တစ်ခါတုန်းက အမတ်ကြီး တစ်ယောက်ဟာ မိဖုရားကြီး တစ်ပါးဆီကို အခစား ၀င်ရင်း
မိဖုရားကြီး နေရာထိုင်မှု အပြောင်းအရွှေ့မှာ မမြင်သင့်တဲ့ အရာကို
မြင်သွားတယ်တဲ့။ အဲဒီနေ့ကစပြီး
အမတ်ကြီးက သူ့ရဲ့ အမတ် ကတော် ကြီးကို
စိတ်မ၀င်စားတော့ ဘူးတဲ့။ စိတ်က မိဖုရားကြီး
ဆီမှာပဲ ရောက် ရောက်နေတယ်တဲ့။
ပြီးတော့ အမတ်ကြီးက တမှိုင်မှိုင် တထွေထွေနဲ့ ဖြစ်ပြီး
ဘာအလုပ်မှလည်း
ကောင်းကောင်းလုပ်လို့ မရတော့ဘူးတဲ့။ ကြာလာ တော့ အစားပျက်
အအိပ်ပျက်ပါ ဖြစ်လာပြီး လူက ပိန်ချုံးလာတယ်။
နောက်ဆုံးတော့ မိဖုရားကြီးက ဒီအကြောင်းကို သိသွားတယ်။ မိဖုရားကြီး ကလည်း ပညာရှိပုံ ရတယ်။
နောက်ဆုံးတော့ မိဖုရားကြီးက ဒီအကြောင်းကို သိသွားတယ်။ မိဖုရားကြီး ကလည်း ပညာရှိပုံ ရတယ်။
ဒါ့ကြောင့် မိဖုရားကြီးက ရွှေခွက်ရယ်၊ ငွေခွက်ရယ်၊
ကြေးခွက်ရယ် ခွက် သုံးခွက်ထဲကို ပုန်းရည်
အနည်းငယ် စီကို ထည့်ပြီး
ခုံတစ်လုံးပေါ် တင်ထားလိုက်တယ်။ ပြီးတော့ အမတ်ကြီးကို
အခစားဝင်ဖို့
ခေါ်လိုက်တယ်။
အမတ်ကြီး ရောက်လာတော့ ပထမဆုံး ကြေးခွက်နဲ့ ထည့်ထားတဲ့ ပုန်းရည်ကို တိုက်လိုက်တယ်။
အမတ်ကြီး ရောက်လာတော့ ပထမဆုံး ကြေးခွက်နဲ့ ထည့်ထားတဲ့ ပုန်းရည်ကို တိုက်လိုက်တယ်။
အမတ်ကြီး သောက်ပြီး သွားတော့ မိဖုရားကြီးက “ အမတ်ကြီး
ဘယ်လိုနေလဲ" လို့ မေးတယ်။
အမတ်ကြီးက “ ဖန်တွတွပါ ဘုရား" လို့ ဖြေလိုက်
တယ်တဲ့။
နောက် ဒုတိယ ငွေခွက်နဲ့ ထည့်ထားတဲ့ ပုန်းရည်ကို
နောက် ဒုတိယ ငွေခွက်နဲ့ ထည့်ထားတဲ့ ပုန်းရည်ကို
တိုက်လိုက် ပြန်တယ်တဲ့။
ပြီးတော့ ရှေးက မေးခွန်းအတိုင်း “ အမတ်ကြီး ဘယ်လိုနေလဲ ” လို့ မေးတယ်။
အမတ်ကြီး ကလည်း ရှေးက အဖြေအတိုင်းပဲ “ ဖန်တွတွပါ ဘုရား” လို့ ဖြေတယ်။
နောက်ဆုံး ရွှေခွက်နဲ့ထည့်ထားတဲ့ ပုန်းရည်ကို တိုက်လိုက်ပြန်တယ်။ ရှေးက အတိုင်းပဲ “ အမတ်ကြီး
နောက်ဆုံး ရွှေခွက်နဲ့ထည့်ထားတဲ့ ပုန်းရည်ကို တိုက်လိုက်ပြန်တယ်။ ရှေးက အတိုင်းပဲ “ အမတ်ကြီး
ဘယ်လို နေလဲ” ပေါ့။ အမတ်ကြီးကလဲ ရှေးကအတိုင်းပဲ “ ဖန်တွတွပါဘုရား
” ပေါ့။ ခွက် သုံးခွက်နဲ့
ပုန်းရည် တိုက်ပြီး သွားတော့ ခေတ္တ ခဏတော့ အသံတွေ
အပြုအမူတွေ တိတ်ဆိတ်သွားတယ်။
အမတ်ကြီး ကလည်း ခေါင်းကို ငုံ့ပြီး၊ မိဖုရားကြီး ဆီက ဘာဆက်မိန့်မယ်ဆိုတာ စောင့်နေတယ်။
အမတ်ကြီး ကလည်း ခေါင်းကို ငုံ့ပြီး၊ မိဖုရားကြီး ဆီက ဘာဆက်မိန့်မယ်ဆိုတာ စောင့်နေတယ်။
မိဖုရားကြီး ကလည်း ရှေ့ဆက်ပြီး ပြောမယ့်
စကားလုံး အတွက် စကားလုံး ရွေးချယ် နေပုံရတယ်၊
တအောင့်လောက် ကြာမှ
မိဖုရားကြီးဆီက အသံ ထွက်လာတယ်။ “အမတ်ကြီးရယ် ပုန်းရည်ဆိုတာ
ခွက်သာ
ပြောင်းသွားတာ အရသာကတော့ ဖန်တွတွပါပဲ” တဲ့။
အဲဒီနေ့ကစပြီး အမတ်ကြီးလည်း ကျန်းကျန်း မာမာနဲ့ ပုံမှန်အလုပ်တွေကို ပြန်လုပ် သွားနိုင်တယ်တဲ့။
အဲဒီနေ့ကစပြီး အမတ်ကြီးလည်း ကျန်းကျန်း မာမာနဲ့ ပုံမှန်အလုပ်တွေကို ပြန်လုပ် သွားနိုင်တယ်တဲ့။
ပုဏ္ဏေးမကြီး ကိုလည်း စိတ်ပြန် ညွှတ်သွားပါသတဲ့။
ကိုယ်ပြောပြတဲ့ ပုံဝတ္ထုလေးက အလင်္ကာ သဘောအရ
ဂါမ္မဒေါသများ သင့်နေ မလား မသိဘူး။
ဒါပေမယ့် ကိုယ့်ဘ၀ တစ်လျှောက်လုံး မှာတော့ တော်တော်
အသုံးဝင်ခဲ့တဲ့
ပုံဝတ္ထုလေးပဲ။
လူသားတွေ ရှိနေသရွေ့ စွဲမက်စရာ အာရုံသစ် တွေကတော့ ဆင့်ကဲဆင့်ကဲ ပေါ်နေမှာပဲ။ အဲဒီ
လူသားတွေ ရှိနေသရွေ့ စွဲမက်စရာ အာရုံသစ် တွေကတော့ ဆင့်ကဲဆင့်ကဲ ပေါ်နေမှာပဲ။ အဲဒီ
အာရုံသစ် တွေနဲ့အတူ လူတွေရဲ့ အလိုဆန္ဒ သစ်တွေကလည်း
ဆင့်ကဲဆင့်ကဲ ပေါ်နေမှာပဲ။
ဘာပဲပြောပြောအာရုံသစ်နဲ့ အလို ဆန္ဒသစ် ကြားမှာ ဖြေဆည်ရာ နှလုံးသွင်း တစ်ခုခု မရှိခဲ့ရင်
ကိုယ်တို့ဟာ အလို
ဆန္ဒသစ်ရဲ့ သားကောင်တွေ အဖြစ်နဲ့ပဲ လောက ဇာတ်ခုံပေါ်မှာ တစ်သံသရာလုံး က,
သွား
ကြရလိမ့်မယ်။ အဓိက ကတော့ အလို ဆန္ဒသစ်ရဲ့ သားကောင်တွေ မဖြစ်ဖို့ဘဲ။
အာရုံ သစ်တွေနဲ့ အလို ဆန္ဒသစ် တွေရဲ့ ကြားထဲမှာ ဖြေဆည်ရာ နှလုံးသွင်း တစ်ခုအနေနဲ့ တစ်ထောင့်
အာရုံ သစ်တွေနဲ့ အလို ဆန္ဒသစ် တွေရဲ့ ကြားထဲမှာ ဖြေဆည်ရာ နှလုံးသွင်း တစ်ခုအနေနဲ့ တစ်ထောင့်
တစ်နေရာက အကျိုးပြုနေတော့မှာပါ။
ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)
ပေါ်ပြုလာဂျာနယ်
၂၄-၉-၂၀၀၂။
No comments:
Post a Comment