ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Tuesday, October 30, 2012

အထီးကျန် ဆောင်းည

 
 
"နန်းတေ်ရှေ့ရဲ့ အထီးကျန်ဆောင်းည"


တောင်နှစ်တောင်ကြားထဲက  တိုးဝှေ့ ကာ
ရှင်သန်တဲ့ ငါနေတဲ့ နန်းတော်ရှေ့

မန်းတောင်ပေါ်က  ကြည့်လည်း
မြူဝေပြီး    စိန်ပန်းလမ်းမထက်
စွေးစွေးနီ စိန်ပန်းပွင့်ချပ်တွေ
မြေမှာကျလို့

ရန်ကင်းတောင်ဘက်ကကြည့်လည်း
မြူဆိုင်းပြီး အဝေရာလမ်းမထက်
မှိုင်းပျပျ အဝေရာကိုင်းတွေ
မြေမှာကျလို့

အခုဆိုဆောင်းရောက်ပြီ
နှင်းဝေတာလည်းလွန်ဘဲ
ဆရာဖေရဲ့ ချမ်းပုံမှာကမ်းကုန်လို့ 
လမ်းဆုံက ဟစ်ချင်တဲ့နေရာဟာ
ဒို့  နန်းရှေ့ ဘဲဖြစ်မယ်

ဆောင်းတွင်းရောက်ပြီ
နှင်းတွေ ဝေပြီ
တခစ်ခစ်ရယ်သံတွေ ငါ့အတိတ်မှာ မြှပ်နှံထားတဲ့ နေ့က စလို့
နန်းတော်ရှေ့ရဲ့ဆောင်းညတွေဟာ ပိုအေးပြီး အထီးကျန်လွန်းလှတာ
နင်သိနိုင်မလား????


အထီးကျန်အလွမ်းညတွေကို ထာဝရအပိုင်ဝယ်ယူထားတဲ့  နှင်းဆီ


No comments:

Post a Comment