ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, November 10, 2012

အပြုံး

 
 
"အပြုံး တစ်ချက်"


အပြုံးတဲ့  !

ပျော်မှ ခင်မှ ပြုံးနေကြတာ မဟုတ်ပါဘူး

မုန်းလျက်နဲ့ ပြုံးပြနေရတာတွေလည်းရှိမယ်
အပြုံးရဲ့ အသက်မှာ...

သရော်ပြုံး
လှောင်ပြုံး
မချိပြုံး

မာယာပြုံး
ပီတိပြုံး

နားမလည်တဲ့ဘာသာပြန်မှုတွေ စိတ်ချင်းဆက်သွယ်ကင်းမဲ့ခဲ့ရင်

သရော်ပြုံးလေး ပြုံးပြခဲ့တယ်
အနှစ်မပါတဲ့ အဖြစ်ရယ်လို့  ကြုံကာမှ သိစေသူအတွက်

တစ်ချက်တော့      လှောင်ပြုံးပေးခဲ့တယ်
ခံစားရခက်တဲ့ မျိုသိပ်ချက်တွေ ငုပ်လျှိုးစွာဖော်ပြချင်ရင်

မချိပြူံးတော့   ပြခဲ့တယ်
လိုချင်တာရဖို့အတွက်  ချကျွေးမယ့်အစာ  မာယာလို့

အပြုံးကို အနက်ဖော်မလား
ကိုယ်မရပေမယ့် တစ်ပါးသူရရင် ဖြစ်လာတဲ့ပီတိ အပြုံး

မျက်ရည်တောင်ဖုံးတယ်
ဘယ်လို အသုံးတွေ သုံးသုံး

ငါမပြုံးတတ်တာသေချာတယ်
အကြွင်းမဲ့ ချစ်တတ်တဲ့  မြင့်မြတ်မှုတွေနဲ့
မအိုမီ   မနာမီ    အသေမီ

လောကကြီးကို  သန့်စင်တဲ့ အပြုံးတစ်ချက်
ငါပြုံးပြခဲ့ချင်ပါသေးတယ်

(အရယ်အပြုံးနည်းတဲ့ မနှင်းဆီ)

No comments:

Post a Comment