ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, October 27, 2012

ပျော့ညံ့သူလား




ပျော့ညံ့သူလား ယတိပြတ်သူလား
ရင်ဆိုင် ဖြေရှင်းရန် ရှိသည့် ပြသနာ များကို ချက်ချင်း မဖြေရှင်းပဲ အချိန် ဆွဲနိုင်သမျှ ဆွဲထား တတ်သူ၊ ငြင်းဆန် စကား ပြောရမည်ကို အားနာ တတ်ပြီး မိမိ သဘောထားကို ပြတ်ပြတ် သားသား ထုတ်ဖော် မပြောဆိုသူ သို့မဟုတ် အမြဲတမ်း လိုက်လျှော ညီထွေ ဖြစ်အောင် နေတတ်သူ ပြသနာ သို့မဟုတ် အခက်အခဲ တစ်ခုခု ရှိလာပါက ထုတ်မပြော ၀န်မခံဘဲ မြုံစိစိ လုပ်ပြီး ၀န်မခံ တတ်သူ၊ ပျော့ညံ့ခြင်းနှင့် ယတိပြတ်ခြင်းကြား ဝေခွဲမရ ဖြစ်နေတတ်သူ၊ အခြားသူများကို အလုပ်ခွဲဝေ ပေးရမည်ကို အားနာသဖြင့် အလုပ်များ သူတစ်ဦးတည်းပေါ်တွင် လုပ်ငန်း တာဝန်များ စုပုံ နေတတ်သူများကို တွေ့ဖူး ကြပါ လိမ့်မည်။ ထိုသို့ ဖြစ်စေ တတ်သော အကြောင်း အရင်းများမှာ

၁။ အများသဘောနှင့် ဆန့်ကျင်လျှင် မိမိကို မနှစ်သက်မှာကို စိုးရိမ်ခြင်း၊

၂။ အမှန်တရား တစ်ခုအတွက် ရေရှည် ရပ်တည်ဖို့ထက် လက်ရှိ တစ်ခဏ သဘောထား ကိုက်ညီမှုကို ပိုမို ဦးစားပေးလိုခြင်း၊

၃။ အခြားသူများက ခြိမ်းခြောက် ရန်လိုမည်ကို စိုးရိမ်ခြင်း၊

၎။ ကိုယ်ပိုင် အမြင်နှင့် ကိုယ်ပိုင် တွေးခေါ်ခွင့် ရှိသည်ကို အသုံးမချ တတ်ခြင်း၊

၅။ မိမိအမြင် မိမိအတွေးအခေါ် အယူအဆများကို ကိုယ်တိုင် ယုံကြည်မှု အားနဲခြင်း

၆။ ပြတ်ပြတ် သားသား လုပ်ဆောင် နိုင်မှု အားနဲခြင်း၊

၇။ ပြတ်ပြတ် သားသား ဖွင့်ဟ ပြောဆိုခြင်းနှင့် ရန်လိုခြင်း သို့မဟုတ် မကောင်း မြင်တတ်ခြင်းကို ကွဲကွဲပြားပြား မသိခြင်း၊

၈။ အလိုက် အထိုက် လိုက်လျော ညီထွေ ပြောဆို နေထိုင်ခြင်းသည် ယဉ်ကျေးသော အပြုအမူ ဖြစ်သည်ဟု
   ထင်မြင် ယူဆခြင်း  တို့ဖြစ်ပါသည်။

ထိုအမူ အကျင့်များ စွဲလာပါက  ကိုယ်ကိုယ်ကိုယ် ယုံကြည်မှု လျော့ပါး လာခြင်း ပြသနာကို ဖြေရှင်းနိုင်စွမ်း ဆုံးဖြတ် နိုင်စွမ်းများ လျော့ပါး လာခြင်း လုပ်ငန်းခွင် အတွင်း စွမ်းရည် ကျဆင်း လာခြင်းများ အချိန်မီ အလုပ် မပြီးတော့ခြင်း အရေးတစ်ကြီး ဆုံးဖြတ်စရာ ကြုံလာလျင် ဆိုင်းထား တတ်ခြင်းများ ဖြစ်လာ စေနိုင်ပါသည်။ မိမိကိုယ်ကိုယ် ယုံကြည်မှု တိုးတက် စေရန် ပြသနာများကို ပြတ်ပြတ် သားသား ဆောင်ရွက် တတ်သော ပြသနာများကို နားထောင် တတ်သော မည်သူ့ကိုမျှ အပြစ်မတင်ပဲ အကောင်းဆုံး ဖြေရှင်းတတ်သော ပြသနာဖြစ်လာပါက အပြုသဘောနည်းဖြင့် ဖြေရှင်းနိုင်ရန် အကြံပြုပေးခြင်း နှင့် မိမိ ရပ်တည်ချက် ခိုင်မာ ပြတ်သားသော အခြား သူများ၏ အမြင် ကိုလည်း အသိအမှတ်ပြုပြီး ကိုယ်ပိုင် ခံစားချက်နှင့် အတွေးများကို လည်း ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောပြနိုင်သော လုပ်ငန်းခွင် အတွင်း စွမ်းရည် ပိုမို မြင့်မား လာစေရန် အတွက် မိမိ ကိုယ်တိုင်က လေ့ကျင့်  ပျိုးထောင်ရန် လိုအပ်ပါသည်။


စီမံခန့်ခွဲမှုနှင့်စာရင်းပညာရပ်ဝန်းမှ ပြန်လည်မျှဝေပေးသည်.....

No comments:

Post a Comment