ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Sunday, October 28, 2012

အမေမွေးတဲ့နေ့

 
 
''အမေမွေးတဲ့နေ့"


ဘယ်နေရာမှာဆာလောင်နေသလဲ
ဘ၀ကြီးကို အစာကျွေးဖို့
ဒီနေ့ လေးကိုအမေ မွေးခဲ့တယ်
ကျေးဇူးပါအမေ
လိုတိုင်းတွေ တ ရနေတဲ့ ဘ၀ထက်
မျှတရောင့်ရဲ  နေနိုင်တဲ့စိတ်ကလေးပေးခဲ့တာ

ကျေးဇူးပါအမေ
ဘယ်နေရာမှ မပျောက်ပျက်
ဘ၀တွက် လိုအပ်ချက်ပညာအမွေ တွေ ပေးခဲ့တာ

ကျေးဇူးပါ အမေ
အမေနဲ့ ဝေးမှ သင်ပြခဲ့သမျှတွေ
လိုက်နာကျင့်သုံး အရှုံး မတွေ့ခဲ့တာ
လူထဲက လူတစ်ယောက်အဖြစ်
၂၈ နှစ်တိုင် ရပ်တည်ခဲ့ပါပြီ

ကျေးဇူးပါအမေ
မိဘတိုင်းရဲ့ နှိုင်းမရတဲ့ မေတ္တာတွေဟာ
ရင်မှ လွယ်မွေး ကိုယ့်သွေးသားတွက်
ဘယ်အရွယ်ရောက်ရောက် ကလေးတစ်ယောက်ထက်ကို မပိုတာ
စောင့်ရှောင့်အုပ်မိုး မေ့မေတ္တာ တန်ခိုးတွေဘယ်လောက်
ကြီးမားတယ်ဆိုတာ

အမေ
အမေရယ်
၁ရက်  ၁လ ၈၄ ချမ်းအေးလှတဲ့ ဆန်းဒေးရဲ့ နံနက်ခင်းမှာ
အမေ သေမင်းနဲ့  ဘယ်လောက်ရင်ဆိုင်ခဲ့ရမလဲနော်

အမေမှ  မရှိရင် သမီးဆိုတာ   မဖြစ်တည်ခဲ့ဘူး
အမေ ပေးတဲ့ ဒီအသက်ကလေးကို  သမီးတကယ်မြတ်နိုးတယ်
အမေ မွေးတဲ့ ဒီရက်ကလေးကို  သမီးတကယ်မြတ်နိုးတယ်
၂၈ နှစ်ပြည့် အမှတ်တရ  ဒီမွးနေ့မှသည် အသက်ရှင်သမှကာလပတ်လုံး
လိမ္မာသိတတ်သော ထီးလိုသမီးကောင်းအဖြစ်  ရပ်တည်သွားပါ့မည် (မေ့သမီး နှင်းဆီ)
ပျော်ရွှင်ဖွယ်နှစ်သစ်ပါရှင်   !
Admin နှင့်တကွ  member   တွေ အားလုံး ၀င်ရောက်ဖတ်ရှုသူအားလုံး
ဆင်းရဲနှင့်ငရဲ ကင်းစွာ ပျော်ရွှင်နိုင်ကြပါစေ။   
အကြင်နာနှင်းဆီ
  

No comments:

Post a Comment