ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Thursday, November 15, 2012

အွန်လိုင်းမှ ဟာသများ

 
 
လူစကား
လူစကားပြောတတ်သော ကြက်တူရွေးကို မိန်းမကြီး ဝယ်လာသည်။ အိမ်သို့
ရောက်ရောက်ချင်း ကြက်တူရွေးကို ပြောသည်။
“ငါပြောတဲ့အတိုင်း လိုက်ပြောစမ်း။ ကျွန်ုပ်သည် လူဖြစ်သည်။ လူစကားကို
ပြောတတ်သည်လို့”
ကြက်တူရွေးက အံ့သြတကြီး ပြန်မေးသည်။
“ဘာ ဘာ။ ခင်ဗျားလည်း လူစကား ပြောတတ်တယ် ဟုတ်လား”
အဆုံးအထိ ရယ်ပါ
ညအလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ လူတစ်ယောက် ကပ်ပါလာတယ်။ ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။ ဖြစ်ချင်တော့ အပြန်လမ်းမှာ သင်္ချိုင်းတစ်ခု ဖြတ်ရတယ်။ ကောင်မလေးက ဖြတ်ထိုးဥာဏ်သုံးပြီး ဂူတစ်ခုရှေ့ရပ်လိုက်တယ်။ အဲဒီနောက် ဂူကိုလက်နဲ့ပုတ်ပြီး "အဖေ.. အဖေ.. သမီးပြန်လာပြီ တံခါးဖွင့်ပေးအုန်း" လို့ ပြောလိုက်တယ်။ နောက်မှာကပ်ပါလာတဲ့ လူက ကောင်မလေး စကားကြောင့် ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့တယ်။

ထွက်ပြေးသွားတဲ့လူကို ကြည့်ပြီး ကောင်မလေး ရယ်မိတယ်။ အဲဒီအချိန်မှာ ဂူနောက်ကနေ အသံတစ်သံ ထွက်လာတယ်။ "သမီးကလဲ.. သော့ယူသွားဖို့ မေ့ခဲ့ပြန်ပြီလား!" အသံကြောင့် ကောင်မလေး ဂူရှေ့ကနေ ထွက်ပြေးခဲ့ရတယ်။

ကောင်မလေး ထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ ဂူဖောက်ထွင်းတဲ့ သူခိုးတစ်ယောက် ထွက်လာတယ်။ သူခိုးက "ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့ လူတွေ မှတ်လောက်သားလောက်အောင် ခြောက်ပစ်ရမယ်" ဆိုပြီး ရယ်နေခဲ့တယ်။ သူခိုးရယ်လို့ မပြီးခင် သူနဲ့မလှမ်းမကမ်းမှာ မှတ်တိုင်ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ယောက်ကို တွေ့လိုက်တယ်။ သူခိုးက "အဘိုးကြီး.. ခင်ဗျား ဘာလုပ်နေတာလဲ" လို့ မေးတော့ အဘိုးအိုက "တောက်.. ဒီလူတွေ ငါ့နာမည်ကို မှားအောင်ရေးကြတယ်ကွာ" လို့ ပြောလိုက်တယ်။ အဘိုးအို စကားကိုကြားပြီး သူခိုးထွက်ပြေးသွားခဲ့တယ်။

ထွက်ပြေးသွားတဲ့ သူခိုးကိုကြည့်ပြီး အဘိုးအို တဟားဟားနဲ့ ရယ်နေခဲ့တယ်။ အဘိုးအိုက "ငါ့ စားကျက်ကို လုချင်တဲ့ကောင် မှတ်လောက်အောင် ဆုံးမရမယ်" လို့ ရေရွတ်လိုက်တယ်။ အဘိုးအို ရွတ်သံမဆုံးခင်မှာ လက်ထဲကသံတူရွင်း မတော်တဆ ပြုတ်ကျသွားတယ်။ တူရွင်းကို အဘိုးအို ကုန်းကောက်ဖို့ ခါးညွှတ်လိုက်တော့ ချုံထဲကနေ လက်တစ်ဖက်နဲ့အတူ "ဘယ်ကကောင်လဲကွ.. ငါမှတ်တိုင်ကို လျှောက်ဖျက်နေတာ" ဆိုတဲ့ အသံအသံ ထွက်လာတယ်။ အဘိုးအို ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ရတယ်။

အဘိုးအို ထွက်ပြေးပြီးနောက် သံတိုသံစကောက်တဲ့ လူတစ်ယောက် ချုံထဲကနေ ထွက်လာတယ်။ အဲဒီလူက မြေပေါ်ကျနေတဲ့ သံတူရွင်းကိုကောက်ပြီး "တောက်... သံတိုသံစလေး ကောက်တာတောင် ဒီလောက် အပင်ပန်းခံရတယ်ကွာ" လို့ အော်ဆဲလိုက်တော့တယ်။

သက်သေ
အတန်းထဲတွင်ဖြစ်သည်။ ဆရာမက မေးသည်။
“ငါးလိပ်ကျောက်ဟာ ဘာဖြစ်လို့ ပြားပြားကြီး ဖြစ်နေရတာလဲ”
ပီတာလေး လက်ညှိုးထောင်ပြီး ဖြေသည်။
“ဝေလငါးနဲ့ အိပ်လို့”
“ပီတာ၊ အခန်းထဲက ချက်ချင်း ထွက်သွားစမ်း”
ဤသို့ အမိန့်ပေးပြီး ဆရာမက ဆက်မေးသည်။
“ကျောက်ပုဇွန်ရဲ့ မျက်လုံးတွေ ဘာဖြစ်လို့ ပြူးထွက်နေရတာလဲ၊ ဘယ်သူ
သိကြသလဲကွယ်”
ပီတာလေး နောက်ပြန်လှည့်ပြီး အော်ပြောသည်။
“ဒါတွေအားလုံးကို သူမြင်မိလိုက်လို့”
အရေးကြီးတာ မေ့သွားတယ်

စိတ်လှုပ်ရှားနေသော လူငယ်စုံတွဲ တစ်တွဲ စိန်ရွှေရတနာ ဆိုင်ထဲသို့ ၀င်လာပြီး တန်ဖိုးကြီး နားကပ်များ၊ လက်ကောက်များကို အငမ်းမရ ကြည့်သည်။ လူငယ်သည် မိမိ၏ အိတ်ထောင်ကို အလောတကြီး နှိုက်သည်။ ရှိသမျှ အိတ်များကို နှိုက်သော်လည်း ရှာသည့် ပစ္စည်းကို မတွေ့ချေ။ ထိုအခါ အမျိုးသမီးက ဆိုင်ရှင်ကို ပြောသည်။
“ ကိစ္စမရှိပါဘူး၊ ကျွန်မတို့ နောက်တစ်ခေါက် လာခဲ့မယ်၊ ကျွန်မရဲ့ အမျိုးသားက ခြောက်လုံးပြူး ထည့်ယူလာဖို့ မေ့သွားတယ် ”
စိတ်ချရအောင်

ဘီယာဘားတွင် ဘဏ်ဝန်ထမ်းနှစ်ဦး စကားပြောနေကြသည်။
“ မီးခံသေတ္တာထဲက ငွေတွေ၊ စိန်ရွှေရတနာတွေကို သူခိုးယူသွားတာ ငါနားလည် နိုင်ပါတယ်၊ ဒါပေမယ့် ဘဏ်အုပ်ချုပ်ရေးမှူးရဲ့ မိန်းမကိုပါ ခိုးသွားတာကိုတော့ နားမလည်နိုင်ဘူး။ ”
“ အရှင်းကြီးပဲ၊ သူ့ကို ဘဏ်အုပ်ချုပ်ရေးမှူး မရှာအောင်ပေါ့ကွာ ”
ဆုတောင်းပြည့်သူ

..ဆုတောင်းပြည့်တယ်လို့ သတင်းမွှေးတဲ့ ရေတွင်းတစ်တွင်းကို ဇနီးမောင်နှံစုံတွဲ ရောက်လာကြတယ်။ ပထမဆုံးမိန်းမက ရေတွင်းဝနားသွားကာ ကိုယ်ကို ရေတွင်းဘက်နည်နည်းယိုင်ပြီး အာရုံပြု ဆုတောင်းတယ်၊ ပြီးတော့ ငွေအကြွေစေ့ကို ရေတွင်းထဲ ပစ်လိုက်တယ်။

ယောက်ျားအလှည့်ကတော့ သူ ဆုတောင်းပိုပြည့်အောင်လို့ဆြို
ပီး ယောက်ျားက ရေတွင်းဘက် ပိုတိုးတယ်၊ ကိုယ်ကိုလည်း ရေတွင်းဘက်ပိုကိုင်းပြီး အာရုံပြုတယ်၊ သူဆုတောင်းပြည့်လိုဇောကြောင့် ငွေအကြွေစေ့တောင် မပစ်ရသေးဘူး။ လူက ရေတွင်းထဲ ပြုတ်ကျသွားပါလေရော၊ ရုတ်တရက် မိန်းမပါးစပ်က ထွက်လာတယ် ဟယ် ငါ့ဆုတောင်း တကယ်ပြည့်တယ်တော့ တဲ့။
------------------------------------------------------------------------

အစပိုင်းမှာ ဒီလိုပဲ

ခွေးကို နောက်ခြေနှစ်ချောင်းနှင့် ရပ်တတ်ရန် မိန်းမဖြစ်သူ သင်ပေးနေသည်ကို ကြည့်၍ ယောင်္ကျားဖြစ်သူက သဘောမကျသော လေသံဖြင့် ပြောသည်။
“ ဟေ့ ကြိုးစားပြီး သင်ပေးမနေနဲ့၊ ဒီကောင်က ခေါင်းမာတဲ့အကောင်၊ လိုက်လုပ်မှာ မဟုတ်ဘူး။ ”
“ ရှင် ဘာမှ ၀င်မစွက်နဲ့၊ ရှင်လဲ အစတုန်းက ကျွန်မစကားကို ဘယ်မှာ နားထောင်လို့လဲ။ ”
အချိန်စောင့်ပါ

တာဝန်ကျ ရဲသားတစ်ယောက် အနားသို့ ချာတိတ်တစ်ဦး ရောက်လာပြီး မေးသည်။
“ ဘယ်နှစ်နာရီ ရှိပြီလဲ ခင်ဗျာ ”
ရဲသားက နာရီကို ကြည့်ပြီး ဖြေသည်။
“ နှစ်နာရီ ထိုးဖို့ ဆယ့်ငါးမိနစ် ”
“ အဲ နှစ်နာရီ တိတိ ထိုးရင် ကျုပ်ဆီလာပြီး ကျုပ်ရဲ့ဖင်ကို လာနမ်းလှည့် ”
ဤစကားကို ပြောပြီး ချာတိတ် တစ်ဟုန်ထိုး ပြေးတော့သည်။ ရဲသားက ၎င်း၏ နောက်ကို လိုက်သည်။ လမ်းတွင် ရဲမှူးက ရဲသားကို တားပြီးမေးသည်။
“ ဟေ့ ဂျွန်၊ မင်းဘာဖြစ်လို့ ပြေးနေတာလဲ ”
ရဲသားက ကြောင်းရင်းကို ရှင်းပြသည်၊ ရဲမှူးက မိမိ၏ နာရီကို ကြည့်လိုက်သည်။
“ မင်းဘာဖြစ်လို့ ပြေးမှာလဲ၊ မင်းဆီမှာ ဆယ့်ငါးမိနစ် တိတိ အချိန်ရှိသေးတာပဲ ”
အရေးပေါ်

အမည်မသိလူတစ်ဦး ဆရာဝန်ထံ ဖုန်းဆက်သည်။
“ ဒေါက်တာ လုပ်ပါဦး၊ ကျွန်တော့်သားငယ်လေး ဖောင်တိန်ကို မြိုချလိုက်တယ်ဗျ ”
“ အမြန်ဆုံး လာခဲ့မယ်၊ ဒါနဲ့ အခု ခင်ဗျား ဘာလုပ်နေသလဲ ”
“ အခုမှတော့ ဘာလုပ်နေရမှာလဲ၊ ခဲတံနဲ့ ရေးနေရတော့တာပေါ့ဗျ ”
ကြောင် နှင့် ၀က်

လင်မယားနှစ်ယောက် ရန်ဖြစ်ပြီးမကြာဘူး ယောက်ျားဖြစ်သူက အိမ်မွေးကြောင်နဲ့ ဆော့ကစားနေခဲ့တယ်။ ဒါကို မိန်းမကမြင်တော့ "နင်ဘာလို့ အဲဒီဝက်နဲ့ ကစားနေတာလဲ" လို့ ငေါက်လိုက်တယ်။

အငေါက်ခံရတဲ့ ယောက်ျားက ကြောင်ကိုလက်ညှိုးထိုးပြီး "ဒါဝက်မဟုတ်ဘူး.. ကြောင်ကွ.. ကြောင်" လို့ ပြန်အော်လိုက်တယ်။

အဲဒီအခါမှာ မိန်းမက ယောက်ျားကို "နင့်ကို ငါမေးနေတာ မဟုတ်ဘူး။ ငါ အဲဒီကြောင်ကို မေးနေတာ" လို့ ပြန်အော်လိုက်တယ်။

ထွက်ပေါက်
“ဒေါက်တာ ကျွန်တော်လေ ညတိုင်းအိမ်မက်တစ်ခုတည်းကိုပဲ မက်နေတယ်။ အိမ်မက်ကကျွန်တော့်ကို ဝိုင်းဆွဲပြီး လေယာဉ်ပေါ်က ပစ်ချတယ်ခင်ဗျာ။ ကူပါဦး ဆရာ”
“ဒီနေ့ည လေထီးဝတ်ပြီးအိပ်”

ချစ်သူ့ထံပေးစာ
သို့ /♥♥♥♥♥♥
စာရေးလိုက်ပါတယ်.
အခု ကိုယ်ပို့လိုက်တဲ့ စာကလေး ကိုရရင် အမွှေးနှုတ်ပြီးကျော်စားလိုက်ပါနော်.
မင်း ကို ကိုယ်ချစ်ချင်ပေမဲ့ အုန်းခြစ်ကမရှိဘူး.
မင်း နဲ့ ကိုယ်ပေါင်းချင်ပေမဲ့ ကောက်ညင်းဆန်တွေ ဈေးကြီးတာမင်း အသိပါ.
မင်း ကို ကိုယ်နှစ်သက်ပေမဲ့ မင်းကရေငုပ်ကျွမ်းတော့ ဘာမှ မဖြစ်ဘူးပေါ့.
အချစ်ရယ်..
ကိုယ် တစ်ယောက်ထဲ လျှောက်လှမ်း ခဲ့တဲ့ အ၀တ်တွေ ခုဆိုခြောက်လောက်ရောပေါ့
မင်းအချစ်ကိုသာမရရင် ကိုယ်လေ..
မထူးတော့တဲ့ ဘ၀မှာ မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်စားတော့မယ်ကွာ.
ကိုယ်ဒီ လိုအရဲစွန့်ပြီး စာရေးတာကို စိတ်မဆိုးပါနဲ့နော်..
ငပိ စားပြီးအသိတရား မရှိဘူးလို့တော့မပြောလိုက်ပါနဲ့ကွာ.
ဂေါ်ဖီ တွေစားပြီး တော်ကီတွေပွားတာလဲ မဟုတ်ပါဘူး.
ရုပ်တည်နဲ့ မုန့်တီထိုင်သောက်နေတယ်လဲ မထင်လိုက်ပါနဲ့.
အရှက်မရှိ သရက်စေ့ လဲ မဟုတ်ဘူးနော်.
ကိုယ်ဟာ..
ရုပ်ကလာပ် က စုတ်ပြတ် .
ရူပါက ချူချာ .
သောက်ရုပ်က မျောက်ကုတ် .
ပုံစံက ဒုံပျံ နေပေမဲ့ .
အသည်းနှလုံးကတော့ သိပ်ချစ်တတ်ပါတယ်.
ကိုယ် ရဲ့စာ ကို မင်း မိဘတွေ တွေ့လို့ တော်တော် ဆူနေလား ?
ဆူရင် မီးဖို ပေါ်ကချပြီး လက်ဘက်ခြောက်ခတ်လိုက်နော်.
မင်းလေး.. ကိုယ့်ဆီ စာပြန် ပါဦးနော်.
မင်း ဆီ ကပြန်လာမဲ့ စာကလေးတွေကို..
ကိုယ် .. လေသေနတ် နဲ့ အသင့်ဆောင့်နေမယ် အဲလေ.မှားလို့ အသင့်စောင့်နေမယ်.


--
အားလုံးပျော်ရွင်ပါစေ

No comments:

Post a Comment