ဘဝဇာတ်ခုံတွင် အောင်အောင်မြင်မြင် လျှောက်လှမ်းနိုင်မနိုင်ကို ခန့်မှန်းအဖြေထုတ်နိုင်သည့် Adversity Quotient ဟုခေါ်သော ညွှန်းကိန်းတစ်ခု မကြာသေးမီနှစ်များအတွင်း ပေါ်ထွက်လာခဲ့သည်။ အင်္ဂလိပ်ဝေါဟာရဖြင့် Adversity မှာ အခက်အခဲ၊ မနှစ်မြို့ဖွယ် အခြေအနေဟု အဓိပယ်ရရာ အခက်အခဲနှင့် ရင်ဆိုင်တွေ့သည့်အခါ မကြောက်မရွံ့နောက်မတွန့်ဘဲ ရင်ဆိုင်နိုင်စွမ်း၊ အကြိမ်ကြိမ်လဲကျသော်လည်း ပြန်ထနိုင်စွမ်းကို Adversity Quotient ဟု ခေါ်ဆိုခြင်းဖြစ်သည်။
အကျပ်အတည်း ကြုံချိန်၊ အရှုံးနှင့်တွေ့ချိန်၊ ငြင်းပယ်ခံရချိန်တွင် မည်သို့တုံ့ပြန်နိုင်သနည်းကို တိုင်းတာပြီး Adversity Quotient AQ အဖြစ် Dr.Paul Stoltz က သုတေသနပေါင်း ၅ဝဝခန့်မှ တွေ့ရှိချက်များကို လေ့လာဆန်းစစ်ကာ ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ ဆိုးဝါးသည့် အခြေအနေနှင့် ကြုံချိန်တွင် ကြံ့ကြံ့ခံကာ ဆက်လက်ရှင်သန်နိုင်မည်လား၊ သို့မဟုတ် ပြိုလဲကျဆုံးသွားမည်လားကို AQ က ဖော်ပြနိုင်သည်။ AQ မြင့်မားသူသည် အကျပ်အတည်းကြုံချိန်တွင် အကောင်းဆုံးအားထုတ်သည်၊ အရှုံးနှင့် တွေ့သော်လည်း အားမလျှော့၊ ငြင်းပယ်ခံရသော်လည်း စိတ်မပျက်။
AQ ကို Paul Stoltz က တောင်တက်သမားသုံးယောက် ဥပမာဖြင့် ရှင်းပြထားသည်။ မြင့်မားသော တောင်တစ်လုံးကို တောင်တက်သမားများ တက်ကြသည်။ လမ်းခရီးမှာ မတ်စောက်သလို ကြမ်းတမ်းသည်။ ချမ်းအေးသလို လေလည်းထန်သည်။
တောင်တက်သူအများစုမှာ ခရီးအစလေးတွင်ပင် ဘေးထွက်ထိုင်ကြမည်၊ နောက်ပြန်လှည့်ကြမည်၊ အလျှော့ပေးသွားကြမည်။ သူတို့သည် Quitters ခေါ် 'လက်မြောက်အရှုံးပေးသူများ' ဖြစ်သည်။ သူတို့သည် တောင်ကို မတက်လိုတော့။ တောင်ထိပ်သို့ရောက်လိုသော်လည်း လမ်းရှိ အခက်အခဲတို့ကို ရင်မဆိုင်လိုတော့။
အခိျု့တောင်တက်သူများမှာ ဆက်လက်တက်ကြသည်။ သို့သော် အတန်ငယ် ခရီးပေါက်သည်ဟု ထင်လျှင် ဆက်မတက်လိုတော့။ ပင်ပန်းပြီ၊ ခြေကုန်လက်ပန်းကျပြီ၊ ငါတက်နိုင်တာ ဒီလောက်ပဲဟု စိတ်ဒုန်းဒုန်းချလိုက်ကာ ရောက်ရာနေရာတွင် စခန်းချလိုက်တော့သည်။ ထိုဒုတိယအမျိုးအစား တောင်တက်သူများသည် Campers ခေါ် 'စခန်းချသူများ' ဖြစ်သည်။ 'စခန်းချသူများ' သည် 'လက်မြောက်အရှုံးပေးသူများ' ထက်တော့ ခရီးပေါက်သည်။
ရည်မှန်းချက် တောင်ထိပ်သို့ မရောက်မချင်း တက်သူများမှာ Climbers 'အတက်သမားများ' ဖြစ်သည်။ လမ်းခရီးမည်သို့ပင် ကြမ်းတမ်း မတ်စောက်ပါစေ သူတို့ကြိုးစားတက်သည်။ စိတ်ဓာတ်အင်အား မကျဆင်းဘဲ မရောက်မချင်း ဇွဲနပဲနှင့် တက်သူများဖြစ်သည်။ မျှော်လင့်ချက်၊ အနိုင်မခံအရှုံးမပေးစိတ်၊ တောင်ထိပ်သို့ရောက်လိုစိတ်တို့က 'အတက်သမားများ' ကိုရှေ့ဆောင်သည်။
ထိုတောင်တက်သူသုံးဦးကို လက်တွေ့ဘဝတွင်လည်း တွေ့မြင်နိုင်သည်။ 'လက်မြောက် အရှုံးပေးသူများ' သည် အခက်အခဲနှင့် အမြည်းသဘောတွေ့လိုက်ရုံဖြင့် အလံဖြူထောင် လက်နက်ချလိုက်သည်။ 'စခန်းချသူများ' မှာမူ အတန်ငယ် အဆင်ပြေရုံဖြင့် 'ဒီဘဝ ဒီမျှ' ဟု သဘောထားကာ တန်းဖြုတ်လိုက်တော့သည်။ ဆက်လက်အားထုတ်ကြိုးစားခြင်းကို ရပ်တန်းကရပ်လိုက်ကာ ဘဝ၏ ကျန်အချိန်များကို ကုန်ဆုံးစေတော့သည်။
'အတက်သမားများ' မှာမူ မိမိရည်မှန်းချက်ပန်းတိုင်သို့ မရောက်ရောက်အောင် ကြိုးစားအားထုတ်ကြသည်။ သူတို့သည် မွေးစမှသည် သေသည်အထိ တောက်လျှောက်တက်နေကြသည်။ အသက်အရွယ်မရွေး၊ အမျိုးသားအမျိုးသမီးမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ဥာဏ်ရည်ကောင်းညံ့မရွေး 'အတက်သမား' တို့သည် တက်မြဲတိုင်းတက်နေကြသည်။ 'ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်' ဆိုသည်မှာ 'အတက်သမား' တို့၏ ဆောင်ပုဒ်ဖြစ်သည်။
ဘဝဆိုသည်မှာ တောင်တက်ခြင်းတစ်မျိုးပင်ဖြစ်
တောင်တက်သမားသုံးမျိုးတွင် 'အတက်သမား' တစ်ဦးတည်းသာ တောင်ထိပ်သို့ ရောက်ခြင်းတည်း ဟူသော အောင်မြင်မှုကို ခံစားရယူနိုင်မည်။
'လက်မြောက်အရှုံးပေးသူများ' သည် ရသင့်ရထိုက်သော ဘဝကို မရယူကြသူများဖြစ်သည်။ သက်သာသည်ဟုထင်ရသော်လည်း ထိုသူတို့သည် ဘဝကို နောက်ကြောင်းပြန်လှည့်ကြည့်သော
'စခန်းချသူများ' သည်လည်း ရသင့်ရထိုက်သောဘဝကို အရမယူသူများဖြစ်သည်။ 'လက်မြောက်အရှုံးပေးသူများ' နှင့် ကွာခြားသည်မှာ အတိုင်းအတာ၊ ပမာဏတွင်သာဖြစ်သည်။ သူတို့သည် လက်ရှိရထားသော နေရာကို စွန့်လွှတ်ရမည်ကို စိုးရိမ်နေတတ်ကြသည်။ ယခုလောက် ကြိုးစားပြီးလျှင်တော်ပြီဟု ဆိုကာ လေ့လာသင်ကြားခြင်း၊ အားထုတ်ခြင်းကို ရပ်တန့်လိုက်သူများဖြစ်သည်။
'အတက်သမားများ' သည်သာ ဘဝတွင် နေရကျိုးနပ်သူများဖြစ်သည်။ သူတို့သည် ခံစားချက်ပြင်းပြင်းဖြင့် ရည်မှန်းချက်သို့ ချီတက်နိုင်ကြသည်။ မှန်မှန်ကြိုးစားသွားလျှင် တစ်နေ့လိုရာပန်းတိုင်သို့ရောက်
အဆိုပါ တောင်တက်သမားသုံးဦးတို့ ကွာခြားသည့်နေရာမှာ Adversity Quotient တွင်ဖြစ်သည်။ အတက်သမားများသည် အမြင့်မားဆုံးသော AQ ကို ပိုင်ဆိုင်ကြသည်။ စခန်းချသူများ၏ AQ မှာ သာမန်အဆင့်ဖြစ်ပြီး လက်မြောက်အရှုံးပေးသူတို့သည် AQ နိမ့်ကြသည်။
AQ မြင့်သောသူတို့သည် အဆိုးရွားဆုံးသော အခြေအနေများတွင်ပင် စိတ်ဓာတ်ခိုင်ခိုင်မာမာထားနိုင်
ပေါ့ပါးပြီး ကြာရှည်အသုံးခံသည့် ဘက်ထရီကို တီထွင်ရန် နှစ်၂ဝကြာ စမ်းသပ်မှုပေါင်း ငါးသောင်း ပြုလုပ်ခဲ့သည့် တီထွင်သမားကြီး အက်ဒီဆင်၏ ဥပမာကို ကြည့်ရအောင်။ 'မစတာအက်ဒီဆင်ခင်ဗျား၊ အကြိမ်ငါးသောင်းတောင် မအောင်မြင်ခဲ့တာကို ဘာလို့ ရလာဒ်တွေ ထွက်လိမ့်မယ်လို့ ထင်နေသေးတာလဲ'၊ တစ်ဦးက မေးခွန်းထုတ်သည်။ 'ရလာဒ်လား၊ ရလာဒ်တွေ ရနေတာပဲလေ။ ဘက်ထရီ ဖြစ်မလာနိုင်တဲ့နည်း ငါးသောင်းတောင် ကျွန်တော် သိသွားပြီ' ဟု အက်ဒီဆင်က ပြန်ဖြေလိုက်သည်။ မဖြစ်နိုင်သောနည်း ငါးသောင်းသိသွားသည့်အတွက် ဖြစ်ရန် နီးစပ်လာပြီဟု အက်ဒီဆင်က သဘောထားသည်။ အက်ဒီဆင်သည် 'အတက်သမား' ကြီးဖြစ်သည်။
မည်မျှထူးချွန်ထူးချွန်၊ မည်မျှ ဥာဏ်ရည်ထက်ထက် AQ နိမ့်လျှင် ထိုအရည်အချင်း ဥာဏ်ရည်တို့သည် သဲထဲရေသွန်ဖြစ်မည်သာ။ မည်သည့်အလုပ်ဖြစ်စေ အခက်အခဲရှိမြဲဖြစ်သောကြောင့် အခက်အခဲတွေ့လျှင် လက်မြောက် အရှုံးပေးတတ်သူသည် လိုရာရောက်မည်မဟုတ်။ ကြီးကျယ်မြင့်မားသော အလုပ်တာဝန်မှန်သမျှ အခက်အခဲကြီးမားတတ်စမြဲဖြစ်ရာ AQ နိမ့်လျှင် မည်သို့မျှ မပြီးမြောက်နိုင်။ အထူးသဖြင့် မဖောက်သေးသောလမ်း၊ မလျှောက်ဖူးသောလမ်း (Untraveled Road) တို့ကို လျှောက်လိုလျှင် AQ မြင့်ရမည်။
ဘုန်းမီးနေလတောက်ပသော နေမဝင်ဗြိတိသျှအင်ပါယာကြီးအား အန်တုကာ လွတ်လပ်ရေးရယူမည်ဆိုသည့် အကြံမှာ သာမန်လူများ မစဉ်းစားဝံ့သော အရာပင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မျိုးချစ်များသည် ထိုသို့ မလျှောက်ဖူးသည့် လမ်းကိုမှ ရွေးချယ်ကာ လျှောက်လှမ်းခဲ့ကြသည်။ ထောင်ဘေး၊ အသက်အိုးအိမ်စည်းစိမ်ပြုတ်မည့်ေ
မိမိတောင့်တသော ရည်မှန်းချက်သည် ကြီးမားမွန်မြတ်သည်နှင့်အမျှ တောင်ထိပ်သည် မြင့်မားဝေသီမည်ဖြစ်သလို တောင်တက်လမ်းသည်လည်း ကြမ်းတမ်းခက်ခဲမည်။ AQ
မြင့်ပါမှ 'တောင်ကြီးဖဝါးအောက်' ရောက်မည်ဖြစ်သည်။ စာရှုသူ မိတ်ဆွေ၊ သင်ရော ဘယ်လို တောင်တက်သမားမျိုးလဲ။
ဇေယျသူ
ဒီတစ်ပတ်ထုတ် Street View မှာ ရေးဖြစ်တဲ့ ဆောင်းပါးပါ။
No comments:
Post a Comment