ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Friday, November 16, 2012

တတိယ နှလုံးသားပိုင်ရှင်

 
 
"တတိယနှလုံးသားပိုင်ရှင်"


အပြစ်မလုပ်ခင်ကတည်းက
ခွင့်လွှတ်ချင်နေတဲ့စိတ်နဲ့
 ချစ်ခဲ့ရတဲ့ ကျမရယ်ပါ !
တစ်ရက်တစ်လမှာမွေးပေမယ့်
ဒုတိယနဲ့သာအကျိုးပေးတဲ့  ကျမ
သွေး က  B   သွေး
State   မှာ  (ခ )တန်း
ကျမအတွက် အချစ်ဦးပေမယ့်
သူ့ရဲ့ဒုတိယအချစ် ကျမဖြစ်ခဲ့တယ်
သူချစ်တဲ့ကောင်မလေးကြောင့် ကျခဲ့တဲ့မျက်ရည်
မိတ်ဆွေလိုကျမ    သုတ်ပေးဖူးတယ်
သနားရာကချစ်ဆိုတာ
ကိုယ့် ကိုကိုယ့်  နစ်စေပါလား
အခုတော့
သူ့ရဲ့တတိယနှလုံးသားအတွက်
 ဆက်လက်ထွက်ခွာသွားတာကို
ဒုတိယချစ်သူ     ကျမ
ပြုံးပြုံးလေး  လက်ပြ ကျန်ခဲ့ရရုံကလွဲလို့.........
အော်  !
အပြစ်မလုပ်ခင်ကတည်းက
ခွင့်လွှတ်ချင်နေတဲ့စိတ်နဲ့
ချစ်ခဲ့ရတဲ့ ကျမရယ်ပါ  !
ချစ်သူ  နင်ခေါ်ရင်လည်းတိတ်ဆိတ်စွာ
 နင့်အနားရှိနေပေးပြီး
နင်မလိုရင်လည်း  အလိုက်သိစွာနေရစ်ပေးမယ့်
သိပ်ချစ်တဲ့နှင်းပါဟယ်
အချစ်စစ်မှန်ရင်မပိုင်ဆိုင်ရလည်
စွန့်လွှတ်အချစ်နဲ့

ဆက်ချစ်နေနိုင်ပါသေးတယ်( ချစ်ခဲ့ဖူးတဲ့ မနှင်းဆီ)
 
 

No comments:

Post a Comment