ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Tuesday, November 13, 2012

တစ်ခါတလေ---



တစ်ခါက ဆောင်း၇ာသီမှာ ငှက်ကလေးတစ်ကောင်ဟာ အရမ်းအေးတာနဲ့မပျံနိုင်ဘဲ

မြေပြင်ပေါ်ကိုပြုတ်ကျလာတယ်။ ငှက်ကလေးဟာ ကိုယ့်ကိုယ်ကို

သေရတော့မယ်လို့ထင်နေတုန်း  ငှက်ကုလားအုတ် တစ်ကောင်ဟာ သူအနားရောက်လာပြီး

သူ့အပေါ်ကိုမစင်စွန့်ချလိုက်တယ်။

မစင်ရဲ့အနွေးဓါတ်ကြောင့် ငှက်ကလေးဟာ

ပြန်နွေးထွေးလြာ့ပီး လှုပ်ရှားလာနိုင်တယ်။ဒီတော့မှ ငှက်ကလေးဟာ

ငါမသေနိုင်တော့ဘူးဆိုပြီး ဝမ်းသာနေတုန်းမှာ

မြေခွေးတစ်ကောင်ရောက်လာတယ်။လှုပ်လှုပ် လှုပ်လှုပ် ဖြစ်နေတဲ့ မစင်ကိုတွေ့ပြီး

လက်နဲ့ဖယ်ကြည့်လိုက်ရာမှာ ငှက်ကလေးကိုတွေ့ပြီး

ဖမ်းယူစားပစ်လိုက်တယ်။မစင်ထဲနစ်တဲ့သူက ကယ်သူဖြစ်နေပြီး

မစင်ထဲကဖယ်ထုတ်တဲ့သူက သေအောင်လုပ်တဲ့သူဖြစ်နေပါတော့တယ်။
 
 


ရည်ညွှန်း-
-တစ်ခါတစ်လေ ကိုယ့်အထင်နှင့်အမြင် လွဲတတ်တဲ့အခါမျိုးလည်းရှိနိုင်ပါတယ်။

(SHINE HOPE ပတ်ဝန်းကျင်ကသိရှိသည်များကို MEMBERSအားမျှဝေပါတယ်)

No comments:

Post a Comment