလို့ ပြောသွားတယ်
ကျုပ်ကလဲ ပြသနာမတတ်ချင်တာနဲ့
ဟုတ်ကဲ့လို့ ပဲ ပြောလိုက်ပါတယ်ဗျာ´´ တဲ့ သူ့ သဘောကတော့
ပိုက်ဆံမရှင်းတာသူသိတယ်ပေါ့ဗျာ ..
အဲဒီမှာ တစ်ယောက်က မတပ်ထရပ်လိုက်ပြီး
သူ့ ရဲ့ ကုတ်ကိုလှမ်းစွဲလိုက်တယ် ပြီးတော့ ဒေါသနဲ့
`` ဘာတွေလာပြောနေတာလဲ .. ပိုက်ဆံအခုထိမအန်းသေးဘူးလား ´´ တဲ့

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

အလွန်မူးနေသော ခရီးသည်တစ်ယောက်သည် တိုက်တန်းနစ်င်္သဘောပေါ်တွင် လိုက်ပါလာသည်
များမကြာမှီင်္သဘောမှာမှောက်လေတော့ သည် ပြေးသူပြေးအော်သူအော်ဟစ်နေတော့သည်
အရက်သမားကတော့ အေးအေးဆေးဆေးပင်
အရက်သမား= လူတွေများများခေါင်းအေးအေးထား မစဉ်စားတတ်ဘူး
ဒီမှာကိုယ့်လူ (အနီးမှဖြတ်ပြေးသွားသောလူအားခေါ် သည်)
အနီးဆုံးကုန်းမြေနဲ့ င်္သဘောမိုင်ဘယ်လောက်ဝေးလည်း
ဖြတ်ပြေးသောသူ= 2 မိုင်

အရက်သမားရေထဲခုန်ချလိုက်သည်ပြီးတော့
အရက်သမား= ဘယ်ဘက်အရပ်လည်း
ဖြတ်ပြေးသောသူ= အောက်တည့်တည့် အောက်တည့်တည့်

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

စာကပ်ထားသည်
လမ်းပေါ်မှာ နိုနို တစ်ယောက် သတိလစ်နေတာကို တွေ့ရသော လမ်းသွားလမ်းလာ
တချို့က သူ့ကို ဆေးရုံပေါ်
တင်ပေးလိုက်သည်။ ဆေးရုံရောက်သောအခါ သူနာပြုဆရာမများသည် သတိလစ်နေသူ၏
ရင်ဘတ်မှာ တိပ်နှင့်
စာကပ်ထားသည်ကို တွေ့လိုက်ရသည်။ စာမှာ

“ ချစ်စွာသော ဒေါက်တာ၊ ကျွန်တော် အရက်မူးတာ သက်သက်ပါပဲ။ ကျွန်တော် ကောင်းကောင်း
အိပ်ပျော်ပြီး နိုးလာရင် ပုံမှန်ပြန်ဖြစ်သွားမှာပါ။ ဟိုနှစ်ခါ ဆေးရုံ
ရောက်လာတုန်းကလို ကျွန်တော့်
အူအတက်ကို မခွဲတော့ပါနဲ့ ”

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

ပြဿဒါးနေ့
သားလေး...တစ်ယောက်သည် လမ်းသွားလမ်းလာ တစ်ယောက်ကို ဘယ်နှနာရီ ထိုးပြီလဲ ဟုမေးသည်။
ထိုလူက နာရီကို ကြည့်ပြီး အချိန်ကို ပြော၏ ။
ထိုအခါ အမူးသမားက ခေါင်းတယမ်းယမ်းနှင့် စိတ်ညစ်စွာ တီးတိုးရေရွတ်သည်။
“ ငါတော့ ဒီနေ့ မဟုတ်တော့ဘူး။ တစ်ညလုံး ဘယ်သူ့မေးမေး
တစ်ယောက်တစ်မျိုးစီပဲ ဖြေနေကြတယ် ”

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

ဘယ်ကိုရောက်နေလဲ
အမူးသမားနှစ်ယောက် တံတားတစ်ခုပေါ်မှာ လေညှင်းခံရင်း ရေထဲက ' လ ' ၏
အရိပ်ကိုကြည့်နေကြလေသည်။

ပထမလူ ။ ။ “ ဟေ့ ဟိုအောက်က ဘာလဲကွ ”

ဒုတိယလူ ။ ။ “ အဲဒါ ' လ ' ပေါ့ကွ ”

ပထမလူ ။ ။ “ ဟေ့ကောင် ဒါဆို ' လ ' က အောက်မှာဆိုတော့ ပြဿနာပဲ။

ငါတို့က ဘယ်ကို ရောက်နေတာလဲ ”

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

သောက်တယ်ဆိုတာ
အီထိုင်းသည် သူ့ယောက်ျားနိုနို ညတိုင်း အပြင်ထွက် အရက်သောက်ပြီး
အပျော်ရှာနေသည်ဟု ယောက်ျားဖြစ်သူ
ကို မြည်တွန်နေသည်။ ဒီလိုနှင့် တစ်ညနေခင်းတွင် နိုနိုက သူ့မိန်းမကိုပါ
မိုးအေးဆိုင်သို့ခေါ်သွားသည်။

“ မင်း ဘာသောက်မလဲ ”ဟု သူ့မိန်းမကို မေးသည်။
“ ရှင် သောက်တာ သောက်မယ် ”
ထိုအခါ နိုနိုဖြစ်သူက အပြင်းဆုံးအရက် နှစ်ပက်မှာပြီး သူ့အရက်ခွက်ကို
အချိန်အကြာကြီး ဆွဲသောက်သည်။
အီထိုင်းက သူသောက်တာကို ကြည့်ပြီး တစ်ငုံ ငုံလိုက်ရာ မသောက်နိုင်ပဲ
ချက်ချင်း ထွေးထုတ်ပစ်သည်။

“ ကဲ.. မင်း အခု သိပြီမဟုတ်လား။
ငါက အရက်သောက်တာ ပျော်လို့သောက်နေတာများ ထင်နေလား.......တဲ့.....

No comments:

Post a Comment