ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Wednesday, November 7, 2012

မြေသားပေါ်ကနှင်းဆီ







"မြေသားပေါ်ကနှင်းဆီ'


တောအုပ်စိမ်းမှောင် ကတ္တီပါရောင်နဲ့
လေပြင်းတိုက်တောင်   ကြွေမလွင့်တဲ့
သဘာဝရဲ့  တောနှင်းဆီ

တော်မ၀င်ပေမယ့်   ပျော်ရွှင်စေတဲ့ရနံ့ နဲ့
အစုပ်လိုက် အခက်လိုက်ပွင့်ချပ်တွေ ထပ်လို့
နွယ်တစ်ပင်လိုရှင်သန်
ကိုင်းချိုးရုံနဲ့ စိုက်ပျိုးလို့ရတဲ့
မြေသားပေါ်က     အိုနှင်းဆီ

အလှတိုးပါတဲ့  မြအိုးနဲ့ စိုက်တဲ့  ထိုင်ဝမ်နှင်းဆီ
အရိုးရှည်ကာအရွက်ကြဲ  သတ္တိ ဆိုတဲ့ ဆူးမဲ့ ကာ
အိုးပေါ်မှာ အဟာရ  ကျွေးပါမှ
ကြွေ မကျအောင်ဆောင်ရတယ်
ဆေးရောင်တွေ မျိုးစုံခြယ်လို့
ရက်ရှည်ကာ ကြာရှည်ခံလည်း
ရနံ့ ပြယ်ကာနေပြီပေါ့...

သဘာဝကိုချစ်တဲ့ငါ
ပန်း ၂မျိုးကိုယှဉ်ထိုးလို့ စိုက်ပျိုးကြည့်တယ်
ကိုယ့်ဒိုင်  ကိုယ့်ပွဲ  ကိုယ်ဘဲ ဆုံးဖြတ်ရရင်
တောနှင်းဆီ ကလေး ငါ ချစ်သည်
ခြံထဲမှာစိုက်ထားတဲ့ ဗမာနှင်းဆီရုံနဲ့  အိမ်ပေါ် ၀ရံတာက အလှနှင်းဆီ ပန်းအိုးကို
အတွေးတစ်မျိုးစီ ရေးဖွဲ့  သည်   (သဘာဝကို ချစ်တဲ့    မနှင်းဆီ)

--

No comments:

Post a Comment