ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, October 27, 2012

တိုက်ဆိုင်တဲ့အလွမ်း

 
တိုက်ဆိုင်တဲ့ အလွမ်း"

မန္တလေးရဲ့ ချမ်းအေးညတွေမှာ
နင်နဲ့ ငါ အတူစားခဲ့ တဲ့  ၈၄လမ်း က ဒုတ်ထိုးဆိုင်လေးလည်း လွမ်းတယ်

နင်နဲ့ ငါ  အ ပြိုင်မောင်းဖို့ လမ်းတွေရှင်းပေးထားသလို
ကျုံးဘေးရဲ့ မာကျုရီ ညချမ်းလေးဆိုင်ကယ်အတူမောင်းတဲ့နေ့လည်း လွမ်းတယ်

တွေ့ ရင်မ၀ယ်ဘဲမနေနိုင်တဲ့ နဂါးမောက်သီးမြင်တိုင်းလဲ လွမ်းတယ်
( နင်ကြိုက်မှန်းသိလို့ ငါ အခုထိယောင်ယောင်ပြီးဝယ်နေမိတာခွင့်လွှတ်ဟာ)

နင်နဲ့ ငါ အမြဲဖူးမြော်တဲ့  မဟာမြတ်မုနိ ဘုရားကြီးကိုလည်း ရုံးပိတ်တိုင်းသွားတယ်

အပြန်အလှန်ပေးမိကြတဲ့   fancy   ပစ္စည်းလေးတွေအတွက်
ခုတော့ ၀ယ်ဝယ်ပြီးစုထားမိတာများပေါ့
( for lover gift ဆိုင်ရောက်တိုင်းလည်းလွမ်းတယ်)

ကော်ဖီကြိုက်တဲ့နင်နဲ့ အမြဲအတူသောက်တဲ့ Cafe brolly နဲ့  M Donutsရောက်တိုင်းလည်းလွမ်းတယ်

ကန်တော်ကြီးဘက်တစ်ပတ်ပတ်လို့သူများအတွဲတွေ လိုက်စပြီး ထွက်ပြေးခဲ့တဲ့ နေ့၇က်တွေလည်းလွမ်းတယ်

မသိအောင်သွားပါမှ အမျိုးတွေနဲ့ တည့်တည့်တိုးလို့ အဆူခံထိတဲ့ မန္တလေးတောင် တက်တဲ့ နေ့ရက်ကိုလည်းလွမ်းတယ်

ဦးပိန်တံတားမှာ လှေစီးရင်း ရေနစ်လို့ငါ ကယ်ခဲ့ရတဲ့  ရေမကူးတတ်တဲ့ ချစ်သူ  နင့်ကိုလွမ်းတယ်

နင်ဖတ်နေကျ မောင်ပေါ်ထွန်းရဲ့ ဘာသာပြန်စာအုပ်တွေအတူ သွား သွား ၀ယ်နေကျ  နဂါးစာပေ ရောက်တိုင်းလည်းလွမ်းတယ်

IC   ၇ဲ့ ပရိတ်သတ်ဖြစ်လို့ နင်ကြိုက်တဲ့ လေးဖြူ အသံကြားတိုင်း ငါ နင့်ကို လွမ်းမိတယ်

ဟိုစဉ်က အတူကြည့်ခဲ့တဲ့မြို့မ နဲ့ ၀င်းလိုက်ရုံ   ငါ ခြေဦးတောင်မလှည့်ဖြစ်တာကြာပေါ့ ကားသစ်တင်တိုင်းနင့်ကိုလွမ်းတယ်

အချိန်တန်လို့ အိမ်ပြန်ရတယ်ဆိုပေမယ့်နင့် ခါးကိုဖက်ပြီး ငါ ဆိုင်ကယ်မစီးဖြစ်တာ ၃နှစ်ကျော်ကြာပေါ့
(ဆိုင်ကယ်စီးတိုင်းလည်းလွမ်းတယ်)


ခုတော့လည်းလေ....................
နင်ကိုယ်တိုင်တည်ဆောက်သွားတဲ့    မိသားစုရှိနေပြီဆိုမှတော့
ရုပ်သေတွေကို    ဘောင်သွင်းထားတဲ့
 ငါ့အခန်း စာကြည့်စားပွဲက   ဒို့နှစ်ယောက်ဓါတ်ပုံ....
................................................
...............................................
်မေ့ပစ်ဖို့တော့ ကြိုးစားရမယ်
(အလွမ်းတွေက လွန်မြောက်ချင်ပြီ    နှင်းဆီ)

No comments:

Post a Comment