ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Wednesday, November 7, 2012

သိုဝှက်အလှ

 "သိုဝှက်အလှ"


လိပ်ပြာလို့  အလှဆောင်လို့သာ
အရောင်သွေးကိုမြင်သူတိုင်း ငေးကြတာပါ
ခူယားလေးဘ၀က  ဘယ်သူများကျမကို
ရှာတွေးပြီး သနားဖူးကြလို့လဲ
လူမသိတဲ့ ဇာတ်ရုပ် ကိုယ်တိုင်လုပ်ခဲ့တာမဟုတ်ဘူး
ဘ၀ပေးက  ရွေးစရာမရှိတော့ လူတိုင်းမုန်းတဲ့
ခူယားလေးဘ၀  ကျမ နေခဲ့ရတာပေါ့
သစ်ပင်အို ခေါင်းနက်နက်
တိုးဝှက်လို့ အသိုက်ဖွဲ့
လူဝေးအောင် နေရက်တာတောင်
မီးမြိုက်လို့ ကင်ကြတယ်
ရှင်သန်ြခင်းတွေ အရသာမဲ့
ကြိုးစားလို့ အားခဲပြီး သေပွဲကို လွန်ခဲ့တဲ့ ကျမ
ဟော   ! အခုတော့
ရာသီတွေ အလီ လီပြောင်း
အမုန်းဆောင်တဲ့ အသွင်ပျောက်လို့
လူရှေ့ ရောက်တောင် မကြောက်ရွံ့ တဲ့
ချစ်စရာတောင်ပံလေးနဲ့   ကျမ
ရောင်စုံ လိပ်ပြာလေးဘ၀ရောက်ခဲ့ရပေါ့

ခြံထဲက သီးပင်ပေါ်မှာ မြင်ရတဲ့ ခူယားလေးတွေ ဘ၀ကို သနားလို့ ခံစားရေးဖွဲ့ တယ်
(သဘာဝကို ချစ်တဲ့ မနှင်းဆီ)
 

No comments:

Post a Comment