ကလေးကို ဘယ်လိုပြောလိုက်တာလဲ
လေယာဉ်တစ်စင်းပေါ်မှာပါ ကလေးတစ်ယောက်က ဘယ်လိုမှ အငြိမ်မနေဘဲ အော်ဟစ်နေတယ်။ လေယာဉ်မယ်လေးတွေ မုန့်ကျွေးပြီးချော့လို့လည်း
သူ့အမေက ဘယ်လိုပြောပြော မရဘူး၊ ဘေးနားက ခုံတွေကိုလည်း ကန်နေတာ လေယာဉ်တစ်စင်းလုံးက ခရီးသည်တွေ အားလုံး စိတ်အနှောင့် အယှက်ဖြစ်နေတာပေါ့။
အဲဒီ အချိန်မှာ လေတပ် ယူနီဖေါင်း ၀တ်ထားတဲ့ ဗိုလ်ချုပ်တစ်ယောက် လျှောက်လာပြီး ချာတိတ်ကို စကားတစ်ခွန်းပြောလိုက်တာ ချာတိတ်လေးငြိမ်ကြသွားပါတယ်။
လေယာဉ်မယ်လေးက ကလေးကိုဘယ်လိုချော့လိုက်တယ်ဆို
ငါ တပ်ထားတဲ့ ဆုတံဆိပ်တွေက လေယာဉ်တစ်ခါမောင်းတိုင်း၊ လောယာဉ်ပေါ်က ကလေးတစ်ယောက် ပစ်ချုလို့ရတဲ့ ဆုတွေ ပဲလို့ ပြောလိုက်တာပါတဲ့။
သခင်မျိုးဟေ့ ဒို့ဗမာ
လေယာဉ်တစ်စင်းပေါ်မှာ တရုတ်လူမျိုးတစ်ယောက်၊အိနိယလူမျ
လေယာဉ်က ခဏကြာတော့ စက်ပျက်သွားတော့ လေယာဉ်မှူးတွေ လေထီးကိုယ်စီနဲ့ ထွက်လာပြီး။
လေထီး အပိုက တစ်ခုထဲရှိတာ ခင်များတို့ ထဲက တစ်ယောက်ဘဲ ရမှာ ဆိုပြီး တံခါးဖွင့်ပြီး ခုန်ချသွားပါလေရော။
အဲဒီတော့ အားလုံး ဘာလုပ်ရမှန်းမသိဘဲ ကြောင်နေကြတယ်လေ။
တရုတ်ကြီးက သူတို့က လူဦးရေများတော့ တစ်ယောက်လျှော့လို့ ဘာမှမဖြစ်ဘူးဆိုပြီး
မဟာ တရုတ်လူမျိုး လို့ အော်ပြီး လေထီးမပါဘဲ ခုန်ထွက်သွားပါတယ်။
အိနိယလူမျိုးကလည်း အားကျမခံ သူတို့လည်း လူဦးရေများတာဘဲဆိုပြီး
ကြီးမြတ်သော အိနိယလူမျိုး လို့ အော်ပြီးလေထီးမပါဘဲ ခုန်ထွက်သွားပါတယ်။
အဲဒီတော့ အင်္ဂလိပ်လူမျိုးနဲ့ ကျွန်တော်တို့ ဗမာ လူမျိုး နှစ်ယောက်ထဲကျန်တော့တယ်
ကျွန်တော်တို့ ကိုရွှေဗမာက
သခင်မျိုးဟေ့ ဒို့ဗမာ လို့အော်လိုက်ပြီး ခုန်ထွက်သွားပါတယ်။
အင်္ဂလိပ်ကြီးက ပျော်သွားပြီး လေထီးကိုယူမလို့ ကြည့်လိုက်တော့ မရှိတော့ပါဘူး။
ခေါင်းရှုပ်မခံနိုင်ဘူး
ယောက္ခမ အထီးဆီ သမက်ဖြစ်သူရောက်လာသည်။
“ အန်ကယ် . .အန်ကယ့်သမီးနဲ့ ကျွန်တော်လက်ထပ်တာ ၃-လ ပဲရှိသေးတယ် ၊
ဒါပေမယ့် ကလေးမွေးပြီ . . ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ . . ကလေးတစ်ယောက်မွေးဖို့ က
၉ လလောက်လိုတယ်ဆိုတာ အားလုံးသိကြတာပဲ . . ”
ထိုအခါ ယောက္ခမအထီးက ပြန်မေးသည်။
“ မင်းမိန်းမနဲ့ ၃ လကြာအတူနေတယ်နော် ”
“ဟုတ်ကဲ့ အန်ကယ်”
“ မင်းမိန်းမဟာ မင်းနဲ့ ၃လကြာအတူနေတယ်နော် ”
“ ဟုတ်ကဲ့ နေပါတယ် ”
“ မင်းတို့ နှစ်ယောက်အတူနေတာ ၃လရှိပြီနော်”
“ ဟုတ်ပါတယ်”
“ အေး အဲဒါဆို ၃+၃+၃ ဘယ်လောက်လဲ”
“ ၉ပါ အန်ကယ်”
“ အေး . . . အေး..”
No comments:
Post a Comment