"အတိတ်ဆီက ဧကရာဇ်"
ဧကရာဇ်ပန်းတွေကြွေတိုင်း
ဆောင်းတွင်းနံနက် ကျုရှင်တက်ခဲ့တဲ့
ငယ်ဘ၀လေးကို ပြန်သတိရတယ်
ချမ်းအေးတဲ့ ကျုံးဘေးမှာ စက်ဘီးလေးတွေနဲ့
မနင်းဘဲအတူတူလျှောက် ရောက်တတ်ရာရာစကားလေးတွေပြောခြဲ့ ကတာ..
ငါအမှတ်ပြည့်ရဖို့အတွက် ကျုရှင်မှာနင်တစ်ယောက် အလျှော့ပေးခဲ့တာ...
ငါထိုင်တဲ့စားပွဲတိုင်းမှာ ဧကရာဇ်ပန်းတွေဝိုင်းနေတာ....
နားလည်ပေမယ့် ဖွင့်ဆိုဖို့ခက်တဲ့
ပညာသင်အရွယ်ရိုင်းလေးမို့ပါ !
အခုတော့လေ..........
တစ်မြို့ တစ်ရွာ ကိုရောက်လို့
ဧကရာဇ်ပွင့်တွေ တွေ့ရင်
နင်ချစ်ခဲ့တဲ့ ကောင်မလေးတစ်ယောက်ကို
အမှတ်ရနေမလား?
ဒါမှမဟုတ်.........
သားသားမီးမီးတွေနဲ့ ပွားစည်းပြီး
နင် အိမ်ထောင်ရှင်ကြီးဖြစ်နေမလား?
ငါတွေးတဲ့ အတွေးနဲ့
ငါရေးတဲ့ကဗျာလေးတွေကိုဖတ်မိပြီး
ချစ်ခဲ့ဘူးတဲ့ ဧကရာဇ်ကျောင်းသူလေး
"အသက်" ဆိုတာကို
နင်အွန်လိုင်းသုံးရင်းသိနေမလား. .........?
ဘယ်ကမ္ဘာကိုဘဲရောက်ရောက် တစ်ခေါက်လောက်တော့
ဧကရာဇ်ပွင့်တွေ အတူကောက်ရအောင် ပြန်လာခဲ့ပါ ငယ်ချင်းရယ်
ဧကရာဇ်ပန်းတွေကြွေတိုင်း
ဆောင်းတွင်းနံနက် ကျုရှင်တက်ခဲ့တဲ့
ငယ်ဘ၀လေးကို ပြန်သတိရတယ်
ချမ်းအေးတဲ့ ကျုံးဘေးမှာ စက်ဘီးလေးတွေနဲ့
မနင်းဘဲအတူတူလျှောက် ရောက်တတ်ရာရာစကားလေးတွေပြောခြဲ့
ငါအမှတ်ပြည့်ရဖို့အတွက် ကျုရှင်မှာနင်တစ်ယောက် အလျှော့ပေးခဲ့တာ...
ငါထိုင်တဲ့စားပွဲတိုင်းမှာ ဧကရာဇ်ပန်းတွေဝိုင်းနေတာ....
နားလည်ပေမယ့် ဖွင့်ဆိုဖို့ခက်တဲ့
ပညာသင်အရွယ်ရိုင်းလေးမို့ပါ !
အခုတော့လေ..........
တစ်မြို့ တစ်ရွာ ကိုရောက်လို့
ဧကရာဇ်ပွင့်တွေ တွေ့ရင်
နင်ချစ်ခဲ့တဲ့ ကောင်မလေးတစ်ယောက်ကို
အမှတ်ရနေမလား?
ဒါမှမဟုတ်.........
သားသားမီးမီးတွေနဲ့ ပွားစည်းပြီး
နင် အိမ်ထောင်ရှင်ကြီးဖြစ်နေမလား?
ငါတွေးတဲ့ အတွေးနဲ့
ငါရေးတဲ့ကဗျာလေးတွေကိုဖတ်မိပြီး
ချစ်ခဲ့ဘူးတဲ့ ဧကရာဇ်ကျောင်းသူလေး
"အသက်" ဆိုတာကို
နင်အွန်လိုင်းသုံးရင်းသိနေမလား.
ဘယ်ကမ္ဘာကိုဘဲရောက်ရောက် တစ်ခေါက်လောက်တော့
ဧကရာဇ်ပွင့်တွေ အတူကောက်ရအောင် ပြန်လာခဲ့ပါ ငယ်ချင်းရယ်
အမှတ်တရ ခုနှစ် ဘယ်တော့မှ မေ့မပစ်တတ်ပါဘူး(အကြင်နာနှင်းဆီ
No comments:
Post a Comment