ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, November 3, 2012

ကိုယ်ရေးကိုယ်တာအချစ်



"ကိုယ်ရေးကိုယ်တာအချစ်"
================
ကိုယ့်အရေးတွေကိုဘဲ တာလွှတ်ပြီးပြေးပြေးဆောင်ရွက်နေရလို့
ကိုယ်ရေးကိုယ်တာဆိုတာတွေများ ပေါ်ပေါက်လာရသလားကွယ်
ငါကတော့ ၀န်ထမ်းမို့ အချစ်ကိုခွင့်ရက်တွေနဲ့ တင်စားပြီးပြောပြချင်တယ်
တစ်နှစ်မှာ (၁၀) ခါလောက်တော့ နင်နဲ့ ငါ ရှောင်တခင်ခွင့်လို
ရန်ဖြစ်ခဲ့ကြတာ    မှတ်မိမှာပါ   !
စိတ်ကောက်ပြီ ဆိုမှတော့  လာမချော့နဲ့ လုပ်သက်ခွင့်လို အနည်းဆုံး
တစ်လလောက်တော့ပစ်ထားလိုက်တယ်  ဟွန်းးးးး
တစ်ခါတစ်ရံလည်း ညာသံပေးပြီးလက်မှတ်အတုနဲ့
ဆေးခွင့်ယူတယ်   ခဏ ဝေးလည်းနားအေးတာဘဲ
အချစ်ရဲ့ ပင်စင်တော့ ငါ မယူချင်သေးဘူးဟယ်
မေတ္တာလုပ်သက်တွေနဲ့ သစ္စာလစာ ပွားပြီး
ငါယူရမယ့်အချစ်ပင်စင်အတွက်
နင့်ဘ၀ကြီးနဲ့ ပေးဆပ်ဖို့တော့ အသင့်ပြင်ထားပေါ့
အော်  !
ကိုယ့်အရေးတွေကိုဘဲ တာလွှတ်ပြီးပြေးပြေးဆောင်ရွက်နေရလို့
ကိုယ်ရေးကိုယ်တာဆိုတာတွေများ ပေါ်ပေါက်လာရသလားကွယ်

စစ်မှန်တဲ့ အချစ် နှစ်ကြာရှည် ဖြစ်တတ်ပါသတဲ့
ချစ်တတ်သူတိုင်း  ပျော်ရွှင်မှာပါ (အကြင်နာ)

No comments:

Post a Comment