marketing ဘာသာရပ်မှာ value proposition ဆိုတဲ့ ဝေါဟာရ တစ်ခုရှိတယ်..။ ကျွန်တော့်အကြိုက် ခပ်ကြမ်းကြမ်း ဘာသာပြန်ရရင်တော့ '' အဓိကကို မိအောင်ဖမ်း '' ဆိုတာကို အာတွေ့မိပါတယ်..။
ဈေးဝယ်သူတစ်ယောက်က.. ကုန်စုံဆိုင်တစ်ဆိုင်လာပြီး '' မီးသီးတစ်လုံးလောက် ရောင်းစမ်းပါ '' လို့ လာမေးတယ်..။ ဆိုင်ရှင်က မီးသီးကုန်နေလို့ '' မီးသီး ကုန်နေတယ် '' လို့ ဖြေရင်.. ဈေးဝယ်သူရဲ့  အဓိကလိုအပ်ချက်ကို မိအောင်မဖမ်းနိုင်ဘူးလို့ ပြောနိုင်တယ်။
မီးသီးလာဝယ်သူရဲ့  အဓိကလိုအပ်ချက်ဟာ.. မီးသီးမဟုတ်ဘဲ '' အလင်းရောင် '' သာဖြစ်တယ်..။ မီးသီးကို သူလိုချင်နေတာက အဲဒီမီးသီးက ပေးစွမ်းမယ့် အလင်းရောင်ကို ရချင်လို့ပဲ..။
ဒါကြောင့် မီးသီးကုန်နေသည့်တိုင်.. အလင်းရောင်ကို ပေးစွမ်းနိုင်တဲ့ တခြားပစ္စည်း အစားထိုးရောင်းနိုင်အောင် ဆိုင်ရှင်အနေနဲ့ ကြိုးပမ်းရမယ်လို့ သီအိုရီကတိုက်တွန်းတယ်..။
အဲဒီအမြင်ရှိမှ .. မီးသီးကုန်နေသော်ငြား- ဖယောင်းတိုင်တော့ရှိတယ်-မီးချော
တကယ်တော့ အဲဒီသဘောတရားက နေရာတကာ အသုံးချနိုင်ရင်ချနိုင်သလောက် သိပ်အသုံးဝင်တာ တွေ့ရတယ်..။
စက်ရုံတစ်ရုံက စက်လိုင်းထဲမှာ အခြောက်ခံစက်တစ်လုံးရှိတယ်..။ ထွက်လာတဲ့ပစ္စည်းတွေကို အခြောက်ခံဖို့အတွက် အပူကို ဒီဇယ်မီးဖိုနဲ့ ပေးတယ်။ အဲဒီ ဒီဇယ်မီးဖိုပျက်တော့.. စက်လိုင်းရပ်ရတယ်..။
စက်လိုင်း ဘာလို့ရပ်- ဒီဇယ်မီးဖိုပျက်လို့ ရပ်..။ ဒါကြောင့် စက်ပြန်လည်ချင်ရင် အဲဒီ ဒီဇယ်မီးဖို ပြင်ရမယ်လို့ အဖြေထွက်တယ်..။ တကယ်က.. စက်လည်ပတ်ဖို့ လိုအပ်နေတာဟာ.. ဒီဇယ်မီးဖိုမဟုတ်ဘူး..။ အဓိက လိုအပ်နေတာက.. အပူပဲ..။ ဒီဇယ်မီးဖိုဖြစ်ဖြစ်- ဂတ်စ်မီးဖိုဖြစ်ဖြစ်- တခြားဘာနဲ့ဖြစ်ဖြစ်.. လိုအပ်တဲ့အပူ ရရင် စက်ပြန်လည်လို့ ရပြီ..။
အဲဒီသဘောတရားကို နားလည်ရင်.. ဒီဇယ်မီးဖိုပြင်တာလဲပြင်- တခြားစွမ်းအင်တစ်ခုခုနဲ့ အပူလိုအပ်ချက်ကို အစားထိုးနိုင်ရင် စက်ပြန်လည်လို့ ရပြီဆိုတာ မြင်တတ်လာမယ်..။
ဆပ်ပြာခဲ စက်ရုံတစ်ရုံမှာ.. ဘူးခွံပဲပါပြီး အထဲက ဆပ်ပြာခဲမပါတဲ့ ပြဿနာတက်တော့ တချို့ စက်ရုံတွေက .. တကယ့်ခေတ်မီစက်ကိရိယာတွေ တီထွင်ပြီး အခွံကိုဖောက်ထွင်းကြည့်ရှု- အထဲက အခဲမပါရင် ဖယ်ထုတ်တယ်..။ ဂျပန်စက်ရုံများကတော့.. နောက်ဆုံးပိတ် packing မထုတ်ခင်မှာ.. အခဲမပါတဲ့ အခွံလွင့်ရုံမျှ.. ပန်ကာလေးတစ်လုံး ဆင်ထားလိုက်သတဲ့..။ အခဲမပါတဲ့ အခွံက ပေါ့တော့.. သူ့ဖာသာ လွင့်စင်ဖယ်ထုတ်ပြီးသား ဖြစ်သွားတယ်..။
အဲဒါကို soap-box theory ရယ်လို့ ကမ္ဘာမှာ ထင်ရှားတယ်..။ တကယ့်အဖြစ်အပျက်က ပေါ်ပေါက်လာတဲ့ သီအိုရီလို့ သိရတယ်။
ဒါများ လူတိုင်းအလွယ်ကလေး တွေးတတ်-ခေါ်တတ်တယ်လို့ မထင်နဲ့..။ လူတော်တော်များများဟာ.. အဓိကအထိ မြင်လေ့မရှိဘဲ- အပေါ်ယံကြော မျောသွားတတ်ကြတာ များတယ်..။
မီးနီရင်ရပ်-မီးစိမ်းရင်မောင်း-
မြန်မာစာ-မြန်မာစကား အသက်တမျှ တန်ဖိုးထားတဲ့ မြန်မာစာပါမောက္ခကြီး.. သူ့မိန်းမပြန်ပေးဆွဲခံရတယ်..။ ပြန်ပေးသမားများက စာ ကောင်းကောင်းမတတ်တော့..ပြန်ပေးေ
'' ခဘျား မိန်းမ အသပ် မသေခြင်ယင် ပိုက်စံတသိန်းနဲ့လာယွေး.. မယွေးသပ်ပမယ် ''
စာဖတ်ပြီး.. သတ်ပုံတွေဒင်းကြမ်းပြည့်မှားလို
တရုတ်စာ သမိုင်းမှာ ခက်အောင်ရေးမှ အရာဝင်တဲ့ ခေတ်တခေတ်ရှိခဲ့ဖူးသတဲ့..။ အဲဒီခေတ်မှာ တရုတ်စာပေဟာ.. တော်ရုံလူ လိုက်မမီနိုင်လောက်အောင်အထိ ခဲယဉ်းသွားခဲ့တယ်..။ ဂျပန်တွေကတော့.. သူတို့ရှေးစာ ခက်နေတာကို လွယ်အောင် ပြုပြင်ခဲ့ကြတယ်။
အာကာသ ထဲမှာ မြေဆွဲအား မရှိတော့.. အမေရိကန်အာကာသယာဉ်မှုးတွေ ဘော့ပင်နဲ့ စာရေးရင် မင်မထွက်တော့ အခက်ကြုံ ကြရတယ်..။ ကျွန်တော်တို့ရေးနေကျ ဘော့ပင်တွေက.. အောက်စိုက်ရေးရင် မင်က မြေဆွဲအားနဲ့ သူ့အလိုလိုကျတယ်..။ မြေဆွဲအား ဆန့်ကျင်ပြီး ထောင်ရေးရင် မင်က မထွက်တော့ဘူး မဟုတ်လား..။
အမေရိကန်တွေ အဲဒါနဲ့ အာကာသထဲမှာ.. စာရေးလို့ရတဲ့ ဘော့ပင်သက်သက်ထွင်ရတယ်..။ နောက်ဆုံး.. မြေဆွဲအားမဲ့ အာကာသထဲမှာ မှတ်တမ်းမှတ်ရာတွေ ရေးခြစ်နိုင်တဲ့ ဘော့ပင်ထွင်နိုင်သွားရော ဆိုပါတော့..။
အဲဒီတည်ထွင်မှုကို ကြုံကြိုက်လို့ အမေရိကန်အာကာသယာဉ်မှုးက.. ဆိုဗီယက်အာကာသယာဉ်မှုးကို ကြွားမေးမေးတယ်..။ '' ငါတို့က အာကာသထဲမှာ စာရေးလို့ရတဲ့ ဘော့ပင်ထွင်နိုင်လိုက်ပြီ.. မင်းတို့ရော.. အာကာသထဲမှာ စာဘယ်လိုရေးသလဲ '' တဲ့..။
ဆိုဗီယက်အာကာသယာဉ်မှုးက တစ်ခွန်းပဲ ပြန်ပြောတယ်..။ '' ငါတို့က ခဲတံနဲ့ ရေးနေတာ ကြာပေါ့ '' တဲ့..။
ဟုတ်-မဟုတ် သေချာမပြောနိုင်ပေမယ့်.. တခါတလေမှာ.. ဘော့ပင်နဲ့စာရေးနေကျမို့ အဲဒီဘောင်ထဲကမထွက်နိုင်ဘဲ ဘယ်နေရာမှာ ဖြစ်ဖြစ် ဘော့ပင်နဲ့ပဲ စာရေးဖို့ကို လုံးပမ်းရင်း.. မျောသွားတတ်ကြတာကို သတိပြုမိစေချင်လို့ အဲဒါကို ဆွဲယူကိုးကားလိုက်တာပဲ။ (တီထွင်နိုင်မှု ရှုထောင့်ကကြည့်ရင်တော့ တမျိုးပေါ့)
ဆိုတော့..
ဒီစာဟာ.. ဘ၀ထဲလျှောက်လှမ်းအံ့ဆဲဆဲ- လုပ်ငန်းခွင်ထဲ ၀င်အံ့ဆဲဆဲ- လူငယ်လူရွယ်တွေကို ရည်ရွယ်ပြီး ကိုယ့်အတွေ့အကြုံ နဲ့ယှဉ်- ကြားဖူးနားဝနဲ့ချိတ်ဆက် ပြီး အဓိကကို မြင်စေချင်လို့ ရေးတဲ့စာပါ..။
မျိုးဆက်သစ်များ တိုးတက်ရစ်စေချင်- တွေးတတ်ခေါ်တတ်စေချင် လွန်းတဲ့စိတ် အရင်းတည်ပါတယ်..။
( ဒါလေးများလို့ .. သိမြင်သဘောပေါက်-အတွေးမြင့်မား
No comments:
Post a Comment