ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Monday, November 5, 2012

ဟာသများ

လူလည်.......................
 ယောကျာ်းဖြစ်သူ ည ၁၂ - နာရီတွင် အိမ်ပြန်ရောက်လာသည်။
မိန်းမက အိပ်ခန်းထဲမှ နေ၍ လှမ်းမေးသည်။
 'ဘယ်နှစ်နာရီ ရှိပြီလဲ'
 '၁ဝ - နာရီ'
 တိုက်တိုက်ဆိုင်ဆိုင် တိုင်ကပ်နာရီမှ 'ဒင်' ဟုတစ်ချက်တီးသည်။
'ရှင် ကျွန်မကို လှိမ့်ပြန်ပြီးလား၊ နာရီ တစ်ချက်တီးသံ ကျွန်မ ကြားရတာပဲ'
 'ဟေ့၊ သုညကိုပါ မင်းက တီးစေချင်လို့လားကွဟေ
///////////////////////////////////////////////

ဒုက္ခ
 လင်မယားနှစ် ယောက် အိမ်ရှေ့တွင် မျက်နှာညှိးငယ်စွာနဲ့ရပ်နေကြ၏။
 ထိုအခါ အိမ်နီးချင်းက စပ်စု ၏။
 " အိမ်အပြင်မှာ ဘာလို့ ရပ်နေကြတာလဲဗျ..."
 " မပြောချင်တော့ပါဖူးဗျာ၊ကားဂိုဒေါင် သော့က အိမ်ခန်းထဲမှာ ။အိမ်ခန်းသော့က ကားထဲမှာဗျ ။
အဲ ကားက ကားဂိုဒေါင်ထဲရောက်နေတယ်။."..တဲ
တိန်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကိုအောင်နက်
နယ်သို့ ခရီးထွက်ရာမှ တစ်ရက်စောပီး ယောက်ကျားဖြစ်သူမှာ အိမ်သို့ည ၁၀ နာရီခန့်တွင် ပြန်ရောက်လာ၏။
ရေမိုးချိုး အ၀တ်အစားလဲကာ မိန်းမဘေးနားဝင်အိပ်၏။
အိပ်ပျော်လု ဆဲဆဲတွင် ကုတင်အောက်မှ သံသယ ဖြစ်ဖွယ် ချွတ်ချွတ်မြည်သံကြားသဖြင့် လက်ဖြင့် အောက်ကို စမ်းရင်း မေးလိုက်သည်။
" ဟဲ့ အောင်နက် ၊မင်းလားကွ ....ဟေ "
ကုတင်အောက်တွင် ရောက်နေသော ကိုအောင်နက် က ယောက်ကျား၏ လက်ကိုလျှာဖြင့် လျက်ပီး ပြန်ဖြေလိုက်ပုံက..
" ဟုတ်ကဲ့၊ကျနော်ပါ...."...တဲ့ ...
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အဆွမ်း ထက်တဲ့ဆေး
တစ်ခါက...အမျိုးသမီး တစ်ဦးသည် ဆရာဝန်ထံ သူမ၏ ယောက်ကျားဖြစ်သူသည်
မိမိ၏ လိုအင်ဆန္ဒ များ အပြည့်အ၀ မဖြည့်စည်းပေးနိုင်ကြောင်းပြောပြ၏။အကြံဥာဏ်တောင်းလေ၏။ထိုအခါဆရာဝန် မှ ဆေးပြားတချို့ပေးရင်း ထိုသို့ပြော၏။
" ဆေးပြားတစ်ပြားကို အစာစား တဲ့ အခါ အစာထဲကို ရော ထဲ့လိုက်ပါ။အခြေအနေကောင်းလာပါလိမ့်မယ်။ "
အိမ်ပြန်ရောက်သောအခါ အမျိုးသမီးသည် စဉ်းစား၏။
ဆေးပြားတစ်ပြား အစား သုံးပြားထည့်လိုက်ရင်ပိုအစွမ်းထက်မှာပဲ......ဟု အတွေးပေါ်လေ၏။
သို့နှင့် အိမ်အပြန်လမ်း တွင် ၀ယ်ခဲ့သော ခေါက်ဆွဲကြာ်ပန်းကန်ထဲ့ သို့ ဆေးပြား သုံးပြားထည့်လိုက်၏။
ယောက်ကျားကိုခေါက်ဆွဲကြော် လာစားရန်ခေါ်ပီး မိမိကိုယ်တိုင်က မူ ဧည့်ခန်းတွင်းမှ သတင်းစာဖတ်နေ၏။
မကြာမီ ထမင်းစားခန်းအတွင်းမှ ယောက်ကျား၏ ကျယ်လောင်သောရီမောသံကြီးကြားရ၏။
ဒါနဲ့ မိန်းမဖြစ်သူလဲ ....." .ယောက်ကျား ရှင် ဘာဖြစ်လို့ ဒီလောက် အူလှိုက်သဲလှိုက် ရီနေရတာလဲတော့..."..ဟုမေး၏။
ထိုအခါ ယောက်ကျား ဖြစ်သူပြန်ဖြေလိုက်တာက
" ငါ့ တစ်သက်မှာ ခေါက်ဆွဲတွေ ထောင် နေတာ ဒီတစ်ခါပဲ မြင်ဖူးလို့ဟေ့..".....တဲ့
တိန်
...............................................................................................
မှတ်ထား
အင်္ဂလန်နိုင်ငံသား လက်ဝှေ့ချန်ပီယံတစ်ယောက်မြန်မာပြည်သို့ အလည်ရောက်စဉ်မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲကိုသွားကြည့်၏။
"ကျုပ်တို့ အင်္ဂလန် ကို လာခဲ့စမ်းပါ ၊ကျုပ်တို့ဆီ ကရိုးရာလက်ဝှေ့ နဲ့တွေ့ ရင် ခင်ဗျားတို့လို့ လူမျီုးတွေရဲ့
လည်ပင်းကို မိနစ်ပိုင်းတွင်း ကျိုးအောင် ထိုးသတ်နိုင်တယ် "....လို့ဆိုပါတယ်။
ဒါနဲ့ အင်္ဂလန် လက်ဝှေ့ သမား ရဲ့ ဖိတ်ကြားချက်အရ မြန်မာသိုင်းအဖွဲ့မှလက်ခံပီး
အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့ ရှိ မိုးလုံလေလုံအားကစား ရုံကြီးတခုတွင် အားစမ်းပွဲကို ကျင်းပလေ၏။ အင်္ဂလိပ် လက်ဝှေ့ချန်ပီယံ သမားနှင့် မြန်မာ သိုင်းပညာရှင်တို့ ၏ ပြိုင်ပွဲကို အားကစားရုံပြည့်မျှ လာရောက်အားပေးကြ၏။
အင်္ဂလိပ်..လက်ဝှေ့ ချန်ပီယံ...မှာ အရပ် ၂မီတာ ( ၆ပေ )ကျော်ပီး....ရင်အုပ်အကျယ် ၁မီတာခွဲရှိသောလူထွားကြီးဖြစ်၏။
မြန်မာနှင့် ကား ဆင်နဲ့ဆိတ်လိုဖြစ်နေ၏။
ပြိုင်ပွဲစ သည်နှင့် တဦးနဲ့ တဦး စူးစိုက်စွာကြည့်၏။
ပိရိတ်သတ်မှလည်း အင်္ဂလိပ်ဘက်မှ အားပေး ကာ မြန်မာမည်သို့ရှူံးမည်ကိုစောင့်ကြည့်နေ၏။
စင်ပေါ်တွင် တဦးနဲ့ တဦး မှားကွက်ရှာ ကာတိုက်ခိုက်ရန် မျက်လုံးချင်းဆုံကာ ချောင်းနေ၏။၁မိနစ်မပြည့်မီမှာပင်....မြန်မာ သိုင်းသမားက လူထွားကြီး၏ ဒူးဘက် အောက်ခြေပိုင်းကို သေချာစိုက်ကြည့်ပီး....
" ကျား.....တချက်ထဲနဲ့ ပွဲပီးသွားပါတယ် " ....ဟု အော် ကာ ခုန်ကန်လိုက်၏။
လက်ဝှေ့ ချန်ပီယံ မှာ လည်ပင်းသို့ ခြေဖျားဖြင့်ခပ်ခံထိကာ ဗိုင်းနဲ လဲကျပီး ကြမ်းပြင်ပေါ်တွင် တုတ်၂မျှ မလှုပ်တာ့ချေ။
တရုံလုံး ငြိမ်ကျသွား၏။
ခဏကြာမှ လူထွားကြီးကို ပြုစုမည့် သူများ အပြေးအလွှားရောက်လာကာ
ရေပက်သူပက်၊မျက်နှာသုတ်ပုဝါဖြင့် ယပ်ခတ်ပေးသူ ခတ်ဖြင့်၊သတိပြန်ရအောင်မနဲလုပ်ကြရ၏။
အင်္ဂလိပ် လက်ဝှေ့ ချန်ပီယံ ၏ မျက်လုံး တဘက် တဖြည်းဖြည်းပွင့်လာ၏။
ထို့နောက် ၄င်းက လေသံတိုးတိုး ဖြင့် သူ့လူများကိုမေး၏။
" မျက်စိစွေ နေတဲ့ ဟို ဂျပု ရှိသေးလား.....".တဲ့
ပြုစုသူများမှလည်း ...."...ရှိနေသေးတယ်.." ....ဟုဖြေ၏။
ထိုအခါ ထပ်ပြောလိုက်တာက...." .အေး..ဒီကောင် ထွက်သွားပီးရင်တော့ မင်းတို့ အားလုံး ငါ့လက်သီးစာ မိပြီ သာမှတ်.." .....တဲ့
တိန်
.........................................
လုပ်သားပြည်သူ
တစ်ရက်မှာ သားဖြစ်သူက သူ့မိခင်အားမေး၏။သား။ ။မေမေ.....သားတို့ မိသားစု မှာ ဖေဖေက ဘာလဲဟင်။
 မိခင်။ ။သားတို့ ဖေဖေဟာ သမ္မတ နဲ့ တူတယ်ကွဲ့
 သား။ ။အဲဒါဆို မေမေ ကရော
 မိခင်။ ။မေမေက အစိုးရ
 သား။ ။ဒါဖြင့် ဘွားဘွားကရော
 မိခင်။ ။ဘွားဘွား ကအတိုက်အခံပါတီ
 သား။ ။ကျနော်က ရော
 မိခင်။ ။အင်း...သား ဟာ လုပ်သားပြည်သူ လို့ဆိုပါတော့ကွယ်
 မကြာမီ မိခင် ဖြစ်သူ မှာ အလုပ်ကိစ္စဖြင့် နယ်သို့ ခရီးထွက်သွား၏။
 ရက်အနည်း ငယ်အကြာတွင် အိမ်တွင်ကျန်ရစ်သော သားဖြစ်သူ ထံမှ စာတစောင် ရောက်လာ၏။
 ရေးထားသောစာမှာ..ထိုသို့ဖြစ်၏။
 " သမ္မတဟာ အစိုးရသစ်.. နဲ့ ပလူးပလဲ လုပ်နေပါတယ်။
 အတိုက်အခံပါတီ က သမ္မတ ကို အကာအကွယ်ပေးနေပါတယ်။
 ဒါကိုကြည့်ပီး လုပ်သားပြည်သူမှာ စိုးရိမ်စိတ်ဝင်လာပါတယ်။မေမေ.."..........တဲ့

သံသယ
 ဇနီးဖြစ်သူ ကွယ်ရာမှာဖောက်ပြန်နေသည်ဟု ကိုစောဝင်း စိတ်ထဲ မှာ ထင်မိ၏။
 နောက် အကဲခတ်နေကြည့်နေ သည်မှာကြာပီ။ဒီမိန်းမ ကျိန်းသေ မူပျက်နေသည်။
 မိမိ ၏ သံသယ ကိုမှန်မမှန် စမ်းသပ်ရန်ဆုံးဖြတ်လိုက်၏။
 တနေ့ နယ်သို့ခရီးထွက်မည်ဟု ဇနီး သည်အား ကြေငြာလိုက်သည်။
 သို့သော် တကယ်မသွားပဲ မိန်းမ မသိအောင် အိမ်အောက်ထပ်ရှိ ဂိုထောင် ထဲတွင်ပုန်းနေ၏။
 ညအချိန်သို့ရောက်လာလေပြီ။
 အပေါ်ထပ် အိပ်ခန်းဘက်မှ နေ၍ အသံများကိုကြားနေရ၏။
 သေချာအောင် နားစိုက်ပီးထောင်ကြည့်လိုက်သည်။
 " ဘေးစောင်းလေး လှဲလိုက်။ဖြေးဖြေး။
 ဟုတ်ပြီ။အဲ ...ခြေထောက်ကို နဲနဲထောင်လိုက်။
 ဒီဘက်ကိုနည်းနည်းရွှေ့။ဟုတ်ပြီ။ကိုင်း .......စဆွဲမယ်။ဆွဲပြီ။ဆွဲပြီ။ "
 ခဏ နားထောင်ပြီးနောက် ကိုစောဝင်း ဒေါသ ထွက်၏။လူတကိုယ်လုံးတဆတ်ဆတ်တုန်လာ၏။
 သံသယနဲ့စောင့်မိတာ မှားလေစွဟုလည်း တွေဝေစွာ ငေးမောနေမိ၏။
 နောက်ဆုံး ကိုစောဝင်း ဖောက်ပြန်သူတို့အား ရှင်းရန် ဖွက်ထားသော ဓါးကိုထုတ်၍ အိပ်ခန်းသို့ အပြေးအလွှား ၀င်ရောက်လေ၏။
 ဇနီး ဖြစ်သူမှာ တရှူးရှူး နဲ့ အိပ်မောကျနေ၏။
 စန္ဒယားကြီးကား မရှိတော့ချေ။
 တိန်
။။။။။။။။။။။။။။။။။။။။။။။။။။
လမ်းကျယ်လေလေကြာလေလေ
 အိမ်ပြန်နောက်ကျသော အမူးသမား ယောက်ကျား က မိန်းမဖြစ်သူအား အိမ်ပြန်နောက်ကျရခြင်း အကြောင်းကိုရှင်းပြနေ၏။
 " ငါ အရက်ဆိုင်က ထွက်လာတုန်းက ၉ နာရီတောင် မထိုးသေးဖူးကွ။ခု မနက် ၂ နာရီတောင်ရှိနေပီ.....အေ့...."
 မိန်းမဖြစ်သူက ဒေါသသံဖြင့်
 " ရှင်ကျမကို ဘာလို့လာလှိမ့်နေရတာလဲ။
 ရှင်ခုသောက်တဲ့အရက်ဆိုင်က အိမ်နဲ့ဆိုရင်...လမ်းအတိုသုံး ခုပဲခြားတာလေ။အဲဒီ လမ်းတို သုံး ခုကိုကျော်လိုက်ရင် အိမ်ပြန်ရောက်နေပီပဲဥစ္စာ။
 ဒါကို....ရှင်ကဘာပြောချင်သေးလို့လဲ။ဟွင်း....."
 ထိုအခါယောက်ကျားဖြစ်သူပြန်ရှင်းပြပုံက.....
 " ဟုတ်တော့ဟုတ်ပါတယ်။ဒါပေမဲ့ မြန်မာပြည်က လမ်းတွေက အကျယ်ကြီးကွ။ဟိုဘက်ရောက်လိုက် ဒီဘက်ရောက်လိုက်နဲ့။
 ဒီကြားထဲ လမ်းမပေါ်မှာ ချောက်လို နက်တဲ့ ကျွှင်းကြီးတွေထဲကျကျ နေလို့ ပြန်ဖက်တက်ရသေးတယ်ဟေ့။
 ဒီလိုနဲ့ ငါလဲ လမ်းတစ်လမ်း ကို ဖြတ်ဖို့ အချိန်တော်တော်ယူခဲ့ရတယ်ဟ။အင်း......တော်တော်ကျယ်တဲ့လမ်းတွေကွာ
 မြန်မာပြည်ကို လမ်းကျယ်ကြီးတွေလုပ်ပေးတဲ့ မြန်မာ့စည်ပင်တွေ၊လမ်းတံတားဆောက်သူတွေကိုတော့......ချီးကျူးရမယ်ဟေ့။...အေ့...ဝေါ့...." ......တဲ့
 တိန်
................................................
..............................ဂုဏ်ပြုခြင်း...............................
 တစ်ခါက သွားဆရာဝန် တစ်ယောက်နာရေးတစ်ခုဖြစ်ပါလေရော... သူ့နာရေးကို သူ့လုပ်ဖော်ကိုင်ဖက်ဆရာဝန်တွေကလဲ လိုက်ပို့ကြတာပေါ့ ။ တစ်ခုထူးခြားတာက သူ့အခေါင်းပေါ်မှာ သွားတုကြီးတစ်ခုတင်ထားသတဲ့ ။ အဲ.... အကြောင်းမသိတဲ့ ဆရာဝန်တစ်ယောက်ကမေးတာပေါ့ ဗျာ...
သူ့အခေါင်းပေါ်ဘာလို့ သွားတုကြီးတင်ထားပေးတာလဲပေါ့ ။
 သူမိသားစုကဖြေပါတယ် ..
`သူက သွားဆရာဝန် ဆိုေ
တာ့ သူကုပေးတဲ့ လူနာတွေက
သူ့ကို ဂုဏ်ပြုသောအားဖြင့် သွားတုကြီးတင်ပေးထားတာပါ´ တဲ့ ။
အဲလိုလဲ ကြားကော... အဲဒီဆရာဝန်က တစ်နေရာကိုငေးပြီး စဉ်းစားနေသတဲ့ ။
အဲဒါကိုသူ့ သူငယ်ချင်းဆရာဝန်တစ်ယောက်က မြင်သွားပြီး
`ဟေ့ကောင်.... ဘာတွေစဉ်းစားနေသလဲ´ လို့မေးတာပေါ့ ။ အဲဒီတော့ ဆရာဝန်က ပြန်ဖြေပါသတဲ့။
 ´ဟို `သွားဆရာဝန်´ သေတော့သွားတုတင်ပေးပြီးဂုဏ်ပြုတယ်တဲ့ ... ငါက သားဖွားမီးယပ်နဲ့ လိပ်ခေါင်းအထူးကုကွ ... ငါသေရင်ကော ဘယ်လိုဂုဏ်ပြုကြမလဲ မသိပါဘူး´ တဲ့ဗျာ......
...................................
...................ထင်တာ တခြား ..................
 ” တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ ပါသမျှ လုယက် သွားတယ်ဆိုတာ ဟုတ်သလား “
 ” ဟုတ်ပါတယ် ၊ တရားသူကြီးမင်း “
 ” ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ “
 ” ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ် မထင်ခဲ့မိလို့ပါရှင် ”
...........................................................
..............................တော်သေးတယ်..........................
 လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။
ထူးဆန်းသည်မှာ အကြီးသုံးယောက်မှာ ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။ အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့် အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည် နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင် ဇနီးဖြစ်သူကို သေချာ မေးလိုက်သည်။
 -အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး သားလေး
က ကိုယ့်ရဲ့ ကလေးဆိုတာ။
- ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။
ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။
 ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက် ကွယ်လွန်သွားသည်။ ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။
 - တော်သေးတာပေါ့ ... တခြား သုံးယောက်ကို မေးမသွားလို့...
...........................................................................................
ကြက်တူရွေး
 စကားတတ်သော ကြက်တူရွေးတစ်ကောင်အား ကိုဘထူးတစ်ယောက် တောဘက်မှဝယ်လာ၏။
 .ကြွားလိုတဲ့သဘောလဲပါတာနဲ့.အိမ်ရှေ့တွင် လှောင်အိမ်ဖြင့်ထဲ့ကာ လမ်းသွားလမ်းလာများမြင်စေရန် မွေးထား၏။
 ထိုကြက်တူရွေးသည် လှောင်အိမ်မှနေ၍ လမ်းမှ ဖြတ်သွားသူတိုင်းကို...ခေါင်းငြိမ့်ကာ မင်္ဂလာပါ ဟုပြောလေ့ရှိ၏။
 ရပ်ကွက်တွင်းမှ လူများကလည်း သဘောကျချီးမွမ်းကြ၏။
 ထိုလမ်းထဲတွင်လည်း ကိုဘထူး အိမ်ရှေ့မှ ပုံမှန်ဖြတ်ကာ ကျောင်းသွားသည့် သူငယ်ချင်းကောင်မလေး သုံးဦးရှိ၏။
 မိန်းကလေး သုံးဦး ဖြတ်လျှောက် လာသောအခါ ...မင်္ဂလာပါ ....ဟု ပုံမှန်တိုင်းမပြောပဲ....အပြာ၊အ၀ါ၊အနီ။ ဟု အရောင်သုံးရောင်ကိုအော်လေ၏။
 နေ့စဉ် ဖြတ်သွားတိုင်းအော်လေသောအခါ ကောင်မလေး သုံး ဦးလဲသတိထားမိကာ နားစိုက်ထောင်မိ၏။ ကြက်တူရွေးမှ အစိမ်း၊အပြာ။အပြာ။ဟု ရွတ်သံကို..ံကြား၏။
 ထိုစဉ် မိန်းကလေးတစ်ယောက်ကသွားတွေးမိသည်မှာ...ဒါ ငါ့ရဲ့ အတွင်းခံဘောင်းဘီ အရောင်ပါလားဟုတွေးမိပီး
 ကျန် ၂ယောက်ကိုပြောပြရာ ကျန်၂ ယောက်က ယုံရခက်ကြီးပုံစံနဲ့ဖြစ်နေကြ၏။
 သို့နဲ့ ၃ယောက်သားတိုင်ပင်ပီး အနီရောင် အောက်ခံဘောင်းဘီ ဆင်တူ ၀တ်ကာ ဖြတ်လျှောက်ရာတွင်လည်း..အနီ၊အနီ၊အနီ ဟု..ကြက်တူရွေးမှအော်လေ၏။
်မိန်းကလေးများမှာအံအားလဲသင့်...လူကြားလို့လဲမကောင်း၊ဒေါသလဲထွက်ကာ.....ဒီကြက်တူရွေးအား ပညာပြရန် အကြံထုတ်ကြ၏။
 နောက်ဆုံးပေါ်သည့်အကြံကား...အောက်ခံဘောင်းဘီ မ၀တ်ပဲ ကြက်တူရွေးရှေ့မှ ဖြတ်လျှောက်ရန်ဖြစ်၏။
 ဒါနဲ့...သုံးဦးသား...ဒီတခါ အပိုင်ပဲဟု တွေးကာ ပြုံးရွှင်စွာနဲ့ ကြက်တူရွေးရှေ့မှ......ဆင်မယဉ်သာဟန်မျီုးဖြင့် ဖြေးညှင်းစွာ လျှောက်ကြလေ၏။
 နားတွေကတော့ သေချာစွင့်ထားပီး....ဖြတ်လျှောက်ကြ၏။သို့သော် ဘာအသံမှမကြားပေ။
 သို့နှင့် အသံမကြားလို့ ကြက်တူရွေးကော ရှိသေးရဲ့လားဟု တွေးမိကာ လမ်းပေါ်မှ သုံးဦးသား မတိုင်ပင်ပဲ လှမ်းကြည့်လိုက်ကြ၏။
 ထိုအခါ မိန်းကလေးသုံးဦးအား စူးစိုက်စွာသေချာကြည့်နေသော လှောင်အိမ်အတွင်း..မှ ..ကြက်တူရွေးက
 စူးရှကျယ်လောင်သောအသံနဲ့အော်လိုက်တာက......
 အပျို၊အအို၊အပျို........တဲ့........တိန်
................
တတိယမဲ....
 ၂၀၁၅ ခုနှစ်။ မြန်မာပြည်၏ ရွေးကောက်ပွဲကြီးကျင်းပချိန်တွင်ဖြစ်၏။
 ပြည်ခိုင်ဖြိုးပါတီမှ အမတ်လောင်း တစ်ဦးသည် ရွေးကောက်ပွဲတွင် မဲ သုံးမဲသာရ၏။
 ထိုအခါ မိန်းမ ဖြစ်သူမှ မကျေမချမ်း ပြောလိုက်သည်မှာ.....
 " ပတမမဲက ရှင့်မဲ ၊ဒုတိယ မဲက ကျမ ပေးခဲ့တဲ့ မဲ။အင်းးးး...တတိယ မဲ က ဘယ်ကရောက်လာတာလဲ။ကျမ အစ ကတည်းက ထင်နေသား။
 ရှင့်ဆီမှာ နောက်မိန်းမ တစ်ယောက် ရှိလိမ့်အုန်းမယ်လို့ ဆိုတာ...." ......တဲ့...
 တိန်
 ဟာသအနေနဲ့ပါ။ရီမောပျော်ရွှင်ပါစေ( တတိယ.....ကွ....ဟိဟိ )
.........................................
.............................စည်းကမ်းရှိကြသူများ........................
 ” လူတွေကစည်းကမ်းမရှိကြဘူးဗျာ ။ ငှားပြီးရင်ပြန်မပေးချင်ကြဘူး ။ ခင်ဗျားတို့ပတ်ဝန်းကျင်တော့ မပြောတတ်ဘူး ”
 ” ကျွန်တော့်ပတ်ဝန်းကျင်က စည်းကမ်းရှိရှိပြန်ပေးပါတယ် ။ မိုးတွင်းတုန်းကငှားသွားတဲ့ထီးကို ဆောင်းတွင်းကျတော့ လာပြန်ပေးပြီး စောင်ပြန်ငှားသွားတယ် ။ နွေရောက်တော့ စောင်လာပို့ပြီး ယပ်တောင်ပြန်ငှားသွားကြတယ်ဗျ ”
................................................................................................................
အရှင်းဆုံးအဖြေ
 မေးခွန်းတခုကို သတ်မှတ်ထုတ်လွင့်ချိန်တခုအတွင်း အကောင်းဆုံးဖြေရှင်းနိုင်သူအား ဆုငွေ ကျပ် ၁၀ သိန်း ပေးမည်ဟု ကုမ္ပဏီ တခုမှ MRTV 4 ရုပ်မြင်သံကြားနှင့် ပရိတ်သတ်တို့အကြား
 ပြိုင်ပွဲ ကျင်းပပေးရန်ကမ်းလှမ်း၏။ ကမ်းလှမ်းချက်အောင်မြင်ပီး ပြိုင်ပွဲကျင်းပပေး၏။
 ပြိုင်ပွဲ မေးသောမေးခွန်းမှာ ထိုသို့ဖြစ်၏။
 " အပျော်စီး မီးပုံပျံတခုပေါ်တွင် ( ခရိုနီ )ခေတ်ပျက်သန်းကြွယ်သဌေး တစ်ဦး၊လွှတ်တော်ရှိစစ်တပ်အမတ်တစ်ဦး၊ ပြည်ပမှလာသောနိုင်ငံရေးသမားတစ်ဦး....စုစုပေါင်း ၃ ဦး လိုက်ပါလာကြ၏။
 ထိုစဉ် လေပြင်းမုန်တိုင်းမိကာ မီးပုံးပျံသည် တဖြည်းဖြည်း ကျလာလေ၏။
 ထိုမီးပုံးပျံ၏ အလေးချိန် ကို လျှော့ချရန်လိုအပ်ပါသည်။
 သို့ပါ၍ သုံးဦးအနက်မှ မည်သူ့ကို ပစ်ချရပါမည်နည်း.." ဟု ဖြစ်လေ၏။
 ပရိတ်သတ်လည်း ထုံးစံအတိုင်း၊အဖြေအမျိုးမျိုး ....အား သတ်မှတ်ချိန်အတွင်း ဖုန်းဖြင့်အဖြေပေးကြ၏။
 နောက်ဆုံးတွင် လှိုင်မြို့နယ်မှ ဆယ်နှစ်သမီးလေး၏ အဖြေကို ဒိုင်လူကြီး များ အကြိုက်ဆုံးဖြစ်ကာ ပထမဆု ကိုပေးလိုက်လေ၏။
 အဖြေမှာ .ဤ သို့..ဖြစ်၏။
 " အလေးဆုံးလူကိုပစ်ချလိုက်ပါ..".....တဲ့
 တိန်
......................................................
ရထားပေါ်တွင်ဖြစ်သည်။ ကကသ်လစ်ဘုန်းကြီးနှင့် ဂျူးဘာသာရေးတရားဟောဆရာတို့ တစ်ခန်းထဲ ထိုလင်ာကြသည်။ ကက်သလစ်ဘုန်းကြီးက ဂျူးဘာသာရေးတရားဟောဆရာကို ပြောသည်။ “ကျနော့်မှာ ၀က်ပေါင်ခြောက် ပါတယ်၊ စားပါဦးလား” “ကျနော်တို့ ဘာသာရေးက ၀က်သားမစားရလို့ တားမြစ်ထားပါတယ်” “အင်း၊ ၀မ်းနည်းစရာပဲ၊ သိပ်အရသာရှိတာဗျ” ဘူတာသို့ ရောက်သောအခါ ဂျူးဘာသာရေးတရားဟောဆရာက မဆင်းခင် ကက်သလစ်ဘုန်းကြီးကို ပြောသည်။ “ဖာသာရဲ့ ဇနီးကို ဦးညွတ်တယ်လို့ ပြောပေးပါ။” “ကျနော့်မှာ ဇနီးမရှိဘူး၊ ကျနော်တို့ဘာသာရေးက ကျနော်တို့ကို မိန်းမ မယူရဘူးလို့ တားမြစ်တယ်။” “ဟုတ်လား ၊ ၀မ်းနည်းစရာပဲဗျာ၊ သိပ်အရသာရှိတာဗျ”

No comments:

Post a Comment