ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Monday, November 5, 2012

တစ်ခြမ်းပဲ့အလွမ်း

"တစ်ခြမ်းပဲ့အလွမ်း"



ငါမလိုချင်လို့ ချွတ်ချတဲ့ အရေခွံ
ကမ္ဘာကြီးပူနွေးတာ   ဒါနဲ့ဆိုင်သလား
အအေးကာဖို့  တဘက် ပ၀ါ တွေခြုံ
စိတ်လုံဖို့ကို ဘာနဲ့ခြုံမလဲ
ထိုင်နေတာက နံရံလေးဘက်နဲ့အခန်း
ကပ်ထားတာက တရုတ်မှန်
အပေါက်ရှိသလောက် စိတ်တွေရောက်ရင်
ဟို အပြင်မှာ လွင့်နေတာ  ငါ ပါ...
၅၀၀  ဖိုးလောက်လွမ်းချင်တယ်
ရွက်ကြွေ တွေ ချွေ ချပေးမယ့်သူရှိရင်
အကြည်တော်ရဲ့ဝတ္တု ထဲကလို သရော်သံနဲ့ လွမ်းရင်း
အလွမ်းမကင်းတဲ့နေ့တွေတိုင်း
နှစ်လွှာပူးတဲ့ စွယ်တော်ရွက်တွေလဲ   ငါမကြည့်ဘူး
အီကြာကွေးလည်း        ငါ မစားဘူး
မုန့်လင်မယားဆိုင်ရှေ့တောင်     ငါ ဖြတ်မလျှောက်ဘူး
ခပ်တည်တည်နဲ့ ယုံအောင်ပြောရရင်
နှစ်ဖက်ပိတ်တဲ့ တံခါးပေါက်တောင်  ငါ မဆောက်ဘူး
အဲသလောက်   ဆင်ခြင်နေကာမှ  
နှလုံးသားအပိုရှိတဲ့ လူတစ်ယောက်
မနေ့က တံခါးလာခေါက်တယ်
လက်ထဲမှာလည်း ငါမကြိုက်တဲ့
စွယ်တော်ရွက်တွေ     ပိုက်လို့.........

(လွမ်းရင်း လွမ်းရင်း  လွမ်းချင်းတွေ ရေးတဲ့ မနှင်းဆီ)

No comments:

Post a Comment