ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Tuesday, October 30, 2012

မပီပြင်တဲ့ (History)

 
 
"မပီပြင်တဲ့ History"


နှစ်တစ်နှစ်လည်းကုန်ဆုံးရစ်ခဲ့ပြန်ပြီ
ငါဘာတွေ ချန်ထားရစ်ခဲ့နိုင်လဲ  ...?

ငါ့သမိုင်း   ငါ့အနာဂတ်မှာ
ခွင့်လွှတ်တော်မူပါဆိုပြီး
ကျူးလွန်ခဲ့တာတွေလည်းရှိမယ်


ငါ့သမိုင်း   ငါ့အနာဂတ်မှာ
ပေးဆပ်တာထက်မြတ်တဲ့
စွန့်လွှတ်မှုတွေလည်းရှိမယ်
ငါ့သမိုင်း   ငါ့အနာဂတ်မှာ
ခဏတာရတဲ့ ဘ၀ကို ထာဝရထင်ပြီး
သာယာနေတဲ့နေ့တွေလည်းရှိမယ်

ငါ့သမိုင်း   ငါ့အနာဂတ်မှာ
မိန်းမသားအဖြစ် မွေးဖွားခဲ့တဲ့
အားမငယ်တဲ့  ကံတရားတွေရှိမယ်

ငါ့သမိုင်း   ငါ့အနာဂတ်မှာ
ရုပ်တရားအတွက် အကျိုးပြုမယ့်
ပရဟိတ အလုပ်တွေလည်း လုပ်နေလိမ့်မယ်

ငါ့သမိုင်း   ငါ့အနာဂတ်မှာ
ကိုယ့်တ္တ အတွက် သူတပါးအတ္တ ကိုချမနင်းဖို့
လေ့ကျင့်မှုတွေ ပြုနေလိမ့်မယ်

ငါ့သမိုင်း   ငါ့အနာဂတ်မှာ
၅၂၈ ထက်ပိုတဲ့ ရစ်ဖွဲ့ တဲ့
သံယောဇဉ်တွေလည်းရှိမယ်

ငါ့သမိုင်း   ငါ့အနာဂတ်မှာ
လက်ခုပ်လက်ဝါးတွေတီးပြီး
ပျော်ရွှင်မှုကို ဖန်တီးတဲ့ အခါတွေလည်းရှိမယ်

ငါ့သမိုင်း   ငါ့အနာဂတ်မှာ
လမ်းလျှေက်တိုင်းပန်းတွေခင်းတဲ့
ဖန်ဆင်းပေးမယ့်  လူတစ်ယောက်လည်းရှိမယ်

ငါ့သမိုင်း   ငါ့အနာဂတ်မှာ
ရူးရူးမူးမူး   ချစ်မိလို့
နဖူးကို နမ်းခဲ့ဖူးသူလည်းရှိမယ်

ငါ့သမိုင်း   ငါ့အနာဂတ်မှာ
မေ့လျော့ ကွယ်ပျောက်စပြုတဲ့
ချစ်ပုံပြင်တွေလည်းရှိမယ်

ငါ့သမိုင်း   ငါ့အနာဂတ်မှာ
လွမ်းဆွေးမှုထက်နာကြည်းတဲ့
ဥပေက္ခာ ပြုမှုတွေလည်းရှိမယ်

ငါ့သမိုင်း   ငါ့အနာဂတ်မှာ
ဘယ်သူမှအရေးမပေးပါဘဲ အရာရောက်နေတဲ့
အချစ်ဆိုတဲ့ အမှုကလည်း ရှောင်ထွက်နေတတ်ရမယ်

ငါ့သမိုင်း   ငါ့အနာဂတ်မှာ
ခန္ဓာကိုယ် ရေချိုးပြီး
စိတ်ကို မသန့်စင်လိုက်ရတဲ့  နေ့ ညတွေလည်းရှိမယ်

ငါ့သမိုင်း   ငါ့အနာဂတ်မှာ
စကားကုန်သည်တွလောက်မပေါ ကြွယ်ပေမယ့်
ငါ  မပြောခဲ့တဲ့အရာတွေလည်းရှိမယ်

ငါ့သမိုင်း   ငါ့အနာဂတ်မှာ
လော
လော
ဆယ်
တော့...........
ဒေါက်တာသန်းထွန်းရဲ့ သမိုင်းစာအုပ်တစ်အုပ်နဲ့
Hansaplast    တစ်စုံသာ ကျန်ရစ်ခဲ့တယိ    P:)

No comments:

Post a Comment