ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, October 20, 2012

Fwd: ကိုးကွယ်ခြင်း ဆိုသော်လည်း






ကိုးကွယ် ခြင်း အကြောင်း
********************

ဒေါသ ပွားရင်
ဒေါသ ထန်မယ်---
တဏှာ ပွားရင်
တဏှာ သန်မယ်---
မာန ပွားရင်
မာန ခံမယ်---
လောဘပွား ရင်
လောဘ ကျန်မယ်---
မေတ္တာ ပွားရင်
မေတ္တာ စံမယ်---
ဥပေက္ခာ ပွားရင်
ဥပေက္ခာ ဆန်မယ်---
ကဲ----
ကိုယ်ကြိုက်တာ ကိုယ်လုပ်
ကိုယ်လုပ်တာ ကိုယ်ခံ
အဲဒါ ကံ ကံရဲ့ အကျိုး
ဗုဒ္ဓတရားမျိုးက
``အတ္တာ ဟိ အတ္တာနော နာထော``
ဘယ်သူ့ကိုမှ ကိုးကွယ်ဘို့ မဟောခဲ့ဘူး။
ကျူပ်တို့ ဗုဒ္ဓဘာသာကို ကိုးကွယ်တယ်ဆိုတာ
ှဗုဒ္ဓရဲ့ လမ်းညွှန်ချက် တရားတော်တွေကို လိုက်နာတာပါ။
``အားကိုးပါတယ်----``
``အကာကွယ်ပေးပါ---``
ဆိုတဲ့--
တစ်ပါးသူကို အားကိုးပြီး
တစ်ပါးသူကို အကာကွယ်ယူထားတာ
ညံ့ဖျင်းလွန်းတဲ့ စိတ်ဓါတ်ပါပဲ---
အဲ-- စော်ကားတယ်ဆိုရင်တော့
ဆောရီးပါဗျာ
ငြိမ်းချမ်းချင်တဲ့ အာသီသ နဲ့
မေတ္တာ ပွားလိုက်ဦးမယ်---
``လူသား အားလုံး အမြင်မှန် ရကြပါစေ---``

ကိုစိုးနိုင် (မြန်မာ့အရုဏ်သစ်)

No comments:

Post a Comment