ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, October 27, 2012

--- အကြောင်း



"...................အကြောင်း"

တစ်စုံတစ်ခုကိုလိုမှ  အပိုတွေ တ တတ်သူထဲမှာအပါဝင်ကြောင်း
ဖေ မေနဲ့စရိုက်သဘာတွေ မတူလို့ ခေါ်ယူမွေးစားတယ်လို့ပြောခံရကြော
င်း
ဘ၀ တစ်ခုမှာ သူ့ ကြောင့် ကာလတစ်ခုတာ နာဖျားဖူးခဲ့တဲ့အကြောင်း
ကိုယ်မသောက်ဘဲ  ရှုမိတဲ့ဆေးလိပ်ငွေတွေ  အကြောင်း
မေးခွန်းဟောင်းကိုဘဲ အထပ်ထပ်ပြန်ဖြေပြီး စာမေးပွဲခန်းဝင်ရမှာကိုကြောက်နေတဲ့အကြောင်း
မန္တလေးနဲ့ခြင် ဆွေမျိုးတော်စပ်တာကို ငြင်းချင်သူရှိက ငြင်းနိုင်တဲ့အကြောင်း
မြစ်တွေကောင်ကွေ့တာကို    မာယာလို့ သမုတ်သူကို မနှစ်သက်ကြောင်း
ညမှာ အနက်ရောင်တွေ လွှမ်းလို့  ငါ့အိမ်မက်တွေ မဲခဲ့ရကြောင်း
သန်းခေါင်ယံတေးအဖြစ်ခွေးတွေ ထဟစ်တာကို နှစ်သက်စွာ နားဆင်မိတဲ့အကြောင်း
ကဗျာထဲမှာသူ့  အကြောင်းတွေ အများဆုံးပါဝင်တာ ရိုးသားစွာ ၀န်ခံမိတဲ့အကြောင်း
ဟိုင်း  ! ကဗျာဆရာမ လို့ လာနှုတ်ဆက်တိုင်း   ရင်တွေ လှိုင်းထ သွားတတ်ကြောင်း
နောက် ၅နှစ်ကြာရင် အကြင်နာနှင်းဆီ အိမ်ထောင်ရှင်မကြီး  ဖြစ်ချင်ဖြစ်နေမယ့်အကြောင်း
ရံဖန်ရံခါ  အစွန်းရောက်စိတ်နဲ့  မိဖုရားထက် ဘုရင်မကြီးသာ ဖြစ်ချင်စိတ်ရှိကြောင်း
ကဗျာလှဖို့ မလှ ဖို့ထက်  ၀ါသနာကျရာဆေးစက်ချမိနေတဲ့ အကြောင်း
ဖြည်းဖြည်းလျှောက်ရင် ဝေးဝေး ရောက်သတဲ့
အလွမ်းတွေကို ကဗျာထဲ နည်းနည်းစီ သွန်ချရင်း
ဖြည်းဖြည်းချင်း အလွမ်းပါးအောင် လုပ်နေတဲ့အကြောင်း
..............................................အကြောင်း
.............................................အကြောင်း


နှင်းဆီ

No comments:

Post a Comment