ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Sunday, October 28, 2012

လွမ်းသူပါရှင်

 
 
"လွမ်းသူပါရှင်"



ခုတလော စက္ကန့် မခြားကို  လွမ်းနေရတယ်
မြန်မာပြည်မှာ ငါ့ထက် လွမ်းသူရှိချင်ဦးမလား ?
အချိန်နဲ့အမျှ လွမ်းရဖို့အတွက် အလွမ်းပွဲကို
ငါတစ်ယောက်တည်း လေလံစွဲမယ်

ကဗျာထဲမှာ အလွမ်းဆွေးဘဲပါလို့ အသိတစ်ချို့က
အထင်သေးစွာဟားချင်ကြတယ်
သရော်သလို ဆုတောင်းပေးရင်း
အချစ်သစ်အမြန်တွေ့ပါစေလေ
ခံစားမနေနဲ့ တဲ့
ပေးတဲ့ဆုနဲ့ ဝေးပါစေကွယ်
အချစ်စစ်ကို မေ့ပြီး အသစ်ပြောင်းသူတွေထဲမှာ
နှင်းဆီ   မပါဝင်ချင်ဘူး
အလွမ်းကိုလေနဲ့ တင်စားပြီး အလွမ်းလေထုကိုရှုတဲ့ သူတိုင်း
ကျန်းမာစွာအသက်ရှင်နေတာ ကိုယ်တွေ့ မို့ပါ
အလွမ်းမှာ  နွေ မိုး ဆောင်း ဥတု သုံးပါးလုံးဖြတ်သန်းဖို့
ဇာတ်လမ်းတွေရှိတယ်
ရိုးရိုးလွမ်းနဲ့ ရှယ်လွမ်း နှစ်သက်ရင် သင်လည်း
ရူးသွပ်စွာ   ၀င်လွမ်းကြည့်နိုင်တယ်
အလွမ်းကို ဂုဏ်ထူးဆု မပေးကြပေမယ့်
အောင်မြင်စွာဖြတ်သန်းဖူးတဲ့ အချစ်ရဲ့  ရင်ခုန်သံ
မှတ်တိုင်ဟောင်းအဖြစ် သတ်မှတ်ပေးကြတယ်
ပျော်ရွှင်စွာက ခုန်ဖူးတဲ့ အချစ်ရဲ့ ဇာတ်ရုံကြီးထဲမှာ
အချစ်မင်းသားနဲ့ အလွမ်း မင်းသမီး
နှစ်ပါးသီချင်းတွေ   ဟစ်ခဲ့ဖူးတယ်
ပတ်စာခွာ  ဖျာလည်းသိမ်းရော
အလွမ်းသမလေး က အရင်တိုင်း
လွမ်းရင်းကျန်ခဲ့ရရော
အိပ်ချိန်တစ်ချို့ ကလွဲလို့လွမ်း
အိမ်မက်ထဲထိလွမ်း
အသက်ရှုတိုင်းလွမ်း
လွမ်းးးးးးး
လွမ်းးးးးးးးးး
(အနမ်းခံ ပန်းထက်  အလွမ်းစံ ပန်းအဖြစ် ရှင်သန်ရစ်တဲ့ နှင်းဆီ)

No comments:

Post a Comment