ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Sunday, October 28, 2012

မဟောင်းနွမ်းတဲ့အလွမ်း

 
 
"မဟောင်းနွမ်းတဲ့ အလွမ်း"



လွမ်းလိုက်တာဟာ
ထမ်းထားရတာ  မဟုတ်ပေမယ့်
ရင်ထဲပင်ပန်းလိုက်တာ
လွမ်းရင်းနဲ့ လွမ်းချင်းတွေ ဖွဲ့လို့
ည ညဆို လွမ်းရင်း အိပ်မပျော်တာ များပေါ့


လွမ်းလိုက်တာဟာ
ထမ်းထားရတာ  မဟုတ်ပေမယ့်
ရင်ထဲလေးလံလာလိုက်တာ
လွမ်းရင်းနဲ့ အလွမ်းသင့်ရက်တွေများလို့
ငါ့ရင်တောင် အလွမ်းနဲ့ ကျွမ်းလောင်ခဲ့ပေါ့


လွမ်းလိုက်တာဟာ
ထမ်းထားရတာ  မဟုတ်ပေမယ့်
ရင်ထဲမှတ်တမ်းတွေ များတော့
မွေးသက္ကရာဇ်  ရာဇ၀င် ဇာတာခွင်ပြန်စစ်ကြည့်တော့
အလွမ်းနဲ့သာ ထာဝရ ရှင်သန်ခွင့်ရမယ့်သူတဲ့


လွမ်းလိုက်တာဟာ
ထမ်းထားရတာ  မဟုတ်ပေမယ့်
ဆွေးမြည့်တဲ့ ခံစားမှုနဲ့ အုတ်မြစ်ချထားတဲ့အချစ်
ရာစုနှစ်တွေ ပြောင်းတောင်မှ
ငါ့အလွမ်းတွေ   မဟောင်းတော့ဘူး

(အနမ်းခံ ပန်းထက် အလွမ်းစံ ပန်းအဖြစ် ရှင်သန်ရစ်တဲ့ နှင်းဆီ)

No comments:

Post a Comment